မြစ်ကြီးနားမြို့ရှိ KIO ၏ နည်းပညာအထောက်အကူပြုရုံး ပိတ်သိမ်းရေး တရားဝင်အကြောင်းမပြန်သေး

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ မြစ်ကြီးနားရှိ ငြိမ်းချမ်းရေးဆိုင်ရာနည်းပညာအထောက်အကူပြုရုံး (TAT) ကို ပိတ်သိမ်းရန် တပ်မတော်ဘက်က ပြောဆိုလာပြီးနောက် KIO ဘက်ကလည်း NRPC ၏သဘာထားကိုမေးမြန်းထားရာ ပြန်လည်တုံ့ပြန်မှု မရရှိသေးကြောင်းဆိုသည်။ KIO ၏ Technical Advisory Team (TAT) ကို ပိတ်သိမ်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က သြဂုတ်လ ၁၉ရက်နေ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကြောင်းကြားခဲ့သည်။ အစိုးရနှင့်တပ်မတော် ၂ဖက်စလုံးမှ TAT…