,
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်ရန်အတွက် မြစ်ကြီးနားသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ ဒေါက်တာ M Kawn La ကို မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုအဖြစ် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုထားသောကြောင့် အမှုရင်ဆိုင်ရန် မေလ ၉ရက်နေ့တွင်
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှ ယနေ့ မတ် ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်ကြောင်းသိရသည်။ “တရားရုံးကနေ ထောင်ဒဏ် ၂နှစ်ဆိုပြီး ချမှတ်လိုက်တယ်။ သူ့ကိုထောင်ဒဏ်ချမှတ်တဲ့ ပုဒ်မ က ၅၀၅(က)ဖြစ်တယ်။ လျှော့ရက်က ၇လ လောက်ပါတယ်လို့ ပြောတယ်” ဟု KNC ပါတီဘက်မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောဆိုခဲ့သည်။