ပူတာအို

  • Sep- 2024 -
    5 September
    သတင်း

    ပူတာအိုဘက်ကို စားသောက်ကုန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ခက်ခဲနေဆဲ

    ပူတာအိုမြို့နယ်ဘက်ကို ကုန်ကားတစ်ချို့ သွားလာခွင့်ရနေပြီဖြစ်ပေမယ့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်ကြားမှာ လမ်းပိုင်းပျက်စီးနေသေးတဲ့အတွက် စက်သုံးဆီနဲ့ ကုန်ပစ္စည်းအများပိုင်း သယ်ယူဖို့ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ နှစ်လကျော်အကြာ ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းမှာ ဩဂုတ်လ ၂၈ ရက် နောက်ပိုင်း ကုန်ကားအသေးသွားလာခွင့်ရနေပြီး  မြစ်ကြီးနားကနေ တက်သွားတဲ့ ကုန်ကားအကြီးတွေ ဆွမ်ပရာဘွမ့်မြို့နယ် ဆူယန်းကျေးရွာအထိသာ ရောက်ရှိနိုင်သေးတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။ ဒါကြောင့်  ပူတာအိုဘက်ကနေ ကားသေးတွေနဲ့ ဆူယန်းရွာကနေ တစ်ဆင့် ကုန်ပစ္စည်းတွေကို မြို့ထဲပြန်သယ်ယူနေရတယ်လို့ ပူတာအိုဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “ကားအသေးတွေတော့ ပြန်တက်နေပြီ ဒါပေမယ့် ကားအကြီးတွေ တက်လို့မရသေးဘူး။ စက်သုံးဆီတွေဆိုရင်တော့ ပူတာအိုဘက်ကနေ ဆင်သွားတဲ့ ကားနဲ့ ကားကြီးတွေက လမ်းပျက်နေတဲ့ နေရာအထိ သွားပြီးတော့ ပိုက်တွေနဲ့ ပြန်စုပ်ပြီး ပူတာအိုဘက်ကို ပြန်သယ်ယူသွားရတယ်။ ကားကြီးတွေ ဆူယန်ဆိုတဲ့ ရွာအထိပဲရောက်နိုင်သေးတယ်”လို့ပြောပါတယ်။ ဆူယန်ရွာမှာ ပိတ်မိနေတဲ့ကုန်ကားကြီးတွေက ပူတာအိုမြို့နယ်ဘက်ကို ဝင်ရောက်နိုင်ဖို့ရန်အတွက် လမ်းပြုပြင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ခုလို မြစ်ကြီးနား– ပူတာအိုလမ်းပိုင်း ကုန်ကားကြီးတွေ ပုံမှန်တိုင်းသွားလာလို့မရသေးတဲ့အတွက် လက်ရှိ ပူတာအိုမြို့ထဲ ကုန်စျေးနှုန်း ကျဆင်းသွားခြင်းမရှိဘဲ ပုံမှန်စျေးနှုန်းတက်နေတဲ့အခြေအနေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုဒေသခံ အမျိုးသားက ဆက်ဆိုပါတယ်။ “စက်သုံးဆီတော့ အနည်းငယ် မသိမသာလေးကျလာတယ်။ ဒါပေမယ့် ကုန်းပစ္စည်းတွေက လုံးဝမကျဘူး။ အခုက လမ်းမှာ တစ်ဆင့်ခံပြန်သယ်ယူရသေးတော့ တင်ခက စျေးများနေတာ အဲဒါကြောင့် ကုန်စျေးနှုန်းက နေ့တိုင်းတိုင်းလိုလိုတက်နေတာ”လို့ပြောပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးမှုကြောင့် လမ်းပိတ်မိနေတဲ့ နှစ်လအတွင်း ပူတာအိုမြို့မှာ စက်သုံးဆီ ဓါတ်ဆီတစ်ဂါလံ တစ်သိန်း နှစ်သောင်းဝန်းကျင်အထိရှိခဲ့ပြီး တစ်ခြားကုန်စျေးနှုန်းတွေလည်း စျေးအဆမတန်မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၈ ရက် လမ်းပြန်ဖွင့်သွားတဲ့နောက်ပိုင်း တစ်ပတ်အတွင်းမှာ စက်သုံးဆီ တစ်ဂါလံ လက်ရှိပေါက်စျေး ၆၀၀၀၀ ကျော်အထိ လျှော့ကျသွားပြီးတော့ ကြက်ဥတစ်လုံးကို ၁၆၀၀ အထိရှိနေသေးတယ်လို့ သိရပါတယ်။ အခုလို ပူတာအိုဒေသမှာ ကုန်စျေးနှုန်းတက်နေတာဟာ တဆင့်ခံဝယ်ယူတဲ့ မြစ်ကြီးနားမြို့မှာတင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီး ရရှိနေသေးတဲ့ ကုန်ပစ္စည်းတွေလည်း စျေးနှုန်း နေ့စဉ် တစ်ထောင်ကျော် အထက် စျေးနှုန်းမြင့်တက်နေတဲ့အတွက် ပူတာအိုဒေသလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာဒေသတွေမှာ ကုန်းစျေးနှုန်းထိုးတက်သွားတာဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် တခြားဒေသတွေထက် ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေကြတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 3 September
    သတင်း

