စစ်ကိုင်း
-
May- 2026 -28 Mayဆောင်းပါး
စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ
မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။ ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း…
Read More » -
13 Mayသတင်း
အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
စစ်ကိုင်း-ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာချိန်မှာပဲ ထီးချိုင့်-ကသာလမ်းပိုင်း တစ်နေရာမှာ မေလ ၁၁ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။
Read More » -
7 Mayသတင်း
ကသာစစ်ကြောင်းမှာပေါ်တာဆွဲခံရတဲ့ လူငယ်အများစုပါဝင်
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ ပေါ်တာအဖြစ်ခေါ်ခံရသူအများပိုင်းပါဝင်နေကြောင်း ဒေသခံတွေဆီကသိရပါတယ်။
Read More » -
5 Mayသတင်း
မော်လူးမြို့ထဲ စစ်ကော်မရှင်တပ်များဝင်ရောက်
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာဘဲ ဝင်ရောက်သွားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
Read More » -
Mar- 2026 -17 Marchသတင်း
ကချင်ပြည်နယ်ဝင်ပေါက်မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဆယ်ရက်အတွင်း အရပ်သား ၂၄ ဦးသေဆုံး
ကချင်ပြည်နယ်ရဲ့ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက ပင်လည်ဘူး၊ ကောလင်း၊ ထီးချိုင့်နဲ့ မော်လူးမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ကိုရင် ၄ ပါး၊ ဦးဇင်း ၂ ပါးအပါအဝင် စုစုပေါင်းလူဦးရေ ၂၄ ဦး အထိသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ်လ ၁ ရက်နေ့ ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ကျေးရွာတိုက်ခိုက်ခံရချိန်တွင် အရပ်သား ၁၀ ဦး၊ မတ်လ ၅ ရက်နေ့ ကောလင်း မြို့နယ် ကချင်ကုန်းရွာတိုက်ခိုက်ခံရချိန်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်နောက်ထပ်အမျိုးသမီးတစ်ဦး၊ မတ်လ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ထီးချိုင်မြို့နယ်အနှံ့ရှိကျေးရွာများလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကိုရင်နှင့်ဦးဇင်းများအပါအဝင် ၁၂ ဦးအထိ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစလို့ မတ်လ ၁၀ ရက်နေ့အထိ စစ်ကော်မရှင်တပ်က အထက်ပါမြို့တွေကို ဆက်တိုက်လေကြောင်း အသုံးပြုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထူးခြားချက်ကတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာနှစ်ဖက်လက်နက်ကိုင်တပ် တွေအကြားတစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ဒေသခံတွေကပြောကြပါတယ်။ “ထီးချိုင့်မြို့ကတော့ မန္တလေးတိုင်းနဲ့ဆက်စပ်နေတယ်ပေါ့နော်။ မန္တလေးတိုင်းတကောင်းမှာဆိုရင် သူတို့စစ်ကြောင်းက ရောက်နေပြီ။ တကောင်းမြို့ကိုပြန်သိမ်းသွားတဲ့အခြေနေလည်းရှိတယ်။ တကောင်းပြီးရင် ထီးချိုင့်လာလိမ့် မယ်လို့ သူတို့ စစ်တပ်လော်ဘီတွေကနေကြွေးကြော်ထားတာတွေလည်းရှိတယ်။ သူတို့က ထီးချိုင့်ကိုလည်းလေကြောင်းတိုက်ခိုက်တာက လာပြီးခြိမ်းခြောက်နေတယ်လို့တော့ထင်တယ်။ မကြာခင်ထီးချိုင့်လာတော့မယ် ဆိုတဲ့ပုံစံမျိုးပေါ့။ လေကြောင်းတိုက်ခိုက် တာက ကချင်ပြည်နယ်အဝမှမဟုတ်ပါဘူး။ နေရာတိုင်းနီးပါးမှာက လေကြောင်းတိုက်ခိုက်မှုတွေသူတို့ပြုလုပ်နေကြတယ်။ ဒါကတော့ သူတို့အားသာတာက လေကြောင်းတစ်ခုပဲရှိတာ ဒါကြောင့်မို့လို့ထင်ပါတယ်။”လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကိုလေ့လာကြည့်ရင် အရပ်သားတွေနေထိုင်ရာပတ်ဝန်းကျင်တွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဆေးရုံနဲ့ စစ်ရှောင်တွေခိုလှုံရာအဆောက်အဦးတွေအပါအဝင် အရပ်သားပစ်မှတ်တွေကိုပဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောကြပါတယ်။ တစ်ဖက်မှာ ဒီဆယ်ရက်အတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြား