စစ်ကိုင်းတိုင်း
-
May- 2026 -8 Mayသတင်း
မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို စစ်တပ်ကဝင်ရောက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ ရက်ပိုင်းအတွင်းအရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။
Read More » -
6 Mayသတင်း
မော်လူးစစ်ကြောင်း ကချင်ပြည်နယ်ထဲဝင်ရောက်လာပြီလို့ဆို
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ကချင်ပြည်နယ်ထဲက နန့်စီးအောင်မြို့အထိဝင်ရောက်လာပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပါတယ်။
Read More » -
Apr- 2026 -24 Aprilသတင်း
ကသာမှာ စစ်တပ်က စစ်အင်အားဆက်တိုက်ဖြည့်တင်းနေ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကိို စစ်တပ်က ဧပြီလ တတိယအပတ်ကစပြီး လက်ရှိချိန်ထိ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။
Read More » -
17 Aprilသတင်း
ကသာစစ်ဘေးရှောင်တွေ မိုးလေဒဏ်၊ နေပူဒဏ်ကြား နေထိုင်ရေးခက်ခဲ
စစ်ကိုင်းတိုင်း– ကချင်ပြည်နယ်အစပ် ထီးချိုင့်မြို့နယ်က စစ်ကော်မရှင်စစ်ကြောင်း ကသာမြို့ကိုဝင်ရောက်လာလို့ ထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးရှောင်တွေ မိုးဒဏ်၊လေဒဏ်နဲ့နေပူဒဏ်တွေအကြားနေထိုင်ရေးနဲ့စားသောက်ရေးအခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ကစလို့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကသာမြို့နဲ့ထီးချိုင့်နယ်အစပ် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ ကသာမြို့နယ်ဧရာဝတီမြစ်ကမ်း နဘေးက ကလုံကျေးရွာတစ်ဝှိုက်မှာလို့သိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့အခြေနေနဲ့ပတ်သက်လို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက“ဒုက္ခတော့ရောက်ကြတယ်။ မိုးထဲလေထဲအိပ်ရ၊ နေ့လည်ကျ နေကပူပူနဲ့အကိူရေ။ တချို့က စားစရာသောက်စရာတွေ တော့မပါခဲ့ ကြဘူး။ အဲ့တာဆိုတော့ ပါတဲ့လူတွေကမျှတပြီးကျွေးရတာပေါ့။ တချို့တွေလည်း ရွာထဲပြန်ဝင်ကုန်ကြပြီ။ ကျနော်တို့တော့ သူတို့ ကိုမယုံဘူး။ ရှောင်နေတုန်း”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဝင်ရောက်လာတဲ့နေ့ကစလို့ ဒီကနေ့အထိ ထီးချိုင့်မြို့နယ်ထဲက ဇီးကုန်း၊ ကျောက်မှော်၊ နတ်အင်း၊ အိုးကုန်း၊ မဲဟင်း နဲ့ ကသာမြို့နယ်ထဲက သာဂရ၊ အင်းရွာလေး၊ ကလုံ၊ ကျောက်ပုံ၊ သံပုရာ၊ ညောင်ခြေထောက် စတဲ့ကျေးရွာဆယ်ရွာထက် မနည်းကဒေသခံတွေဘေးလွတ်ရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ ဒီကျေးရွာတွေအားလုံးဟာ ထီးချိုင့်–ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေး တစ်လျှောက်ကကျေးရွာတွေပဲဖြစ်ပါတယ်။ တစ်ဖက်မှာ ထီးချိုင့်မြို့နယ်ကနေစစ်ကြောင်းထိုးလာတဲ့တပ်ဖွဲ့တွေကို ကသာမြို့နယ်အထိုင်စစ်ကော်မရှင်တပ်ဖွဲ့တွေက စစ်ကြောင်း ထွက်ကြိုဆိုကာ စစ်ကြောင်းနှစ်ကြောင်းပေါင်းမယ့်အခြေနေရှိနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ “ထီးချိုင့်ကနေ ကသာကိုလာပြီးတက်လာပေါင်းနေတဲ့အဖွဲ့ကတော့ ကလုံရွာကိုရောက်ထားပြီ။ အဲ့ဒီအဖွဲ့ကို ကသာကနေ ဆင်းကြိုတဲ့ စစ်ကောင်စီက သင်္ကြန်အကြိုနေ့မှာဘဲ ရေဘုတ်ရွာနားလေးမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတာတော့သတင်းရတယ်။ အခုလောက်ဆိုတော့ သွားကြိုတဲ့အဖွဲ့နဲ့တွေ့လာမတွေ့ဘူးလာဆိုတာတော့ တိတိကျကျမသိရသေးဘူး။”လို့…
Read More » -
10 Aprilသတင်း
ကသာမြို့မှာ ကူးတို့ဆိပ်လိုင်း လွှဲပြောင်းပေးမှုအပေါ် ဒေသခံများမကျေနပ်
