ကလေးမြို့နယ်
-
Jul- 2023 -14 Julyသတင်း
ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…
Read More » -
May- 2023 -24 Mayစစ်ပြေးဒုက္ခသည်များ
စစ်ရှောင် ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှုများ လိုအပ်နေ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင်ပြုပြင်ရန် ကူညီထောက်ပံ့မှု အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ရေရှင်ကျေးရွာမှ ပြည်သူများ ထွက်ပြေးခိုလှုံနေသော စစ်ရှောင်စခန်းတွင် စာသင်ကျောင်း ၄ ကျောင်းဖြင့် အလယ်တန်းအထိ ဖွင့်လှစ်ထားကာ ကလေးငယ် ၂၀၀…
Read More » -
Jun- 2022 -2 Juneသတင်း
နတ်ချောင်းကျေးရွာတွင် သုံးရက်ဆက်တိုက်တိုက်ပွဲပြင်းထန်၊ နတ်ချောင်းရွာ ၅ ကြိမ်မြောက်မီးရှို့ခံရ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များကြား သုံးရက်ကြားတိုက်ပွဲ ပြင်းထန်နေကြောင်းသိရပြီး နတ်ချောင်းကျေးရွာကိုလည်း စစ်ကောင်စီတပ်က ငါးကြိမ်မြောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ ကလေးမြို့မှ အင်အား ၂၀၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် မေလ ၃၁ရက်နေ့မှ စတင်ကာ နတ်ချောင်းကျေးရွာတွင်းသို့…
Read More » -
Apr- 2022 -29 Aprilသတင်း
ကလေးမြို့ တောင်ဘက်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ
စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေ ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ဧပြီလ ၂၇ ရက်နေ့စတင်ကာ ယနေ့ထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေပြီး…
Read More » -
Dec- 2021 -27 Decemberသတင်း
ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ပစ်သတ်ထားသည့် ဒေသခံပြည်သူများ၏ အလောင်း ကောက်ယူရန် ခက်ခဲနေ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ဘက်ရှိ နတ်ချောင်းကျေးရွာအနီး ဒီဇင်ဘာလ ၂၂ ရက်ညမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ထားသည့် ဒေသခံပြည်သူများ၏အလောင်းများ ကောက်ရန်ခက်ခဲနေကြောင်း နီးစပ်သူများထံမှ သိရသည်။ “ကျနော်တို့ဆီမှာ ဒီနေ့ နောက်ဆုံးကြားရတဲ့ သတင်းအရတော့ ၁၄ လောင်းလောက်ရှိနေပြီလို့ သိရတယ်ခင်ဗျ…
Read More » -
8 Decemberသတင်း
စစ်ကောင်စီတပ်မှလူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦး မီးရိူ့သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်မှ အိုးမြေထူးရွာကို မီးရိူ့မှုတွင် မောင် Lal Ro Mawi ကိုပါမီးရိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံရင်းမြစ်မှ သိရသည်။ “ဖမ်းခံရတာက ၃ ရက်လောက်ရှိပြီလို့ သိရတယ် အိုးမြေထူးရွာရှို့တဲ့ထဲ…
Read More »