ထိခိုက်ဒဏ်ရာရရှိသူကတော့ လူဦးရေ ၃၀ ဦးထက် မနည်းရှိခဲ့သလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သိမ်၊ ဆေးရုံအဆောက်အဦး နဲ့ စပါးတိုက်၊ ကားတွေအပါအဝင် အရပ်သား နေအိမ်များစွာ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၁၀ ရက်နေ့မှာပဲ ဗန်းမော်မြို့နယ် စင်းခန်းရွာ ဧရာဝတီမြစ်ကြောင်းပေါ်က ရွှေဖောင်တွေကို စစ်ကော်မရှင်က လေကြောင်းကနေဂျက်ဖိုက်တာ ၃ စင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး သေဆုံးတဲ့လူဦးရေ ၃၀ ခန့်ရှိတယ်လို့သိရပေမဲ့ ရုပ်အလောင်း တွေကတော့ပျောက်ဆုံးနေဆဲလို့သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ ထီးချိုင့်မြို့ ကိုဦးတည်နေတဲ့ အခြေနေဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။ “ကျနော့အထင် တကောင်းရောက်နေတဲ့ကောင်တွေက ထီးချိုင့်အထိလာမယ်ကြားတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကလည်း ဆေးရုံနဲ့အရပ်သားနေရာတွေကြီးပဲ။ သတင်းမှားရလို့ပဲလား သေချာလုပ်တာလားတော့မသိဘူး။ အကယ်၍ ထီးချိုင့်ရောက်ရင်တော့ စိုးမိုးနယ်မြေတွေဘက်ကို စစ်ကြောင်းထိုးနိုင်တယ်ဗျ။ အဲ့ကျရင်တော့အခုထပ်ပိုပြီး အရပ်သားပစ်မှတ် တွေပိုများလာမယ်ထင်တယ်။”လို့နောက်ထပ် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက စစ်ရေးအခြေနေသိရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ တစ်ဖက်မှာ စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လက်တလောစစ်ကော်မရှင်က အရပ်သား ပစ်မှတ်တွေကိုဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် လေကြောင်းအန္တရာယ်ကိုအထူးဂရုစိုက်ကြဖို့ထုတ်ပြန်ချက်တွေ ထုတ်ပြီးသတိပေးထားပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာအထိ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုတွေကျူးလွန်တာ လျော့နည်းသွားခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်အတွင်းပြုစုထားတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၂၃၀၀ ကျော်ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
12 Marchသတင်း
လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး
စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။ “မော်လူးမြို့ထဲကပြည်သူတွေကတော့ လေယာဥ်ဗုံးချကတည်းကအကုန်ရုတ်ရုတ်သဲသဲ ပြေးကြရတာပေါ့နော်။ တောင်ပြေး လိုက် မြောက်ပြေးလိုက်ပေါ့။…
Read More » -
9 Marchသတင်း
ကသာမှာ တိုက်ပွဲငြိမ်သက်နေပေမယ့် လက်နက်ကြီးကျပေါက်ကွဲမှုရှိနေ၊အရပ်သားတစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကသာမြို့မှာ လက်တလောနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေလို့ အရပ်သားတစ်ဦးသေဆုံးခဲ့သလို နေအိမ်မီးလောင်မှုတွေလည်းရှိနေတယ်လို့ ကသာဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစလို့ တော်လှန်ရေးအင်အားစုတွေကို ကသာမြို့ကိုသိမ်းပိုက်ဖို့ထိုးစစ်ဆင်နွှဲခဲ့ပြီး တစ်လကြာနှစ်ဖက်ပစ်ခတ်မှုတွေရှိပြီးတဲ့နောက် တိုက်ပွဲတွေပြန်လည်ငြိမ်သက်နေခဲ့တာဒီနေ့အထိဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေက ကသာမြို့ပြင်နေရာတချို့တွေမှာဆက်လက်နေရာယူထားဆဲဖြစ်သလို စစ်ကော်မရှင်တပ် ဘက်ကလည်း မြို့တွင်းနေရာတစ်ချို့မှာအထိုင်ချထားပြီး နှစ်ဖက်စစ်ရေးအခြေနေစောင့်ကြည့်နေဆဲအခြေနေလို့ စစ်ရေးအခြေနေ သိရှိတဲ့ ကသာမြို့ဒေသခံတွေကပြောပါတယ်။ “မြို့ထဲကတော့ မနေ့တုန်းက မီးလောင်တယ်ဆိုတဲ့သတင်းကြားတယ်။ ရှော့တိုက်ဒုံးလည်း ရပ်ကွက် ၆ ထဲကျတယ်။ တိုက်ပွဲက ဖြစ်နေလားဆိုရင်တော့ တိုက်ပွဲဖြစ်နေတယ်တော့မရှိဘူး။ ရှော့တိုက်ဒုံးကလည်းဘယ်ဘက်ကပစ်တယ်ဆိုတာမသိဘူး။ သိရသလောက် တစ်ပတ်တောင်မပြည့်သေးဘူး။ ဘူတာဈေးမှာလက်နက်ကြီးမှန်လို့ ဆိုင်ကယ်စီးလာတဲ့တစ်ယောက် ရပ်ကွက် ၅ ဇေယျာချောင်ထဲက