    ပူတာအိုမှာ  CB ဘဏ်မဖွင့်သေးတဲ့အတွက် ပြည်သူတွေ ငွေသွင်းငွေထုတ်အခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာတစ်ခုတည်းရှိတဲ့ CB ဘဏ်ပြန်မဖွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေ ငွေထုတ်ငွေသွင်းအခက်အခဲဖြစ်နေတယ်လို့ ပူတာအိုမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ အင်တာနက်လိုင်းအခက်အခဲကြောင့် ဘဏ်မှာငွေသားမလုံလောက်တာလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ မေလ ၁၀ရက်ကျော်ကတည်းက ပိတ်ထားတဲ့ CB ဘဏ်ဟာ ဒီနေ့အထိပြန်လည်ဖွင့်လှစ်တာမျိုးမရှိတဲ့အတွက် ဒေသခံတွေငွေသွင်းငွေထုတ်အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ဘဏ်က မေလ ၁၀ ရက် ၊၁၅ ရက်လောက်ကတည်းကပိတ်သွားတာလေ ခုထိမဖွင့်သေးဘူး လွှဲလို့လည်းမရ ထုတ်လို့လည်းမရဘူး တချို့လူတွေဆိုဘဏ်မှာအပ်ငွေရှိတယ်ထုတ်မရဘူး”လို့ သူကပြောပါတယ်။ လက်ရှိ ပူတာအိုဒေသမှာ ငွေလွှဲနဲ့ငွေထုတ်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ကို အားထားနေရပေမယ့် မြန်မာ့စီးပွားရေးဘဏ်မှာလည်း အကန့်အသတ်နဲ့ထုတ်ပေးနေတဲ့အတွက် အခက်အခဲဖြစ်နေတာလို့  ကောင်အထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “စီးပွားရေးဘဏ်ကတော့ဖွင့်တယ်ငွေသွင်းတာနဲ့ လွှဲတာတော့နည်းနည်းအဆင်ပြေတယ် ဒါပေမယ့် ငွေထုတ်ဖို့အဆင်မပြေဘူး လူတစ်ယောက်ကို တစ်ပတ် ၂ သိန်းပဲထုတ်ပေးတယ်။ ဆယ်သိန်းထုတ်မယ်ဆိုရင် ငါးလ လောက်စောင့်ပြီးထုတ်နေရမှာအဆင်မပြေဘူး”လို့ ပြောပါတယ်။ ပူတာအိုဒေသထဲက မိသားစုအများပိုင်းဟာ ထိုင်း၊မလေးရှား၊စင်္ကာပူ၊အိုမန်စတဲ့ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မိသားစုဝင်တွေရဲ့ ပြည်ပလွှဲငွေကို အားကိုးနေရတဲ့မိသားစုတွေများတယ်လို့ သိရပါတယ်။ “ရပ်ကွက်တစ်ခုမှာအိမ်ခြေ ၅၀ လောက်ရှိရင် အိမ်ခြေ ၃၀ လောက်က ပြည်ပမှာ အလုပ်လုပ်တဲ့လူရှိတယ် တချို့ဆိုတစ်အိမ်ထဲကနေ သုံးလေးယောက်ထိသွားကြတာ တခြားစီးပွားရေးလည်းမရှိဘူးလေဒီဘက်မှာက လကုန်လို့သူတို့လွှဲလာတဲ့ပိုက်ဆံနဲ့ပဲ အားလုံးဖြေရှင်းနေရတာအခုငွေထုတ်မရလို့ဆိုပြီးခက်ခဲ နေတဲ့လူတွေအများကြီးရှိတယ်”လို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။ လတ်တလော ပူတာအိုဒေသခံတွေဟာ ငွေလွှဲငွေထုတ်အတွက် Kpay ဆိုင်တွေကိုအားကိုးနေရပေမယ့် Kpay ဆိုင်တွေမှာလည်း ထုတ်ခ ကျပ်တစ်သိန်းကို ကျပ် သုံးထောင်ကနေ ကျပ် ၅ထောင်အထိ ပေးဆောင်နေရတဲ့အပြင် ငွေသား အကန့်အသတ်နဲ့သာထုတ်လို့ရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းကနေကချင်တစ်ပြည်နယ်ဖုန်းဆက်သွယ်ရေးလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ wifi အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာဖြစ်ပြီး လတ်တလောပူတာအိုမြို့နယ်ထဲက Atom ဖုန်းလိုင်းတစ်ခုတည်းနဲ့သာဆက်သွယ်လို့ရတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Aug- 2024 -
    28 August
    သတင်း

    နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

    နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီ​ဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့  ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။  “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…

    Read More »
  • 28 August
    သတင်း

    ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက် နဲ့ ဂျူဗလီရပ်ကွက်ကြား ဝါးတားဂိတ်လုပ်ပြီး အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဂိတ်က ပူတာအိုမြို့ကနေဆိုရင်တော့မြို့အထွက်ပေါ့ မချမ်းဘော့တို့ နောင်မွန်ဘက်တို့ကနေလာရင်တော့ မြို့အဝင်ဖြစ်တယ်သုံးလမ်းဆုံနေရာမှာဆိုင်ပြီးစစ်နေတာ ခရီးသွားတွေကိုအဓိက စစ်တယ်မေးတယ် သတင်းပို့ရတယ်ဂိတ်ရောက်ရင်”လို့ သူကပြောပါတယ်။ လက်ရှိစစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာဟာ ပူတာအို နောင်မွန်နဲ့မချမ်းဘော့သွားတဲ့ကားလမ်းမကြီးပေါ်မှာရှိပြီး  ဂိတ်နဲ့ ပေ ၁၀၀၀ ကျော်လောက်အကွာမှာတော့ တန်ဂူးတန်ပြည်သူ့စစ်ရဲ့ ပူတာအို အခြေစိုက်စခန်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့ဧရိယာထဲမှာတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ ခုလိုဂိတ်ထိုင်ပြီးခရီးသွားပြည်သူတွေကိုစစ်ဆေးတာ၊ မသင်္ကာတဲ့ပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာလုပ်နေတဲ့အတွက် အများပြည်သူ သွားလာရေးမှာအခက်အခဲဖြစ်နေတယ်လို့လည်း နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဂိတ်ကမြို့ထဲမှာပဲလို့ပြောလို့ရတယ် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက်ကြားမှာလေး အဲ့နားရောက်ရင်တော့ဆိုင်ကယ်လည်းဖြေးဖြေးပဲမောင်းပေးရတယ် ပေ ၁၀၀ လောက်ကိုသူတို့က သံဆူးခွေတွေနဲ့လမ်းလယ်ခေါင်ထိချထားတာ သူတို့ကတားရင်ရပ်ပေးရတယ်မြို့ဆိုလည်း မသက်ာရင်တော့စစ်တယ်”လို့အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဒီစစ်ရေးဆေးဂိတ်မှာ ပုံမှန်အားဖြင့် ရဝမ်ပြည်သူ့စစ်အဖွဲ့တွေဂိတ်ထိုင်တာဖြစ်ပြီး တစ်ခါတစ်ရံ စစ်ကောင်စီစစ်သားတွေလည်းပူးပေါင်းဂိတ်ထိုင်တာမျိုးရှိတယ်လို့သိရပါတယ်။ ပူတာအိုမြို့ ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့စစ်ဆေးရေးဂိတ်ရှိသလို ပူတာအိုမြို့အဝင်မှာတော့ မူလာရှီးဒီးစစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတာ ဖြစ်ပါတယ်။ တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ အထက်ဖော်ပြပါနေရာနှစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်ထိုင်ဖို့ ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာရှိပြီး ပူတာအိုခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့မှာ မြစ်ကြီးနား–ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို  KIA က သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 27 August
    သတင်း