စစ်ကိုင်းတိုင်း- ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ လွှဲပြောင်းပေးခဲ့တာကြောင့် ဒေသခံတွေအကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။
Read More » -
6 Aprilသတင်း
ထီးချိုင့်ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် မြို့ပတ်လည်မှာ တပ်စွဲနေရာယူထား
စစ်ကိုင်းတိုင်း ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ရဲ့ပတ်ပတ်လည်ကို တပ်သားတွေကအထိုင်ယူနေရာချထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေးက ထီးချိုင့်မြို့ကို ၂ နှစ်နီးပါး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကဘဲ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ လက်တလောထီးချိုင့်မြို့ကိုထိန်းချုပ်လိုက်တဲ့ စစ်ကော်မရှင်တပ်တွေကတော့ ထီးချိုင့်မြို့…
Read More » -
Mar- 2026 -31 Marchသတင်း
ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော
စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ၃ လရှိလာပြီဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်နေ့မှာတော့ ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကာကွယ်ရေးတပ်ဘက်က နောက်ဆုတ်သွားပြီဆိုတဲ့အကြောင်း လူမူကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်လာတာပါ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာကာကွယ်ရေးတပ်တွေကို KNG က မေးမြန်းရာမှာ ဒီသတင်းဟာမှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းနဲ့ စစ်ရေးအရ ခနတာနောက်ဆုတ်ထားရတဲ့အခြေနေမှာရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ “စစ်ရေးအရ ဆုတ်လိုက်တက်လိုက်ပါပဲ ဟိုလိုကြီးတပ်ဆုတ်သွားတာမရှိပါဘူး။ ဒါကသတင်းမှားသာဖြစ်တယ် ကျနော်တို့လည်း အဖက်ဖက်ကနေရင်းထားရတာလေ လွယ်လွယ်နဲ့နောက်ဆုတ်မလား မြို့သိမ်းတိုက်ပွဲရတဲ့အထိ တိုက်သွားမှာ”လို့ ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ မတ်လ ၃၁ ရက်နေ့အထိ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ကာကွယ်ရေးတပ်တွေရရှိထားတဲ့ နေရာတစ်ချို့ကို စစ်တပ်ကပြန်လည်ရယူထားတာကြောင့် ဝါဒဖြန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့ပေါ်ဟာ မြို့ပေါ် ရပ်ကွက် ၁၁ ခု မြို့နယ်အတွင်းကျေးရွာ ၂၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာတော့ မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်တပ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၂၀ ရက်နေ့မှာတော့ ကသာမြို့မှာ စစ်တပ်ရဲ့ အဓိက တပ်ရင်းဖြစ်တဲ့ ခမရ– ၃၀၉ကို ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဟာ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းလေးထပ်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် မြို့ထဲကျန်နေသေးတဲ့ပြည်သူတွေအနေနဲ့ဖြစ်နိုင်ရင် တိမ်းရှောင်ကြဖို့ ကာကွယ်ရေးတပ်က အကြိမ်ကြိမ်သတိပေးနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်ကစပြီး ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဟာ ပြည်သူတွေကို နေရပ်ပြန်လာဖို့ စစ်တပ်က တစ်ဖက်လှည့်နဲ့ခေါ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်ပြောပါတယ်။ “ခုက တိုက်ပွဲကငြိမ်သွားတာမဟုတ်ဘူး ဖြစ်နိုင်ရင် ဒီလိုသတင်းတွေကို ပြည်သူယုံပြီး မြို့ထဲပြန်လာကြမှာစိုးရိမ်တယ် ဖြစ်နိုင်ရင်နေရပ်ပြန်တာတွေမလုပ်ဖို့ လိုတယ်”လို့ နောက်ထပ် ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ စစ်ကိုင်း–ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကသာမြို့ဟာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းကနေ ဝင်ရောက်နိုင်ပြီး စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော်(ABSDF)၊ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။…
