KIA လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည် ဆိုသော သတင်းအမှား ထပ်မံ ပျံနှံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ အသက် ၃ နှစ် အရွယ် ကလေး သေဆုံးမှုမှာ KIA လက်နက်ကြီးကြောင့်ဖြစ်သည်ဆိုသော သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘အမွေစိန်’ ဟူသော Telegram တွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က စတင်ဖော်ပြထားပြီးနောက် “တပင်ရွှေထီး” နှင့် “ယိမ်းနွဲ့ပါး” ဆိုသော ဖေ့စ်ဘုတ်အကောင့်များတွင်လည်း