တိုက်ခိုက်မှု

  • Aug- 2024 -
    7 August
    သတင်း

    ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၆ ဦးအထိရှိလာ ဆိုင်ပေါင်း ၄၀၁ ခန်းမီးလောင် ပျက်ဆီး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၆ ဦးအထိရှိလာပြီး မြို့မဈေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းမီးလောင်ပျက်ဆီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က သတင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့မဈေးနဲ့ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုက ဒေသခံတွေ အတွက် ကြီးမားတဲ့သက်ရောက်မှုကြီးဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “သက်ရောက်မှုကတော်တော်ကြီးတယ်။ အခုလောလောဆယ်ထိတော့ဈေးလည်းသွားမရောင်းရဲသေးဘူး။ အခုလောင်တဲ့နေရာတွေက တန်ဖိုးကြီးပစ္စည်းတွေရောင်းတဲ့ဆိုင်တွေများတယ်။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ကွတ်ခိုင်မြို့ခံတွေအားထားရာ မြို့မဈေးမှာ ဗုံး၂လုံး၊ ပြည်ထောင်စုလမ်းမကြီးပေါ်က ဂေါ်ရခါးဘုရားကျောင်း အနီးတစ်ဝှိုက် ၄ လုံး နဲ့ ရပ်ကွက်၃ တာမိုးညဲလမ်းဘေး၌ ၁ လုံး ပေါင်၅၀၀ ဗုံးတွေပဲ ၇လုံးတိတိကြဲချခဲ့တာ ဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ဒီလုပ်ရပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ပဲ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ မနေ့ကပဲ KNG ကိုပြောဆိုထားပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းကစလို့လက်ရှိအချိန်ထိတော့ အဲ့ဒီအနီးတစ်ဝှိုက် လူသူအသွား အလာကင်းမဲ့သွားပြီလို့ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဈေးနားတစ်ဝှိုက်ကတော့တစ်ချို့ရှောင်ကြပြီ တစ်ချို့တော့ပစ္စည်းတွေရွှေ့ပေါ့။ မြို့ကတော့ တော်တော် လေး ပြန်ခြောက်ကပ်သွားပြီ။ ဆိုင်တွေလည်းမဖွင့်ကြဘူး”လို့ပြောပါတယ်။ စစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုလုပ်ရပ်အပေါ်‌ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ကန့်ကွတ်ရှုတ်ချ ကြောင်းထုတ်ပြန်ချက်ထုတ်ထားသလို တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာကိုလည်း စစ်တပ်ရဲ့ကျူးလွန်မှု တွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ တောင်းဆိုထားခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 6 August
    သတင်း

    ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုဟာ အရပ်သားပစ်မှတ်ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလေးယေဦးကပြောပါတယ်။ ဖြစ်စဥ်ကတော့ မနေ့က ဩဂုတ်လ ၅ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ ရဲ့ အရပ်သားအများဆုံးရှိတဲ့ မြို့မဈေးနဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ “မနေ့ကတိုက်ခိုက်မှုက ကျမတို့ကိုဦးတည်ပြီးတော့တိုက်ခိုက်တယ်ဆိုတာထက် အရပ်သား ကိုဦးတည်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရပ်သားအများဆုံးတည်ရှိရာမြို့မဈေး ပြီးရင် လမ်းဆုံကိုမှ ရွေးပြီးမှတိုက်ခိုက်တာဖြစ်တဲ့အတွက် အရပ်သားကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာ ဖြစ်ပါတယ်။”လို့ တအာင်းတပ်မတော် TNLA ရဲ့ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးကပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ်အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက တစ်ဦးကဒဏ်ရာပြင်းထန်ပြီးတော့ တစ်ဖက်မှာ မြို့မဈေးဆိုင်ခန်းတစ်ချို့နဲ့ နေအိမ်ပျက်ဆီးမှုတွေ ရှိတယ်လို့ ကွတ်ခိုင်မြို့တွင်းက ပရဟိတအသင်းအဖွဲ့တွေကပြောပါတယ်။ “ဒဏ်ရာရတဲ့သူကတော့ ၁၀ ယောက်လောက်ရှိတယ်။ အပြင်းအထန်ကတော့ ၁ ယောက်ပေါ့ ကျန်တာက တော့ဘာမှမသိရသေးဘူး။ အဓိကတော့ ဈေးရဲ့ ၃ ပုံ ၁ ပုံလောက်တော့လောင်သွားတယ်ပြောတယ်။ သေတဲ့ထဲ တစ်ချို့ကလမ်းသွားရင်းနဲ့ ထိတာ။ တစ်ယောက်ကတော့ ဈေးရောင်းရင်းနဲ့ပဲသေတာတဲ့”လို့ ကွတ်ခိုင်မြို့တွင်းကပရဟိတအသင်းအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ဒီကနေ့မနက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့ကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြို့မဈေးကို ၁ နာရီကြာဝင်ခွင့်ပြုခဲ့ပြီး ပစ္စည်းတစ်ချို့ထုတ်ခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ကလေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကင်းထောက်လေယာဥ်နဲ့ပတ်ဝဲပြီးမှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ကင်းထောက်လေယာဥ်ပတ်ဝဲကတည်းက မြို့မဈေးကဒေသခံတွေဟာ ဆိုင်ပိတ်သိမ်းပြီးလုံခြုံတဲ့ နေရာကို ထွက်ပြေးကြလို့သာအထိအခိုက်နည်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီး၇လုံးအထိအသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာနဲ့အနီးတစ်ဝှိုက်ကို TNLA က နယ်မြေရှင်းလင်းရေး တွေလုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Jan- 2024 -
    3 January
    သတင်း

    ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို KPDF စောင့်ကြိုတိုက်ခိုက်

    ကချင်ပြည်နယ် ရွှေကူမြို့ အောက်လေးလမ်းဆုံဂိတ်က ထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ ဒီကနေ့ မနက် ၈နာရီခွဲအချိန်မှာ ရွှေကူအောက်လေးလမ်းဆုံမှာ…

    Read More »
  • Dec- 2023 -
    20 December
    သတင်း

    ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀…

    Read More »
  • Nov- 2023 -
    22 November
    သတင်း

    အင်းတော်မှာ ရွာသားတွေကိုအကာကွယ်ယူပြီး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ABSDF  သွားရောက်တိုက်ခိုက်

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျောင်းသားတပ်မတော် ABSDF ဒီမနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ဒီနှစ်မတ်လကတည်း ဝင်ရောက်တပ်စွဲနေတဲ့  တပ်မ ၇၇ လက်အောက် စစ်အင်အား ၃၀ ကျော်ကို နိုဝင်ဘာ…

    Read More »
  • Sep- 2023 -
    11 September
    သတင်း

    ခလားယန်(Hkala Yang)မှာ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဉ်တန်းအထိနာနေ

    စစ်ရေးတင်းမာနေတဲ့ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ခလားယန်(Hkala Yang)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး အထိနာနေတယ်လို့  ဒေ့ါဖုန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလဆန်းပိုင်းကနေဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲရောက်ရှိနေတဲ့ စစ်ကောင်စီယာဉ်တန်း ၂၅ စီးဟာ စက်တင်ဘာလ ၉ ရက်နေ့ ဒေါ့ဖုန်းယန်အထက်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့အချိန် ၂ မိုင်လောက်အကွာမှာရှိတဲ့ ခလားယန်မှာ…

    Read More »
  • 6 September
    သတင်း

    ရွှေကူမြို့ထွေအုပ်ရုံး ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီကနေ့တစ်ရက်ထဲ ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၁၁ ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။ ရွှေကူမြို့ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ထွေအုပ်ရုံးကို KPDF တပ်ရင်း ၅ တပ်ဖွဲ့က ဒီနေ့ ၁၁ နာရီလောက်မှာတစ်ကြိမ် ၁၁ နာရီ ၄၂ မိနစ်မှာ တစ်ကြိမ် ၂ ကြိမ်တိတိ…

    Read More »
  • Jun- 2023 -
    6 June
    သတင်း

    စာသင်ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေချိန် လေယာဉ်ဖြင့် တိုက်ခိုက်ခံရသဖြင့် ဒေသခံ ၄ ဦး ထက်မနည်း ထိခိုက်

    ကလေးမြို့နယ်မြောက်ပိုင်းရှိ ရှု့ခင်းသာကျေးရွာတွင် စာသင်ကျောင်းဖွင့်ရန် အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့်ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဥ် M13 အမျိုးအစားဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သားထိခိုက်မှုအပြင် ကျောင်းဆောင်နံရံလည်း ပျက်ဆီးသွားခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG…

    Read More »
  • Apr- 2023 -
    18 April
    တိုက်ပွဲSNA

    SNA တပ်စခန်းတစ်ခုကို KIA နှင့် PDF တို့ တိုက်ခိုက်သိမ်းပိုက်ထား

    ကချင် နှင့် စစ်ကိုင်းနယ်စပ် ဟုမ္မလင်းမြို့နယ် မန်ဇိန်းကျေးရွာအနီး နန့်ကသာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့မှ တိုက်ခိုက် သိမ်းပိုက်ထားသည်ဟု သိရသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ အဖွဲ့ကတိုက်ခိုက်ခဲ့ပြီး လက်ရှိ…

    Read More »
  • 17 April
    တိုက်ပွဲ

    ပဇီကြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် ကလေးသူငယ် ၄၀ ဦး ဝန်းကျင်ပါဝင်

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် အရပ်သားပြည်သူ ၁၇၁ ဦးပါဝင်ရာ ထိုအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၃၇ ဦး နှင့် အမျိုးသမီး ၂၄ ဦးပါဝင်‌ကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။ အဆိုပါ သေဆုံးသွားသည့် ကလေးငယ်များတွင် အသက်…

    Read More »
Back to top button