Read More » -
13 Marchသတင်း
ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး
စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း ၆ ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဇီးကုန်းကျေးရွာရဲ့ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုယ်ရင် ၄ ပါး၊ ဦးဇင်း ၂ ပါးနဲ့ ပြည်သူ ၄ ဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ “ဇီးကုန်းရွာကတော့ ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူးပေါ့နော်။ NUG အစိုးရရဲ့ထိန်းချုပ်နယ်မြေအောက်မှာပဲရှိတယ်။ ပြီးတော့ အရင်တုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတစ်ခါမှမလုပ်ဖူးဘူး။ ပြီးတော့ပြည်သူတွေဆိုရင်လည်း တောင်သူတွေပဲလုပ်ကြ တာများတယ်။ ပြီးတော့ ဒီရွာမှာစစ်ရှောင်တွေလည်းရှိတယ်။ ထီးချိုင့်မြို့ပေါ်ကစစ်ရှောင်တွေပေါ့။”လို့ ထီးချိုင့်မြို့ကဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မတ်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာတော့ အောင်သာကုန်းရွာအနီးကို လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ စပ်စားရွာ၊ နီတာရွာ အနီးတဝှိုက်ကို ဗုံးလေးကြိမ်ခန့် ကြဲချခဲ့ပြန် တယ်လို့ သိရပါတယ်။ ဒါ့အပြင် မတ်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာလည်း အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီးကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့တည်နေရာတွေဟာ တစ်နေရာနဲ့တစ်နေရာအလှမ်းဝေးတာကြောင့် ထီးချိုင့်မြို့နယ်အနှံ့ကို ဦးတည်ပြီး စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။ “နေရာတွေကတော့မနီးဘူးပေါ့နော်။ ဝေးတယ်ပေါ့နော်နေရာတွေက တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတော့ ထီးချိုင့် မြို့နယ် အနှံ့လိုမျိုးဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဒီလေကြောင်းတိုက်ခိုက်တာကလည်း ဒီဘက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ပြည်သူတွေ ကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ဆေးရုံတွေဘုန်းကြီးကျောင်းတွေကိုပဲတိုက်ခိုက်နေတယ်။ ဒါကတော့ သူတို့ရဲ့အမြဲတမ်းလုပ် နေကျလုပ်ရပ်ပေါ့နော် အဲ့လိုပဲမြင်ပါတယ်။”လို့အထက်ပါ ထီးချိုင်မြို့ခံအမျိုးသမီးကပဲဆက်ပြောပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့ကိုယ်ရင် ၈ ပါးအပါအဝင် စုစုပေါင်း ၁၉ ဦးအထိထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ဘုန်းကြီးကျောင်း၊ သိမ်၊ ဓမ္မာရုံ၊ စပါးတိုက်တွေအပါအဝင် တိုက်နယ်ဆေးရုံကဓာတ်မှန်ခန်းနဲ့ အရပ်သားနေအိမ် ၁၀လုံး ထက်မနည်းမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ဒေသခံအချို့ဟာ နီးစပ်ရာကျေးရွာများနဲ့ တောတောင်များဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်တစ်ဝှမ်းကဒေသတွေအပါအဝင် စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေကိုလည်း ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဝင်ပေါက်မြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊ ကောလင်း၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တို့အပါအဝင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာကရွှေဖောင်တွေကို ပြီးခဲ့တဲ့မတ်လရက်ပိုင်းတွေမှာပဲဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဒီလေကြောင်းတိုက်ခိုက်မှုအားလုံးမှာ အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
