-
May- 2023 -12 Mayသတင်း
KIA ၊ PDF နှင့် ပတ်သက်သူများကို ဖမ်းဆီးရမိပါက ပြစ်ဒဏ်ချမှတ်ခြင်းမရှိတော့ဘဲ ပစ်သတ်ရန် ဖားကန့်တပ်မမှုး ညွှန်ကြားထား
ဖားကန့်မြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF များအပြင်၊ ပတ်သက်ဆက်နွယ်သူများကို ဖမ်းဆီးရမိပါက ယခင်ကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းမရှိတော့ဘဲ ချက်ချင်းပစ်သတ်ရန် ဖားကန့်မြို့သို့ အသစ်ပြောင်းလာသော တပ်မမှုးက ညွှန်ကြားထားသည်ဟု ဒေသခံများထံမှ သိရသည်။ ယခုနှစ် မတ်လကုန်ပိုင်းတွင် အသစ်ပြောင်းလာသည့် တပ်မမှုးသည် အထက်အမိန့်အရဆိုကာ KIA ၊ PDF များအပြင် ပတ်သက်ဆက်နွယ်သူများအား ဖမ်းဆီးရမိပါက…
Read More » -
11 Mayသတင်း
ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီ တပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပစ်ခတ်မှုဖြင့် သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အနောက်ခြမ်း ခင်ဦး–ရေဦးလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား၂ဦးကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် မူးတိမ်ချောင်တံတားအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏…
Read More » -
11 Mayသတင်း
ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး
ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား…
Read More » -
5 Mayသတင်း
PDF ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် ကချင်ဒေသ PDF တပ်ဖွဲ့ဝင်တွေရဲ့ ရင်တွင်းစကား
ယနေ့ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်ဖွဲ့စည်းတဲ့ ၂ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့နောက် အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းစွာနဲ့လမ်းမထွက်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။…
Read More » -
Apr- 2023 -28 Aprilတိုက်ပွဲ
ဗန်းမောက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး PDF ဘက်မှ ၂ ဦးထိခိုက်မှုရှိခဲ့ဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းတွင် ဧပြီလ ၂၇ရက်နေ့ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု Banmauk Revolution -BR အဖွဲ့ထံမှသိရသည်။ “သူတို့ အနောက်တောဘက်ကို စစ်ကြောင်းထိုးလာတာ အဲ့တာနဲ့…
Read More » -
28 Aprilတိုက်ပွဲ
PDF အဖွဲ့များနေထိုင်သည်ဟု နေအိမ် ၂ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များ နေထိုင်သည်ဟုစွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်မှ နေအိမ် ၂ လုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ ယနေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင်…
Read More » -
11 Aprilသတင်း
စစ်ကိုင်းတွင် PDF ပူးပေါင်းတပ် စခန်းတစ်ခု စီးနင်းခံရမှုကြောင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF တပ်ချနေထိုင်ထားသည့် ယာယီတပ်စခန်းတစ်ခု စီးနင်းတိုက်ခိုက်ခံရမှုကြောင့် လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းခံလိုက်ရပြီး ငွေကြေးတန်ဖိုးအရ သိန်း ၅၀၀ ဝန်းကျင်အထိ လက်လွတ်ဆုံးရှုံးလိုက်ရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ ထံမှသိရသည်။ ဧပြီလ ၈ ရက်နေ့…
Read More » -
4 Aprilသတင်း
အင်းတော် ဒေသခံတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ
ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်ဖမ်းဆီးထားသော ဒေသခံတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ အရပ်ဝတ်ဖြင့် ကျေးရွာသို့…
Read More » -
Mar- 2023 -13 Marchသတင်း
ဖားကန့်တွင် အမျိုးသား ၇ ဦးကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးသွား
ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှ အမျိုးသား ၇ ဦးကို PDF ထောက်ပို့လုပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ အင်အား ၅၀ ခန့်သည် ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကားများဖြင့်…
Read More » -
6 Marchသတင်း
အင်းတော်တွင် သုံးရက်အတွင်း PDF နှင့်ဆက်စပ်မှုရှိသည်ဟု ဖမ်းဆီးခံရသူ ၂၂ ဦးအထိရှိ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ၃ ရက်အတွင်း PDF အဖွဲ့၏ ထောက်ပို့လုပ်သည်ဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူ ၂၂ ဦးအထိရှိလာပြီး ထိုထဲတွင် အမျိုးသမီး ၁၇ ဦးပါဝင်ကြောင်း သိရသည်။ မတ်လ ၃ ရက်နေ့မှ…
Read More »