တိုက်ပွဲသတင်း

တိုက်ပွဲငြိမ်နေတဲ့ ဝိုင်းမော်မြို့နယ် ရွာ ၂  ရွာကို စစ်ကောင်စီတပ် ဗုံးကြဲ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် မုတ်ကျိတ်၊ နန့်ဝါ ကျေးရွာအနီးတဝိုက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း  နာရီဝန်းကျင် Y – 12 လေယာဉ်အမျိုးအစားနဲ့ မုတ်ကျိတ်၊ နန့်ဝါကျေးရွာအနီး လေယာဉ်ဗုံး  ကြိမ်ကြဲသွားတာကြောင့် အရပ်သားပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ်  လုံးပျက်စီးသွားတယ်လို့ ဝိုင်းမော်ဒေသခံ တစ်ဦး KNG ကိုပြောပါတယ်။

မနေ့ညနေ နန့်ဝါကျေးရွာမှာ လေယာဉ်ဗုံးလာကြဲတာ  ကြိမ်လောက်ရှိတယ်။ နေအိမ်  လုံးပျက်စီးသွားတယ်။ ပြည်သူတစ်ဦးက ဗုံးစထိလို့ ထိခိုက်ဒဏ်ရာရသွားတယ်။ အရမ်းကြီး စိုးရိမ်စရာတော့မရှိဘူး။ ပြီးရင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးတွေ ပစ်ကူတယ်။ ဘယ်လို သတင်းတွေရထားတာလဲတော့မသိဘူးလို့ပြောပါတယ်။

စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတဲ့ မုတ်ကျိတ်၊နမ့်ဝါကျေးရွာတွေဟာ ရွာချင်းဆက်ရှိတဲ့ရွာတွေဖြစ်ပြီး ပြည်သူ့စစ်နဲ့စစ်တပ်ဂိတ်အထိုင်ချထားတဲ့ ဝူယန်ကျေးရွာအထက်မှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲငြိမ်သက်သွားတာ  လခန့်ကြာမြင့်သွားပြီဖြစ်ပေမယ့် စစ်တပ်ဘက်နေ အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာဟာ တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ကို လွက်လွတ်လိုက်ရတဲ့အတွက် ကျေးရွာဘက်ကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်နေကြပါတယ်။

မနေ့က တစ်ရက်ထဲ ရွာ  ရွာ ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့ည  ၁၀ နာရီဝန်းကျင်မှာတော့ ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းကနေလည်း အဲဒီကျေးရွာဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်ဘက်မှာ ပစ်ခတ်မှုဖြစ်နေတာနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။

မနေ့  ဝိုင်းမော်ဘက်မှာ လက်နက်ကြီးသံတွေ ပြန်ကြားနေရတယ်။ အသံကတော့ ဝိုင်းမော်ဘက်ခြမ်းပဲ ဒီမှာက ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်ဘက်မှာ ဘာဖြစ်နေလဲတော့ မသိရဘူးလို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်နေတဲ့ ဝူယန်  မုတ်ကျိတ်၊ နန့်ဝါ စတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီကတည်းက ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည်သူအများပိုင်းက နီးစပ်ရာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့က  စားဝတ်နေရေးအခက်အခဲကြောင့် ကျေးရွာထဲကို ပြန်လာနေထိုင်ကြတဲ့ ဒေသခံတွေလည်းရှိပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက စစ်ရေးအခြေအနေအရ ကားလမ်းမကြီးတစ်ကြောမှာရှိတဲ့ ဝူယန်၊ မုတ်ကျိတ်၊ နန့်ဝါ စတဲ့ အထက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ နေရာယူထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့ပေါ်အထိ စစ်ကောင်စီတပ်တွေ နေရာယူးထားတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button