12 Marchသတင်း
ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ မြို့နယ်ခွဲအဆင့်ရှိတဲ့ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာ ၃ နှစ်ကျော်နေပြီလို့သိရပြီး ခွဲစိပ်ရမယ့်လူနာနဲ့ကျန်းမာရေးဆိုးတဲ့လူနာတွေဟာ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာဆေးကုသမှုခံယူနေရတယ်လို့ အသက် ၄၀ အရွယ်ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ရှိတဲ့ဆရာဝန်က ၂၀၂၃ ခုနှစ်လောက်မှာပြောင်းသွားတာ အဲ့နောက်ပိုင်းကတည်းကနေ ဆရာဝန်မချပေးတော့ဘူး။ အခုထိဆရာဝန်မရှိဘူးဒီတိုင်းပဲအခြေနေမကောင်းတဲ့လူနာတွေ ပြီးတော့သူနာပြုတွေမနိုင်တဲ့လူနာတွေဆိုရင် အိန္ဒိယအထိသွားနေရတယ် အဆင်မပြေဘူးဗျာ အကုန်ကျလည်းများတယ်”လို့ ပြောပါတယ်။ လက်ရှိပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံသူနာပြုဆရာမနှစ်ဦး၊ အထက်တန်းသူနာပြုနှစ်ဦး၊ အမျိုးသားကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ၅ ဦးသာရှိပြီး ဆရာဝန်မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ အာရုနာချယ်ပြည်နယ်(Arunachal Pradesh) ထဲအထိသွားရောက်ပြီးဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ “သွားတာကတော့ တရားဝင်နယ်စပ်လမ်းနဲ့ပဲသွားကြတယ် ဒါပေမယ့် သူများနိုင်ငံမှာသွားကုတာဆိုတော့ကုန်ကျအရမ်းများတယ်။ လမ်းစရိတ်အပြင် ဟိုရောက်ရင် အခန်းခတွေပေးရတယ် နောက်ပြီးဒီကသွားတဲ့လူအများပိုင်းက ပုဂ္ဂလိကဆေးရုံတွေမှာပဲသွားကုကြတာ အစိုးရဆေးရုံမှာကဒီဘက်ကလာတဲ့လူနာကိုသိပ်ပြီးဂရုမစိုက်ဘူး။ တခါသွားကုဖို့သိန်းဆယ်ချီကုန်တယ်လေး”လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဒါ့အပြင် ဆေးကုသသွားသူတွေဟာ အိန္ဒိယ–မြန်မာနယ်စပ် နာမ်ပေါင်–ပန်ဆောင်လမ်းကနေတဆင့် အိန္ဒိယပြည်အထက်ပိုင်းထဲကိုသွားရောက်ဆေးကုသနေရတာကြောင့် လမ်းခရီးနဲ့ဆေးကုစရိတ် ကြီးမားပြီး ငွေကြေးတတ်နိုင်တဲ့သူကသာ သွားရောက်ဆေးကုသနိုင်တယ်လို့သိရပါတယ်။ ခုလိုပြည်သူ့ဆေးရုံကြီးမှာဆရာဝန်မရှိတဲ့အတွက် ပြည်သူတစ်ချို့အိန္ဒိယနိုင်ငံထဲအထိသွားပြီး ဆေးကုသဖို့ငွေကြေးမတတ်နိုင်ကြောင့် အသက်မသေဆုံး သင့်ပဲ သေဆုံးနေရတဲ့လူနာတွေလည်းရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ “မြို့ပေါ်ကပြည်သူတွေအတွက်ကအဲ့လောက်ကြီးမဟုတိဘူးရွာတွေဘက် ပြည်သူတွေအတွက်တော်တော်လေးခက်တယ် ရွာနေမြို့အထိခြေလျင်တက်လာရတယ်ဒီကနေတဆင့် အိန္ဒိယ နာမ်ပေါင်အထိသွားရတယ်အဲ့နေမှဆေးရုံကိုရောက်တာ အရေးပေါ်လူနာတွေဆိုရင်မရောက်နိုင်ဘူးဒီကြားမှာတင်နှစ်ရက်သုံးရက်မကကြတယ် ဆရာဝန်မရှိတာကတော့တော်တော်လည်းခက်ခဲပါတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ ပန်ဆောင်မြို့နယ်ခွဲတစ်ခုလုံးမှာ ပြည်သူ့ဆေးရုံအဖြစ် ပန်ဆောင်ပြည်သူ့ဆေးရုံတစ်ခုတည်းသာရှိတဲ့အတွက် မြို့ပေါ်မှာနေထိုင်တဲ့ပြည်သူတွေနဲ့ကျေးလက်ဒေသ ရွာပေါင်း ၂၀ ခန့်က ပြည်သူတွေ အားကိုးနေရတဲ့ဆေးရုံကြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ပန်ဆောင်မြို့ကိုအုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေချပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ ဒေသခံတွေပြောချက်အရ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ စစ်အာဏာသိမ်းနောက်ပိုင်းကတည်းက