    မဂွမ်ရိန်ဒူနော် ကို မဒိမ်းကျင့်သတ်ဖြတ်တဲ့တရားခံ မူလအယူခံခွင့်ထပ် ရက်တိုးပေးတဲ့ပေါ် ကန့်ကွက်ရှုံ့ချ

    မဒိမ်းမှုနဲ့ လူသတ်မှုကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့နဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ နေ့ကပဲ ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    Read More »
  • 26 August
    သတင်း

    ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေး‌ဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက ၃ သိန်းကျော်ဘဲ  မန္တလေးအထိဆိုရင်တော့ ၄ သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇…

    Read More »
  • 23 August
    သတင်း

    ပူတာအိုမှာ ဆားတစ်ထုပ် ကျပ် ၅၀၀၀ ပေးဝယ်နေရတဲ့အထိ ကုန်စျေးနှုန်းဆက်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ လေကြောင်းလိုင်းတစ်ခုတည်းနဲ့တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှန်းဆက်ပြီးမြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဒီကနေ့ထိ ကားလမ်းပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အခြေခံစားသောက်ကုန်တွေကို လေကြောင်းလိုင်းကနေ သယ်ယူနေရတာကြောင့် ကုန်ဈေးတွေဆက်ပြီးမြင့်တက်နေတာလို့ ‌ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “ကားလမ်းက ခုနှစ်လပိုင်း ရှစ်ရက်နေ့လောက်ကတည်းက ပြင်နေပြီလို့ပြောတာအခုထိတော့ကားတွေကိုရောက်မလာသေးဘူး ကားမလာတော့လေယာဉ်နဲ့ပဲတင်ကြတယ်။ ဒါတောင်စိတ်ကြိုက်တင်လို့မရဘူးနည်းနည်းဘဲတင်လို့ရတယ်။ ကုန်ဈေးကတော့လေယာဉ်နဲ့ဆိုတော့သိတဲ့အတိုင် ခေါက်ဆွဲခြောက်တစ်ထုပ် ၂ဝဝဝ တဲ့ လက်ဖက်ထုပ်ယုဇနလည်း ၂ဝဝဝ ထုပ်သေးတစ်ထုပ်ကို ‌အဲ့လောက်ထိတက်တယ်။” လို့ အသက် ၃ဝ ကျော်အရွယ် ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ လက်ရှိပူတာအိုမြို့ပေါ််မှာ အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ်ကျပ် ၂ဝဝဝ၊ ဆားဆီတစ်ပိသာ ကျပ် ၄ဝဝဝဝ၊ ဆားတစ်ထုပ် ကျပ် ၅ဝဝဝ၊ ရွှေဝါဆပ်ပြာခဲ တစ်ခဲကျပ် ၃ဝဝဝ အထိဈေးတက်နေပြီးအခြားကုန်တွေလည်း အလားတူဈေးမြင့်တက်နေတယ်လို့သိရပါတယ်။ လူသုံးကုန်၊စားသောက်ကုန်တွေကို မြစ်ကြီးနားလေဆိပ်ကနေ ပူတာအိုလေဆိပ်အထိ တစ်ကီလိုကျပ် ၁၈ဝဝဝ ပေးပြီး စိတ်ကြိုက်တင်လို့ရပေမယ့် ဆန်တင်ရတာအခက်အခဲရှိနေတဲ့အတွက် ပူတာအိုမြို့ပေါ််မှာ ဆန်ဈေးကြီး ဝယ်ယူဖို့ခက်ခဲတဲ့အထိဖြစ်နေတယ်လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ထပ်ပြောပါတယ်။ “ဆန်ကတော့လေယာဉ်နဲ့ဘယ်သူမှမတင်ကြဘူး တစ်ကီလို ၁၈ဝဝဝ ဆိုတော့မလွယ်ဘူးလေ အဲ့ကြောင့်အခုလောလောဆယ်အောက်ပိုင်းဆန်ကမရှိဘူး ဒေသဆန်ပဲရှိတယ် ဒေသဆန်က တစ်သောင်းဖိုးဆို ခြောက်ခွက်အထိပဲရတယ် အိတ်လိုက်တော့ဝယ်ဖို့ခက်တယ်”လို့ သူကဆက်ပြောပါတယ်။…

