,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဒေါက်တာ M Kawn La ကို မြစ်ကြီးနားတွင် ထပ်မံ တရားရင်ဆိုင်ရန် ပို့ဆောင်

ဒေါက်တာကောန်လ KNC ဥက္ကဋ္ဌ

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ကချင်ပြည်နယ် မြစ်ကြီးနားတွင် ထပ်မံတရားစွဲဆိုထားသဖြင့် တရားရင်ဆိုင်ရန်အတွက် မြစ်ကြီးနားသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာ M Kawn La ကို မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုအဖြစ် ၅၀၅(က)ဖြင့် ထပ်မံတရားစွဲဆိုထားသောကြောင့် အမှုရင်ဆိုင်ရန် မေလ ၉ရက်နေ့တွင် နေပြည်တော်မှ မြစ်ကြီးနားသို့ ပို့ဆောင်ထားကြောင်း KNC ပါတီဘက်မှ ပြောဆိုခွင့်ရှိသူ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
“မနေ့က နေပြည်တော်ကနေ ရောက်လာတာဟုတ်တယ်။ အခုက မြို့နယ်ရဲစန်းမှာ ချုပ်ထားတယ်။ ဒီကနေ့ကတော့ နေပြည်တော်ကနေမြစ်ကြီးနားကိုအမှုပြောင်းအမှုလွဲလုပ်မှာဖြစ်တယ်။အခုအခြေအနေကအမှုစွဲထားတာကိုထပ်မံရင်ဆိုင်ဖို့ဖြစ်တယ်။ ကျန်တာကတော့ သူတို့ရဲ့ လုပ်ဆောင်ချက်အတိုင်းသွားဖို့ဘဲဖြစ်တယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် ဒေါက်တာ M Kawn La ကို မြစ်ကြီးနား အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယနေ့ မြို့နယ်တရားရုံးတွင် အမှုပြောင်းအလွှဲပြုလုပ်ပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ထားမည်ဖြစ်ကြောင်း ပါတီဘက်က တာဝန်ရှိသူများပြောဆိုချက်မှ သိရသည်။
KNC ဥက္ကဋ္ဌ ဒေါက်တာ M Kawn La ကို ပြီးခဲ့သော မတ်လ ၂၃ရက်နေ့ နေပြည်တော်တွင် ထောင်ဒဏ် ၂နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အမှုပြီးပြတ်သေးခြင်းမရှိ သေးဘဲ မြစ်ကြီးနားတွင် ထပ်မံတရားစွဲထားသဖြင့် အမှုရင်ဆိုင်ရန် မြစ်ကြီးနားကို ပို့ဆောင်ထားခြင်းဖြစ်သည်။
မြစ်ကြီးနားတွင် စွဲဆိုထားသည့်အမှုသည် နေပြည်တော်တွင် ဖမ်းဆီးခံခဲ့ရသော ဩဂုတ်လ ၂၅ ရက်နေ့ နောက်တစ်ရက် ၂၆ ရက်နေ့တွင် စစ်တပ်ဘက်ကနေ ၅၀၅(က)ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ M Kawn La သည် ပြီးခဲ့သော ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ရနေ့မွန်လွှဲ ၃နာရီဝန်းကျင်ခန့် နေပြည်တော်တွင် ဖမ်းဆီးခံလိုက်ရပြီး ၇ လခန့်အကြာဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် မတ်လ ၂၃ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

Read Previous

“ပြည်သူအားပေး ထောက်ခံတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ဖို့က အရမ်းအရေးကြီးတယ်။” မေးမြန်းချက်

Read Next

အင်းတော်နယ်တွင် စစ်ကောင်စီယာဥ်တန်းကားရှစ်စီးမိုင်းဆွဲခံရ၊ တစ်စီးမိုင်းထိပျက်စီး

Leave a Reply

Your email address will not be published.