ဆေးဝါးတွေကိုအစိုးရကတိုက်ရိုက်ချမပေးတော့တာကြောင့် ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်တဲ့ဆေးဝါးတွေကိုလည်းနအိန္ဒယ နိုင်ငံကနေဝယ်ယူသုံးစွဲနေရတာကြောင့် ဆေးကုသစရိတ်လည်းမြင့်တက်နေကြောင်းသိရပါတယ်။ လေကြောင်းလိုင်းနဲ့ရေကြောင်းလမ်းမရှိတဲ့ ပန်ဆောင်ဒေသထဲကို ကချင်ပြည်နယ်ဘက်က မြစ်ကြီးနား–တနိုုင်း–နန်းယွန်းကားလမ်းသွားလို့ရသလို၊ စစ်ကိုင်းတိုင်းဘက်က ခန္တီးက–ဒုံဟီး–နန်းယွန်းကားလမ်းပိုင်းနဲ့ဝင်ရောက် နိုင်ပေမယ့် အဲ့ဒီကားလမ်းပိုင်းတွေမှာ ၂၀၂၄ ခုနှစ်ကစပြီး ဆေးဝါးသယ်ယူခွင့်ကိုစစ်ကောင်စီကကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ ပန်ဆောင်မြို့ဟာ အိန္ဒယ–မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပေမယ့် မြန်မာနိုင်ငံထဲက လမ်းပမ်းဆက်သွယ်ရေးအခက်ခဲဆုံးမြို့နယ်ခွဲတစ်ခုလည်းဖြစ်ပါတယ်။ By –…
Read More » -
2 Marchသတင်း
ဟုမ္မလင်းမှာ ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်စပြုလာ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ လေကြောင်းလိုင်းအာားလုံးပိတ်ထားတာကြောင့် ဒေသတွင်း ဆေးဝါးနဲ့အခြေခံစားသောက်ကုန်တစ်ချို့ပြတ်လပ်တာ စတင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်စပြီး မန္တလေး–မုံရွာ–ဟုမ္မလင်းလေကြောင်းလိုင်းကို အကြေင်းပြချက်မရှိပိတ်ချလိုက်တဲ့နောက် ဆေးဝါးပြတ်လပ်တာ၊တစ်ခြားကုန်စည်တွေပြတ်လပ်စပြုလာပြီး လက်ကျန်ရောင်းချတဲ့ကုပစ္စည်းတွေလည်း စျေးအဆမတန်မြင့်တက်လာတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လေယာဥ်လိုင်းပိတ်တာ တစ်ပတ်ကျော် ခုဘာတွေဖြစ်နေလဲဆိုတော့ ဆေးခန်းတွေပိတ်ထားတယ် ဆေးမရှိလို့တဲ့၊နောက်ပြီး ပုံမှန်လေယာဥ်နဲ့တင်နေတဲ့ကွမ်းရွက်က အရင်တစ်ပိဿတစ်သောင်းကနေ အခု နှစ်သောင်းအထိခုန်တက်သွားတယ် ဆပ်ပြာ၊ ခေါက်ဆွဲခြောက်တို့တစ်ချို့ဆိုင်တွေမှာဝယ်မရတော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေကြောင်းလိုင်းပိတ်လိုက်တဲ့နောက် လက်ရှိဟုမ္မလင်းမြို့ပေါ်က အခမဲ့ဆေးခန်းတွေပိတ်ထားရပြီး ဖွင့်နေကျအပြင်ဆေးခန်းတွေမှာလည်းဆေးဝါးတွေ မစုံတော့ကြောင်း သူကဆက်ပြောပါတယ်။ ဒါ့အပြင် ကြက်ဥ၊ကြက်သွန်နီ၊ကြက်သွန်ဖြူအစရှိတဲ့ အခြေခံစားသောက်ကုန်တွေလည်းပြတ်လပ်စပြုနေပြီလို့ သိရပါတယ်။ ဟုမ္မလင်းလေကြောင်းလိုင်းပိတ်တာနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တရားဝင်ပြောဆိုထုတ်ပြန်တာတွေမရှိသလို လေယာဉ်လက်မှတ်အရောင်းဌာနတွေကလည်း မသိရဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ စစ်ရေးအခြေအနေကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ “ဘာကြောင့်ပိတ်တာလဲဆိုရင် စစ်ရေးကြောင့်ပဲနေမှာ ဟိုတလေ သုံးရက်လေးရက်ဆက်တိုက် ကလေးဘက်ကလာတဲ့လေယာဥ်တွေဟုမ္မလင်းလေဆိပ်မှာနားပြီးဒီကနေသွားသွားကျဲတာလေး ပဲနုတ်ဆွပ်နဲ့နောင်မော်ဘက်ကိုအဲ့နောက်ပိုင်းကနေပိတ်သွားတာပဲ”လို့ ဟုမ္မလင်းမြို့ ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်အာဏာသိမ်းနောက်ပိုင်း မုံရွာ–နမ့်တော–ဟုမ္မလင်းကားလမ်းပိုင်း စစ်ရေးအရသွားလာလို့မရတဲ့နောက် မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကနေ ကုန်စက်စက်လှေတွေနဲ့သယ်ကြရတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် ကုန်စက်လှေတွေခရီးတစ်ခေါက်ကို ခြောက်လခန့်ကြန့်ကြာတာတဲ့အတွက် အခြေခံစားသောကုန်နဲ့လူသုံးကုန်တွေကိုလေကြောင်းကနေပဲသယ်ယူနေုကြတာဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။ By – Zaw Zaw
Read More »









