ချင်းတွင်းမြစ်
-
Jul- 2025 -7 Julyသတင်း
အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို
ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့ SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ် သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…
Read More » -
Nov- 2023 -29 Novemberသတင်း
ဟုမ္မလင်းနယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ဆက်တိုက်လက်နက်ကြီးပစ်ခတ်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ရက် ဆက်တိုက်လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့တွင်းက အထိုင်တပ်တစ်ခုဖြစ်တဲ့ အမှတ် ၂၂၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ နောင်ဆန်းကျင်ကျေးရွာအုပ်စုဘက်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ နောင်ဆန်းရွာဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “မနေ့က မနက် ၈နာရီလောက်ကနေစပစ်တာပဲ ချင်းတွင်းမြစ်ဟိုဘက်ကမ်း ကက်သာရွာရဲ့…
Read More » -
29 Novemberသတင်း
တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းသိမ်းပိုက်ထားပြီလို့ ကာကွယ်ရေးတပ်ဘက်ကအတည်ပြု
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်း ၁၁နာရီ တည်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းအထိသိမ်းပိုက်ထားပြီလို့ တန့်ဆည်ကာကွယ်ရေးတပ်ဘက်က အတည်ပြုပါတယ်။ “အားလုံးပြီးအောင်တော့မသိမ်းနိုင်သေးပါဘူး ၉၀ ရာခိုင်နှုန်းသိမ်းထားပြီ လို့တော့…
Read More » -
Sep- 2023 -20 Septemberသတင်း
မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား ၅ ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ်…
Read More »