KIO
-
May- 2025 -5 Mayသတင်း
KIO နှင့် PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီး ဖြစ်ကြောင်း TNLA ပြော
ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တို့အကြား အကြိုတွေ့ဆုံမှု လုပ်ဆောင်ပြီးကြောင်း မေလ ၄ ရက်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ…
Read More » -
Mar- 2025 -31 Marchသတင်း
ငလျင်ဘေးသင့် ပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်လို့ KIO ပြော
မြန်မာပြည်အလယ်ပိုင်းဒေသ ငလျင်ဒဏ်တဲ့ပြည်သူတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့ တတ်နိုင်တဲ့လမ်းကြောင်းကနေ ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အင်အားကြီး မြေငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းဒေသတွေမှာ မြို့၊ရွာများပျက်စီးသွားတဲ့အပြင် ပြည်သူလူထုများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ ပြန်လည်ထူထောင်ရေး…
Read More » -
24 Marchသတင်းဆောင်းပါး
အခွန် စနစ်တကျကောက်ခံဖို့ ဖားကန့် ပြည်သူများ တောင်းဆို
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အခွန်ကောက်ခံရာမှာ ပွင့်လင်းမြင်သာမှု နဲ့ စနစ်တကျဖြစ်မှုကို စံထားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။ လက်ရှိ ဖားကန့်ဒေသတွင်း KIO ကောက်ခံနေတဲ့ အခွန်အမျိုးအစားတွေထဲမှာ ကွမ်းယာဆိုင် ၊ စျေးဆိုင်၊…
Read More » -
19 Marchသတင်း
ချီဖွေမှာ တာဝန်ကျတဲ့ KIO အုပ်ချုပ်ရေးဝန်ထမ်းတွေ ပြည်သူကို ငဲ့ညာဖို့ တောင်းဆို
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တာဝန်ကျတဲ့ အုပ်ချုပ်ရေးတာဝန်ခံသူတွေအနေနဲ့ အရပ်သားဆက်ဆံရေးကို ကြိုးစားမြင့်တင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။ ချီဖွေမြို့ကို KIA သိမ်းပိုက်လိုက်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတာ ၆ လခန့်ကြာလာချိန် ဒေသအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရယူထားတဲ့ KIO အရာရှိတစ်ချို့ရဲ့ လုပ်ရပ်တွေအပေါ် ချီဖွေဒေသခံတွေက KNG သတင်းဌာနကို ပြောဆိုလာတာ ဖြစ်ပါတယ်။ အစိုးရ တာဝန်ခံတွေအနေနဲ့ အရပ်သားတွေ နဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကြမ်းတမ်းတဲ့…
Read More » -
14 Marchသတင်း
ခြံမြေသိမ်းယူနေမှုကို ရပ်တန့်ပေးဖို့ KIO တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဒေသခံတွေ တောင်းဆိုထား
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးမြို့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒေသအာဏာပိုင်တချို့က ဒေသခံတွေ ပိုင်ဆိုင်တဲ့ ဘာသာရေးနယ်မြေ အပါအဝင် ခြံမြေကို မြေကွက်ရိုက် ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။ ကောင်းခါးမြို့ ရပ်ကွက် ၂ ရှိ ဗုဒ္ဓသာသနာပိုင်နယ်မြေအပါအဝင် ရပ်ကွက် ၄ ရှိ ဒေသခံတွေရဲ့ ခြံမြေကို KIO ဒေသအာဏာပိုင် တွေက…
Read More » -
Feb- 2025 -12 Februaryသတင်း
ဘန်ရှောင် ကျေးရွာထဲ KIO ရုံးတည်ဆောက်မှုကို UWSA ကန့်ကွက်ပြီး၊ ဒေသခံတွေက UWSA ကို ပြန်လည်ကန့်ကွက်
လားရှိုးမြို့နယ်၊ မိုင်းယော် (Mungyaw) ကျေးရွာအနီး၊ ဘန်ရှောင်ကျေးရွာ (Bangshau mare) မှာ KIO ရုံးတည်ဆောက်မှုကို UWSA တပ်ဖွဲ့နဲ့ TNLA က တားဆီးပိတ်ပင်နေသလို ဘန်ရှောင်ဒေသခံတစ်ချို့ကလည်း UWSA ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာ မသိမ်းခင် ဂျာယန် ပြည်သူ့စစ်တပ်ဖွဲ့က ထိန်းချုပ်ခဲ့တဲ့ ဘန်ရှောင်ကျေးရွာကို ၂၀၂၃ ခုနှစ်ကတင်ပြီး ကျေးရွာ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး…
Read More » -
Jan- 2025 -31 Januaryသတင်း
လိုင်ဇာမြို့ကို စစ်တပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်လာ