အဲ့တစ်ယောက်သေတယ်။ အသက် ၃၀ ကျော်ဘဲရှိသေးတယ်”လို့ စစ်ရေးအခြေနေသိရှိတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကသာမြို့တွင်း MEC ဆင်းကဒ်တစ်မျိုးသာဖုန်းလိုင်းရပြီး တခြားသောဖုန်းလိုင်းအားလုံးပြတ်တောက်နေတယ်လို့ သိရ ပါတယ်။ တစ်ဖက်မှာ ကသာမြို့တိုက်ပွဲစဖြစ်ကတည်းကဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဟာ စစ်ဘေးရှောင် တာကြာရှည်လာတာနဲ့အမျှ နေအိမ်မှာကျန်ရစ်ခဲ့တဲ့ပစ္စည်းတွေပြန်ယူဖို့ မြို့ထဲယာယီပြန်ဝင်ကြတာတွေရှိနေပြီး တချို့တွေမြို့ထဲ ပြန်ဝင်ပြီးတဲ့နောက် ပြန်ထွက်မရတဲ့အခြေနေတွေလည်းကြုံနေရတယ်လို့သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ရေးအခြေနေကတင်းမာနေဆဲဖြစ်တာမို့ ကသာမြို့ထဲပြန်ဝင်လာဖို့ဒီနေ့အထိ ခွင့်ပြုထားတာမရှိသေးသလို စစ်ကော်မရှင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကတော့ မြို့တွင်းပြန်ဝင်လို့ရပြီဖြစ်တဲ့အကြောင်း ဆိုရှယ်မီဒီယာမှာမျှဝေတာတွေရှိနေပါတယ်။ ဒါ့ကြောင့် ကသာမြို့ကလက်ရှိအခြေနေမှာပြန်ဝင်ဖို့ လုံခြုံမှုရှိမရှိသိရဖို့ မန္တလေးမြို့မှာစစ်ဘေးတိမ်းရှောင်နေတဲ့ ကသာမြို့ဒေသခံ တစ်ဦးကို KNG ကဆက်သွယ်မေးမြန်းချိန် အခုလိုပြောပါတယ်။ “မပြန်ရဲသေးပါဘူး။မပြန်ရဲဘူးဆိုတာက အခု လေယာဥ်တွေနဲ့က ရွာနီးခြောက်စပ်တွေကိုချနေတယ်ဆိုတော့။ ချတဲ့နေရာက လည်း ကိုယ်ပြန်မယ့်လမ်းတွေချည်းပဲ။အခုလူကြုံရှိတယ်အဲ့ဘက်ကိုပြန်မယ့်ဟာ ဒါပေမဲ့ အန်တီတို့လိုက်မသွားဘူး။ လမ်းစရိတ် ကလည်း အရမ်းကုန်တယ်။”လို့ အထက်ပါ ကသာဒေသခံအမျိုးသမီးကပြောပါတယ်။ ကသာမြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ်ရေးတပ်PDF၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA နဲ့ နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု SRA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ လက်ရှိတော့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်တဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီး ကသာမြို့ပြင် ဧရာဝတီ မြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါ အဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် ကသာမြို့သိမ်းတိုက်ပွဲဟာ ရုတ်တရက်စစ်ဆင်ရေးဖြစ်တာမို့လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတဲ့ ကသာမြို့ခံများစွာအတွက် အကူအညီများစွာလိုအပ်နေကြတယ်လို့သိရပါတယ်။ By – အမိုး
Read More » -
Feb- 2026 -24 Februaryသတင်း
ကသာကမ်းနားကျေးရွာများ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးက ကလုံကျေးရွာနဲ့ သာဂရကျေးရွာတစ်ဝှိုက်ကို စစ်ကော်မရှင်က တိုက်ပွဲတစ်စုံတစ်ရာမရှိ၊ စစ်ရေးပစ်မှတ်မရှိဘဲ နှစ်ရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရလို့ အဲ့ဒီဒေသကဒေသခံ တွေထိတ်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကလုံနဲ့သာဂရကျေးရွာတစ်ဝှိုက်ကိုပဲ…
Read More » -
20 Februaryသတင်း
ကသာ-ထီးချိုင့်အစပ် PDF ဂိတ်တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ ဗုံးသီး ၂ လုံးဖြင့် ဂိတ်နေရာအတိအကျကိုကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတစ်စုံတစ်ရာမရှိခဲ့ပေမဲ့လည်း ထိခိုက်ဒဏ်ရာရရှိတာ အဆောက်အဦးတချို့ပျက်ဆီးတာတွေတော့ရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။…
Read More » -
Jan- 2026 -27 Januaryသတင်း
ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု တွေအကြား အရပ်သားသေဆုံးမှုများရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့သိမ်းတိုက်ပွဲစဖြစ်တဲ့နေ့ကစလို့ ကသာမြို့ခံအများစုဟာဘေးလွှတ်ရာတွေကိုထွက်ပြေး နေကြရပြီး အဲ့ဒီရက်ပိုင်းအတွင်းနှစ်ဖက်ပစ်ခတ်မှုတွေပြင်းထန်ခဲ့တာကြောင့် အရပ်သားတွေထွက်ပြေးကြရင်း…
Read More »








