NUG
-
May- 2026 -5 Mayသတင်း
ပြည်သူ့လုံခြုံရေးနဲ့နည်းဗျူဟာကြောင့် နယ်မြေတစ်ချို့ဆုတ်ခွာခဲ့ရတယ်လို့ NUG ပြော
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လတ်တလော မြေပြင်တိုက်ပွဲအခြေအနေတွေမှာ ပြည်သူလုံခြုံရေးနဲ့ စစ်ရေးနည်းဗျူဟာအရ လိုအပ်လာတာတွေကြောင့် တချို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ ယာယီဆုတ်ခွာမှုတွေလုပ်ခဲ့ရတယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းကပြောပါတယ်။
Read More » -
Apr- 2026 -28 Aprilသတင်း
အင်းတော်မြို့ကိုဦးတည်နေတဲ့ စစ်တပ် နဘားလမ်းဆုံအနီးရောက်လာ
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကိုဦးတည်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်နဘားလမ်းဆုံအနီး နတ်ပေါက်ဆင်စခန်းအထိရောက်ရှိလာပြီလို့ သိရပါတယ်။
Read More » -
7 Aprilအင်တာဗျူး
မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲစေဖို့ SCEF က ဘယ်လောက်ထိအရေးပါနိုင်လဲ
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ တရားမဝင်ရွေးကောက်ပွဲကျင်းပပြီးနောက် လက်ရှိမှာတော့ တရားမဝင်အရပ်သားအစိုးရအဖွဲ့ကိုလည်း စတင်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။ တစ်ဖက်မှာတော့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ထွန်းရေး ဦးဆောင်ကောင်စီတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ ဦးဆောင်ကောင်စီကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကချင်အမျိုးသားအစည်းအရုံး(KNU)၊…
Read More » -
Mar- 2026 -31 Marchသတင်း
ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော
စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ၃ လရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်နေ့မှာတော့ ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကာကွယ်ရေးတပ်ဘက်က နောက်ဆုတ်သွားပြီဆိုတဲ့အကြောင်း လူမူကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်လာတာပါ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာကာကွယ်ရေးတပ်တွေကို KNG က မေးမြန်းရာမှာ ဒီသတင်းဟာမှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းနဲ့ စစ်ရေးအရ ခနတာနောက်ဆုတ်ထားရတဲ့အခြေနေမှာရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ “စစ်ရေးအရ ဆုတ်လိုက်တက်လိုက်ပါပဲ ဟိုလိုကြီးတပ်ဆုတ်သွားတာမရှိပါဘူး။ ဒါကသတင်းမှားသာဖြစ်တယ် ကျနော်တို့လည်း အဖက်ဖက်ကနေရင်းထားရတာလေ လွယ်လွယ်နဲ့နောက်ဆုတ်မလား မြို့သိမ်းတိုက်ပွဲရတဲ့အထိ တိုက်သွားမှာ”လို့ ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ မတ်လ ၃၁ ရက်နေ့အထိ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ကာကွယ်ရေးတပ်တွေရရှိထားတဲ့ နေရာတစ်ချို့ကို စစ်တပ်ကပြန်လည်ရယူထားတာကြောင့် ဝါဒဖြန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့ပေါ်ဟာ မြို့ပေါ် ရပ်ကွက် ၁၁ ခု မြို့နယ်အတွင်းကျေးရွာ ၂၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာတော့ မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်တပ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၂၀ ရက်နေ့မှာတော့ ကသာမြို့မှာ စစ်တပ်ရဲ့ အဓိက တပ်ရင်းဖြစ်တဲ့ ခမရ– ၃၀၉ကို ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဟာ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းလေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် မြို့ထဲကျန်နေသေးတဲ့ပြည်သူတွေအနေနဲ့ဖြစ်နိုင်ရင် တိမ်းရှောင်ကြဖို့ ကာကွယ်ရေးတပ်က အကြိမ်ကြိမ်သတိပေးနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်ကစပြီး ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဟာ ပြည်သူတွေကို နေရပ်ပြန်လာဖို့ စစ်တပ်က တစ်ဖက်လှည့်နဲ့ခေါ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်ပြောပါတယ်။ “ခုက တိုက်ပွဲကငြိမ်သွားတာမဟုတ်ဘူး ဖြစ်နိုင်ရင် ဒီလိုသတင်းတွေကို ပြည်သူယုံပြီး မြို့ထဲပြန်လာကြမှာစိုးရိမ်တယ် ဖြစ်နိုင်ရင်နေရပ်ပြန်တာတွေမလုပ်ဖို့ လိုတယ်”လို့ နောက်ထပ် ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ စစ်ကိုင်း–ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကသာမြို့ဟာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းကနေ ဝင်ရောက်နိုင်ပြီး စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော်(ABSDF)၊ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။…
Read More » -
Jan- 2026 -13 Januaryသတင်း
ကသာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့မီးလောင်နေ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ရဲ့ ခမရ ၃၀၉ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့စွန်ရပ်ကွက်၊ကျေးရွာတစ်ချို့မှာ နေအိမ်မီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ရက်ပေါင်း ၁၉ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီမနက်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့ရဲ့မြောက်ဖက်ရှိ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာရှိနေအိမ်တစ်ချို့ မီးလောင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီမနက် ၁၁ နာရီလောက်ကနေ ပစ်နေတာ ခုကသာမြို့ မြောက်ဖက် မိုးတားလေးရွာဘက်သွားတဲ့လမ်းမှာရှိတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာဘက် အိမ်တွေမီးလောင်နေတယ် မီးခိုးတွေလည်း အလိပ်လိုက်ကိုမြင်နေရတယ်။ ဘယ်လောက်ထိလောင်သွားပြီလဲဆိုတာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်နေတဲ့ စေတီကုန်းရွာ၊ ပိန္နဲကုန်းရွာတွေဟာ မြို့နဲ့တစ်ဆက်တည်းရှိပြီး ရပ်ကွက်အနေနဲ့ဆို ရပ်ကွက် (၈) ဧရိယာမှာရှိကာ ကသာမြို့တွင်းကနေ ဆိုင်ကယ်နဲ့ ၁၀ မိနစ် ခန့်သွားရတဲ့နေရာမှာရှိတဲ့ ရပ်ကွက်၊ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုအခြေနေကိုတော့ အသေးစိတ်မသိရသေးသလို ထိခိုက်ဒဏ်ရာရသူရှိ မရှိကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် ဒီမနက်လက်နက်ကြီးပစ်ခတ်နေတဲ့အချိန်အတွင်းမှာပဲ စစ်တပ်ဘက်က Y8 လေယာဉ်နဲ့ ခမရ ၃၀၉ တပ်ထဲကို ရိက္ခာ၊လက်နက်ခဲယမ်းတွေလည်း ၂ ကြိမ်လာပို့သွားတယ်လို့ သိရပါတယ်။ “ဒီမနက် ခမရ ၃၀၉ ထဲကိုလည်း ရိက္ခာတွေလာချသွားတယ် သူတို့က လေကြောင်းအသုံးပြုပြီး ရိက္ခာ၊လက်နက်ခဲယမ်းတွေသယ်နေတာ။ တိုက်ပွဲက ပစ်လိုက်၊နားလိုက်ပဲ နားတယ်ဆိုတာ ဟိုလိုကြီးနားသွားတာမဟုတ်ဘူး နေ့တိုင်းလိုလိုဖြစ်နေတာ မနေ့ကဆိုတစ်နေ့လုံးပစ်ကြတာဟုတ်တယ်”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ခုလိုပြောပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အသေခံဒရုန်းအသုံးပြုမှု အလွန်အကျွံသုံးနေပြီး ကသာမြို့အနီးကျေးရွာတွေဘက်ကို လေကြောင်းနဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တွေလည်းပုံမှန်ရှိနေတဲ့အတွက် ပြည်သူတွေသတိထားနေကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေဆိုပါတယ်။ KNG ရဲ့နောက်ဆုံးရရှိထားတဲ့အခြေနေအရ ကသာမြို့နယ်ရဲ့နောက်ဘက် ကြံတော၊ပြည်သာယာရပ်ကွက်ရှိ ကသာမြို့စောင့်တပ် ခမရ ၃၀၉ တပ်က ခံစစ်ဌာနချုပ်အဖြစ်ခုခံနေသလို ရဲစခန်း၊ထွေအုပ်ရုံးနဲ့ မြို့ပေါ်ရပ်ကွက် တစ်ချို့ကိုသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့အစွန်ရပ်ကွက်နဲ့ ကျေးရွာတွေဘက်ကိုတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။ ကသာမြို့မှာ ရပ်ကွက် ၁၁ ခု၊ ကျေးရွာ ၂၀၀ နီးပါးခန့်ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်သလို ကုန်းကြောင်း၊ရေကြောင်းအချက်ချာကျတဲ့မြို့ဖြစ်ပါတယ်။ ကသာမြို့ ဒေသခံတွေကတော့ ဒီဇင်ဘာလဆန်းပိုင်းမှာ ကသာမြို့သိမ်းတိုက်ပွဲစတင်လာတော့မယ့်အကြောင်း သတင်းတွေထွက်ပေါ်လာချိန်နဲ့ မြို့သိမ်းတိုက်ပွဲစတင်လာချိန်ကစပြီး အများပိုင်းနေရပ်စွန့်ခွာသွားသူတွေရှိသလို မြို့တွင်းရပ်ကွက်တစ်ချို့မှာ ကျန်ရှိသေးတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ NUG အစိုးရ လက်အောက်ခံတပ်များနှင့် ပူးပေါင်းတပ်များက မကြာခဏဆိုသလို အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကိုင်း– ကချင် အစပ်မှာ တဆက်တည်းရှိနေတဲ့ မော်လူး၊ အင်းတော်၊ ဗန်းမောက်မြို့တွေကိုထိန်းချုပ်ထားပြီး ကသာမြို့ကိုပါ သိမ်းယူဖို့ ဆက်ပြီးထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိ ကသာမြို့ဟာ ဒုတိယကမ္ဘာစစ်၊ ကိုလိုနီခေတ်က အင်္ဂလိပ်အရေးပိုင်မင်းတွေ ခရိုင်ရုံးစိုက်ခဲ့တဲ့ ခရိုင်မြို့ကြီးဖြစ်ခဲ့သလို ဒီနေ့ထိ နှစ်ရာကျော်ရှိကိုလိုနီအိမ်ကြီးတွေလည်း အများအပြားရှိနေတဲ့အပြင် သမိုင်းဝင်စေတီပုထိုးအဆောက်အဦးတွေများစွာရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ By – Zami
Read More » -
9 Januaryသတင်း
မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော
စစ်ကော်မရှင်က အကော်အထည်ဖော်ဖို့လုပ်နေတဲ့ မြစ်ဆုံစီမံကိန်းရပ်တန့်ရေးအတွက် တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ ပြည်သူလူထုနဲ့သတင်းစကားပြောကြားခြင်း အစီအစဥ်မှာ ဦးနေဘုန်းလတ်က အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။ “အခုလိုအချိန်မှာ မြစ်ဆုံစီမံကိန်းကိုပြန်စဖို့ကြိုးစားတာဟာ ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့နှလုံးသားကို ထိုးကျွေး လိုက်တာပဲဖြစ်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးအနေနဲ့ ပြည်သူ့အသံကိုနာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေးမဟာမိတ်များနဲ့ပူးပေါင်းပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအသိပေးပြောကြားလိုပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ချုပ်ဆိုတဲ့ ဘယ်လိုစီးပွားရေးစာချုပ်မဆို အတည်ဖြစ်မှာမဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုနဲ့နစ်နာမှုတွေက လည်း စစ်အုပ်စုနဲ့ ရင်းနှီးမြုပ်နှံသူတွေရဲ့တာဝန်သာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဆယ်စုနှစ်တစ်ကြာ လူထုရဲ့ဆန့်ကျင်တာကြောင့် ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်းကို အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ပြန်လည်စတင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်းစတင်ဖို့ ပြင်ဆင်ထားချက်တွေကို ချပြခဲ့ပြီး ဆောက်လုပ်မယ့်ဆည်ရဲ့အမြင့်ကိုလျော့ချကာ ပြီးခဲ့တဲ့စစ်ကိုင်းငလျင်ထက်ခံနိုင်ရည်ရှိတဲ့ ပမာဏကိုဆာက်လုပ်သွားမယ်လို့သိရပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်ဒေသခံတွေအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းကပြည်သူတွေကတော့ မြစ်ဆုံစီမံကိန်းပြန်လည်စတင်မှာကို ကန့်ကွက်နေကြဆဲဖြစ်ပါတယ်။ “အရင်ကတည်းက ဒီမြစ်ဆုံစီမံကိန်းကို ကန့်ကွက်နေကြတာဟုတ်တယ်။ အားလုံး ကန့်ကွက်နေတဲ့ ကြားမှာတော့ စစ်တပ်က စီမံကိန်းအကောင်းအထည်ဖော်နိုင်မယ်လို့တော့ မထင်ဘူး။ ဖြစ်လည်း ဖြစ်မြောက်လာမှာမဟုတ်ပါဘူး။ ဒီမြစ်ဆုံဆိုတာက ကချင်ပြည်နယ်နဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ အားလုံးနဲ့ဆိုင်တယ် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့် ဒါကို အားလုံးဝိုင်းဝန်း ကာကွယ်ရမယ်။ ကျမတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူအားလုံး၊ ကချင်ပြည်သူအားလုံး ဒါကို ဝိုင်းဝန်းကန့်ကွက် ကာကွယ်သွားကြရမယ်။ စည်းလုံးညီညွှတ်စွာ ဝိုင်းကန့်ကွက် ကာကွယ်နိုင်မယ်ဆိုရင်တော့ အောင်မြင်စွာ ကန့်ကွက်နိုင်လိမ့်မယ်”လို့မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်တပ်ကတော့ အပိုင်း ၃ ပိုင်းနဲ့ကျင်းပနေတဲ့ ရွေးကောက်ပွဲအပြီးမှာ မြစ်ဆုံးစီမံကိန်းကိုပြန်စဖို့ ပြင်ဆင် နေတာဖြစ်ပြီး စစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့လုပ်နေတဲ့ လုပ်ငန်းတွေကို ကန့်ကွက်သူမှန်သမျှကို သက်ဆိုင်ရာတည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ကစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဦးဆောင် အဖွဲ့ကိုဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး ဆုံးဖြတ်ချက်အပါအဝင် လုပ်ငန်းများဆောင် ရွက်ဖို့ညွှန်ကြားထားပါတယ်။ By – အမိုး
Read More » -
Dec- 2025 -29 Decemberသတင်း
ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်
လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ ဒီဇင်ဘာလ…
Read More » -
5 Decemberသတင်း
အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့် မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် NUG အစိုးကရလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ မီးကြိုး၊ဓာတ်တိုင်၊ ထရန်စဖောမာတွေကိုပြုပြင်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ယူခဲ့တာလို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။ “အိမ်သုံးဆိုရင် တစ်အိမ်ထောင်ငါးသောင်းကောက်တယ် ပြီးတော့ လုပ်ငန်းသုံး ဆီစက်၊ဆန်ဆက်လိုမျိုးဆိုရင် လုပ်ငန်းတစ်ခုကို ငါးသိန်းကောက်ပါတယ်။ ဒါပေမယ့်မီးကပြင်တော့ပြင်တယ် အခုထိမီးကမရသေးတော့ပြည်သူတွေက အရမ်းဝေဖန်ကြတော့ပြန်အမ်းပေးကြတယ် အပြည့်တော့ပြန်မအမ်းဘူးတဲ့”လို့ သူကပြောပါတယ်။ NUG အစိုးရလက်အောက်ခံလျှပ်စစ်ဝန်ထမ်းတွေက လျှပ်စစ်မီးပြုပြင်ဖို့ တစ်အိမ်ထောင်(အိမ်သုံး) ကျပ်ငါးသောင်းနဲ့ လုပ်ငန်းသုံး ကျပ်ငါးသိန်းအထိကောက်ယူခဲ့ပြီး မီးပြန်မရလို့ပြန်အမ်းရမှာတော့ တစ်အိမ်ထောင်(အိမ်သုံး)ကျပ်ငါးသောင်းအစား ကျပ်နှစ်သောင်းခွဲ၊လုပ်ငန်းသုံးကျပ်ငါးသိန်း ပြန်အမ်းငွေ ကျပ်နှစ်သိန်းခွဲသာ ပြန်အမ်းတယ်လို့သိရပါတယ်။ “ပြန်အမ်းတာ အကုန်တော့ပြန်မရကြသေးဘူးအိမ်ထောင်စုအနည်းအကျဥ်းပဲ ပြန်ရတယ် အများစုက ပြန်မရသေးဘူးတဲ့ ပြီးတော့အပြည့်လည်းပြန်မအမ်းဘူး တစ်ဝက်ပဲ ကျန်တဲ့တစ်ဝက်က ပြန်အမ်းမလားမအမ်းဘူးလာမသိရသေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ Indaw Revilution -IR ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာထုတ်ပြန်ထားချက်အရ ယခုနှစ်မေလအထိ မော်လူးတမြို့နယ်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖိုး ကောက်ခံရရှိငွေ ၃၉၀,၈၅၀,၀၀၀(သိန်းပေါင်း သုံးထောင့် ကိုးရာ ရှစ်သိန်း ငါးသောင်း) အထိရရှိခဲ့ပြီးအဲ့ဒီထဲက မေလကနေ ယခု နိုဝင်ဘာလအထိ ၇ လအတွင်း မီးပြင်စရိတ် ၁၇၆,၄၉၀,၃၀၀(သိန်း တထောင့် ခုနှစ်ရာ ခြောက်ဆယ့်လေးသိန်းကိုးသောင်းသုံးရာ)ကျပ် သုံးစွဲခဲ့တယ်လို့သိရပါတယ်။ အထက်ဖော်ပြပါစာရင်းဟာ မော်လူးတစ်မြို့နယ်ထဲက ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကောက်ခံရရှိခဲ့တဲ့စာရင်းကိုသိရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။ မော်လူးမြို့နယ်ထက် အင်းတော်မြို့နယ်ဟာ ကျေးရွာအုပ်စုနဲ့ အိမ်ထောင်စုပိုများကြောင်းလည်းသိရပါတယ်။ အင်းတော်မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရသလောက် လျှပ်စစ်မီးပြုပြင်ဖို့ ငွေကြေးကောက်ခံတဲ့ကိစ္စဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆောင်ရွက်တာမဟုတ်ပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက ဆောက်ရွက်တာလို့သိရပါတယ်။ အခုလို လျှပ်စစ်မီးပြန်ရရှိရေးအတွက် ငွေကြေးကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးပြန်မရတာ၊ ငွေပြန်အမ်းရာမှာလေးအပြည့်ပြန်မအမ်းတဲ့ကိစ္စတွေကြောင့်အင်းတော်နဲ့မော်လူးပြည်သူတွေဟာ NUG အစိုးရကိုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမော်လူးနဲ့အင်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။ မော်လူးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2025 -12 Novemberသတင်း
လစ်လပ်သွားတဲ့ အင်းတော်မြို့နယ် (ပအဖ)တာဝန်ခံကို NUG အစိုးရကတိုက်ရိုက်ခန့်အပ်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံနေရာကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ အကြီးအကဲတွေက တိုက်ရိုက်ခန့်အပ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့( ပအဖ)တာဝန်ခံနေရာကို မြို့နယ်အတွင်းရှိနေတဲ့ ဌာနဆိုင်ရာတာဝန်ခံတွေထဲကဘဲ သတ်မှတ်ကာ…
Read More » -
Aug- 2025 -12 Augustသတင်း
စစ်သင်္ဘောကနေထွက်ပြေးလာတဲ့ ဒုရဲအုပ်နဲ့စစ်မှုထမ်း ၂ ဦးကို NUG ထိန်းသိမ်းထား
ကချင်ပြည်နယ်ဗန်းမော်ကိုရောက်လာတဲ့ စစ်သင်္ဘောတွေနဲ့အတူပါလာတဲ့ ဒုရဲအုပ်အပါအဝင် အဓ္ဓမလူသစ်စုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်း ၂ဦးကိုအမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံတပ်တွေကထိန်းသိမ်းစောက်ရှောက်ထားတယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင်…
Read More »