ဗန်းမော်မြို့မှာ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်ကို အသေခံဒရုန်းအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ သံချပ်ကာတပ် နဲ့ အမြောက်တပ် နှစ်ခု လက်လွှတ်လိုက်ရပြီးနောက်ပိုင်း လိုင်ဇာမြို့နဲ့ ဌာနချုပ်ဟောင်း Laisin နေရာတွေကို ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လိုင်ဇာ…
Read More » -
Dec- 2024 -9 Decemberသတင်း
ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္က ဗိုလ်ချူပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၈ ရက်နေ့ မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရင်းအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “KIO က တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော် သွားတော့သွားလိုက်တယ် မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်။”လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်တွင်းရှိ တရုတ်–မြန်မာနယ်စပ်တစ်ကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIAထိန်းချူပ်ထားပြီး လက်ရှိ ဗန်းမော်မြို့နဲ့မံစီမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ ခုလို KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်တာဟာ ဗန်းမော်တိုက်ပွဲရပ်တန့်ပေးဖို့ ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ဖို့ ညှိနှိုင်းတာလည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့ကချင်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက ခုလိုပြောပါတယ်။ “အကြောင်းအရင်းက ၂ ခုဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံးဖွင့်မယ့်ကိစ္စတိုင်ပင်လာနိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ ဒါပေမယ့် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးအင်ဖန်နော်ဘူပြောတာက တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကြား တစ်လ(သို့မဟုတ်) ၂ လ တစ်ကြိမ် ပုံမှန်တွေ့ဆုံမှုသာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကချင်အထူးဒေသ (၁) နယ်မြေမသိမ်းပိုက်ခင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်ဘက်က တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KIA က တရုတ်ဖိအားတွေကြား မြေရှားသတ္တုထွက်ရှိရာ ကချင်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စတဲ့နယ်စပ်ကုန်သွယ်ရေး ဒေသအားလုံး သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကစ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့ကို ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် လားရှိုးမြို့အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီ ဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တစ်ဖက်က တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့ တို့ဟာ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရန် တပ်ဖွဲ့နှစ်ဖွဲ့လုံး ထုတ်ပြန်စာအသီးသီး ထုတ်ပြန်ထားပြီလည်း ဖြစ်ပါတယ်။ တရုတ်– မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာ မလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Oct- 2024 -31 Octoberသတင်း
ဖီမော် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA တိုက်ခိုက်
ကချင်အထူးဒေသ (၁) နယ်မြေက ဖီမော်မြို့စောင့်တပ် ၁၀၀၁ တပ်စခန်းမှာအောက်တိုဘာလ ၃၀ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ ၁၀၀၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပြီး ဒီကနေ့မနက်ပိုင်း…
Read More » -
Sep- 2024 -20 Septemberသတင်း
ရန်နိုင်မင်း စစ်ဆင်ရေးစတင်လာတဲ့အတွက် ပြည်သူတွေစစ်ရေးအထူးသတိရှိကြဖို့ KIO ပြော
ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ရေးအထူးသတိရှိကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ…
Read More »









