-
May- 2024 -27 Mayသတင်း
ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။ အဲဒီရွာတွေဟာ ဟုမ္မလင်းအထက်ဘက် ချင်းတွင်းမြစ်တစ်ကြောမှာရှိတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ်…
Read More » -
Feb- 2024 -27 Februaryသတင်း
တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း)…
Read More » -
7 Februaryသတင်း
KIA နဲ့ PDF ပူးပေါင်းတပ်တွေက ၄ လအတွင်း စစ်တပ်ရဲ့ စခန်းကြီး၊ငယ် ၃၀ ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထား
KNG ကချင်သတင်းဌာနက စုံစမ်းသိရှိရသလောက် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ၄ လ အတွင်း ကချင်ပြည်မှာ KIA သိမ်းယူနိုင်ခဲ့တဲ့စခန်းတွေကတော့ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်က လိုင်လုံအောင်ဂျာစစ်တပ်၊ ကန်တော်ယန်စခန်း၊ တာလောကြီးပြည်သူ့စစ်စခန်းတွေအပါအဝင် ရွှေကူဒေသက စစ်တပ်စခန်း ၂ ခုနဲ့ ဖားကန့်ဒေသမှာတော့ ဆယ်ဇင်းစစ်ကောင်စီတပ်စခန်း ၃ ခုနဲ့ ဝှေခါစစ်ကောင်စီစခန်းတွေဖြစ်ပါတယ်။
Read More » -
Jan- 2024 -19 Januaryသတင်း
ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2023 -27 Novemberသတင်း
မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ ဈေးဆိုင်တစ်ချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး ဆိုင်တစ်ချိုင်မှာ ငွေကျပ် ၇ သိန်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ချို့က ပြောပါတယ်။ “အခွန်လာဆောင်ပါလို့ပြောတယ် ဘယ်ကလဲဆိုတော့ PDFကလို့ပြောတယ် ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ် ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ ဆိုင်နဲ့မို့ လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင်လာယူပါပြောတော့ kpay ကနေဘဲပြန်ပို့ခိုင်းတယ် နောက်တော့ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက်ရောင်းရသမျှKpayကနေ ၁သိန်းကျော်လွဲပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်ရှင်တွေအနေနဲ့တောင်းထားတဲ့ ငွေပမာဏကို လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချိုကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီးလာပေးဖို့ထိပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။ အလားတူ ရှမ်းစုမြောက်ဘက်က ဈေးဆိုင်တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။…
Read More » -
Jul- 2023 -13 Julyသတင်း
မြစ်ကြီးနားမြို့ကလုပ်ငန်းရှင်တချို့ကို PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံမူတွေရှိနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လုပ်ငန်းရှင်တချို့ကို အမည်မသိတဲ့လူတစ်ချို့က PDFအမည်ခံပြီး ဖုန်းကနေတစ်ဆင့် ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ အမည်မသိဖုန်းနံပါတ်တွေနဲ့ ဖုန်းဆက်တာ၊မက်ဆေ့ချ်ကနေတစ်ဆင့် အကောင့်ထဲကို ငွေလွှဲပေးရမယ် လို့ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံလာတယ်လို့ မြစ်ကြီးနားကလုပ်ငန်းရှင်တစ်ဦး ခုလိုပြောပါတယ်။ “ည၉နာရီလောက်ကို ဖုန်းခေါ်လာတာ ကျနော်က အိပ်ခါနီးပြီဆိုတော့ ဖုန်းကမကိုင်မိလိုက်ဘူး ကျနော်က ပြန်ခေါ်လိုက်တာ ပြန်ခေါ်တော့ ဖုန်းမခေါ်နဲ့…
Read More » -
Jun- 2023 -26 Juneသတင်း
ဆားတောင်တွင် PDF တပ်ဖွဲ့ဝင် ၂ ဦးပစ်သတ်ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်ဝင် PDF တပ်သား၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ သတ်ဖြတ်ခံရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးသည် ဆားတောင်မြို့မစျေးအနီးရှိ မိုဘိုင်းလ်ဖုန်းဆိုင်းတစ်ခုတွင် ဖုန်းသွားဝယ်ခဲ့စဉ် ပျုစောထီး ၂…
Read More » -
May- 2023 -30 Mayဆောင်းပါး
သေရာပါမယ့် နာကျည်းချက်များစွာနဲ့ အမေအို
အသက် ၆၀ နှစ်အရွယ် ဒေါ်တိုးဟာ သမီးလေး ဖမ်းဆီးခံလိုက်ရတဲ့အဖြစ်ဆိုးကို တစ်ပိုင်းတစ်စပြောနေရင်းမှာဘဲ ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ငိုချလိုက်ပါတော့တယ်။ စကားတောင် ဆက်မပြောနိုင်တော့ပဲ ရှိုက်ကြီးတငင်ငိုနေတဲ့ ဒေါ်တိုးဟာ ခနအကြာမှာတော့ စီးကျနေတဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ပြီး “ ဒီစစ်တပ်ကို သေတဲ့ထိ…
Read More » -
18 Mayသတင်း
ဗန်းမော်တွင် PDF တစ်ဦး စစ်တပ်အောက်ရောက် သွားပြီးနောက် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေ
ကချင်ပြည်နယ် ဗန်းမော်မြို့ မြေနုရပ်ကွက်တွင် နေထိုင်သည့် PDF လူငယ်တစ်ဦးသည် စစ်ကောင်စီ လက်အောက်သို့ ရောက်ရှိသွားပြီးနောက် စစ်ကောင်စီတပ်သည် ဗန်းမော်မြို့အတွင်း PDF နှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် မေလ ၉…
Read More » -
12 Mayအင်တာဗျူး
PDF တွေ ဥပဒေဘောင်အတွင်း ပြန်ဝင်လာဖို့ ဆုကြေးငွေများနဲ့ မက်လုံးပေးစည်းရုံးတဲ့အပေါ် ကချင်ပြည်နယ်မှာရှိတဲ့ PDF တွေ ဘာပြောလဲ
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ စစ်တပ်ပိုင်ရုပ်သံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ PDF တွေနဲ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို မေလ ၉ ရက်နေ့က စတင်ပြီးတော့ ပြည်နယ် နေရာတချို့မှာ ထုတ်ပြန်လာပါတယ်။ ဒီထုတ်ပြန်ချက်မှာ PDF တွေအပါအဝင် အကြမ်းဖက်အဖွဲ့ထဲရောက်နေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာဖို့နဲ့ လက်နက်ခဲယမ်းများပါရှိပါက…
Read More »