    Read More »
  • 13 August
    သတင်း

    နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ဧက ၁၀၀ ဝန်းကျင်လောက် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း နောင်မွန်မှာ မိုးသည်ထန်စွာရွာသွန်းပြီး တလွမ်ချောင်း ရေကြီးရေလျှံဖြစ်ပြီး မြို့ရဲ့ အနောက်ဘက်ခြမ်း တစ်မိုင်လောက်အကွာမှာရှိတဲ့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့…

    Read More »
  • 5 August
    သတင်း

    နောင်မွန်မြို့မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေ

    ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဆန်ဝယ်ယူဖို့ခက်ခဲလာတဲ့အခြေနေမှာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းပျက်စီးသွားတဲ့နောက်ပိုင်း ကုန်ကားအဝင်မရှိတော့အတွက် ပူတာအိုမြို့ထဲမှာ ကုန်ပစ္စည်းတွေပြတ်လပ်သွားတဲ့အပြင် လေယာဉ်နဲ့တင်သွင်းထားတဲ့ကုန်ပစ္စည်းတွေကလည်း ကုန်စျေးနှုန်းမြင့်တက်ဒေသခံပြည်သူတွေဝယ်ယူစားသုံးဖို့ ခက်ခဲနေတာဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ထဲ ကုန်ကားအဝင်မရှိတော့တာ ၁ လကျော်လောက် ကြာမြင့်သွားတဲ့အတွက် ပူတာအိုမြို့ကနေ တဆင့်ခံဝယ်ယူစားသုံးနေကြတဲ့ နောင်မွန်းဒေသခံတွေက အခြေခံ စားသောက်ကုန်ပြတ်လပ်သွားတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ပူတာအိုနဲ့ နောင်မွန်ကြားမှာ တစ်ပတ်မှာ တစ်ကြိမ်လောက်က ကုန်ကားတွေရှိပါတယ်။ ကုန်မရှိလို့တဲ့ ဘာမှမရောင်းတော့ဘူး။ တစ်ပိဿာ ဗူးတစ်တစ်ခုက သုံးသောင်း နှစ်ထောင်လောက်ရှိတယ်။ ပြီးရင် ကြက်သွန်ဖြူ၊ အနီးကလည်း ကျနော်တို့က မဝယ်စားနိုင်လို့ မဝယ်စားတာကြာပြီ။ အခုက ရှိတောင်မရှိတော့ဘူး။ အခုက ရှိတဲ့ သူတွေဆီကနေ နည်းနည်းစီ တောင်းစားနေကြတာ”လို့ပြောပါတယ်။ လက်ရှိ နောင်မွန်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ဒေသထွက်ဆန်တစ်ခုတည်းကိုသာဖြစ်သလို စားသုံးနေကြတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ပူတာအိုမြို့နဲ့ နောင်မွန်အထိ ပုံမှန်တက်နေတဲ့ လိုင်းကားတွေကလည်း ပူတာအိုမှာကုန်ပစ္စည်းအဝင်နည်းသွားတာကြောင့် ကုန်ပစ္စည်းတင်စရာမရှိသည်သာတင်မက  စက်သုံးဆီ ရရှိဖို့ ခက်ခဲသွားတာကြောင့် အရင်လိုနေ့တိုင်းတက်တဲ့ လိုင်းကားသမားများတစ်ပတ်မှာ တစ်ကြိမ်လောက်သာ သွားနိုင်တော့တယ်လို့ နောင်မွန်းဒေသခံက ဆက်ဆိုပါတယ်။ “ကုန်ကားတစ်စီးက တစ်ပတ်မှာ တစ်ကြိမ်လောက်တောင် မတက်လာနိုင်တော့ဘူး။ ကုန်လည်းမရှိဘူးတဲ့ ပြီးရင် လူလည်း သွားသွားလာလာမရှိတော့ဘူး။ စက်သုံးဆီ ဒီဇယ်တစ်ဂါလံကို ခြောက်သောင်းရှိတယ်။ ပူတာအိုနဲ့ နောင်မွန်သွားရင် ၁၅ ဂါလံလောက်ကုန်တယ်။ အဲဒါကြောင့် လိုင်းကားဆွဲတဲ့ သူတွေက မကိုက်ဘူးဆိုပြီး တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ ကုန်ကားတွေ ရောက်တော့တယ်”လို့ ပြောပါတယ်။ နောင်မွန်ဒေသခံပြည်သူတွေလက်ရှိမှာ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူစားသုံးနိုင်ဖို့ ခက်ခဲနေသလို စက်သုံးဆီတွေလည်း ဝယ်ယူဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နောင်မွန်းဒေသခံပြည်သူတွေ အရင်ပူတာအိုမြို့ထဲကို ဆင်းရင် အသွားအပြန် တစ်သိန်းဝန်းကျင်လောက်သာ ကုန်ကျပေမယ့် လက်ရှိ အသွားအပြန် တစ်ခေါက်စာကို လေးသိန်းလောက် ကုန်ကျတာကြောင့် သွားလာဖို့လည်း ခက်ခဲနေတယ်လို့ ဆက်သိရပါတယ်။ အခုလို သွားလာရေးတွေခက်ခဲသွားတာကြောင့် ဒေသထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ရပ်တန့်သွားရပြီး ငွေကြေးအခက်ခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပူတာအိုခရိုင်ထဲမှာရှိတဲ့ နောင်မွန်၊ မချမ်ဘော စတဲ့ မြို့နယ်တွေက အခြေခံစားကုန်တွေကို ပူတာအိုမြို့ပေါ်ထဲကနေ တဆင့်ခံ ဝယ်ယူစားသုံးနေကြတာဖြစ်တဲ့အတွက် အခုလို ကုန်ပစ္စည်းပြတ်လပ်သွားတဲ့ အခက်အခဲကို ကြုံတွေ့နေတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီက ပူတာအိုမြို့နယ်ထဲမှာ စားသောက်ကုန် ဖူလုံရေးအတွက် ကုန်ပစ္စည်းတွေကို လေကြောင်းနဲ့ တင်ပို့ပေးတာတွေရှိပေမယ့် ကုန်စျေးနှုန်းတွေ အရင်စျေးနှုန်းထက် ၃ ဆလောက်မြင့်တက်သွားတာကြောင့် ပြည်သူတွေက ဝယ်ယူစားသုံးဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။ နောင်မွန်မြို့ထဲမှာ ဆန်တစ်အိတ်ကို နှစ်သိန်း ခုနှစ်သောင်း၊ စက်သုံးဆီ တစ်ဂါလံ ခြောက်သောင်းကျော်၊ ကြက်သွန်နီ/ဖြူ တစ်ပိဿာ သုံးသောင်းခွဲ ၊ ငရုတ်သီး တစ်ဗူး ငါးထောင်ကျပ် ရှိတယ်လို့ သိရပါတယ်။ အလားတူ ပူတာအိုမြို့ပေါ်မှာလည်း ကုန်စျေးနှုန်းမြင့်တက်မှု၊ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ပြည်သူတွေက အဖက်အဖက်မှာ အကြပ်အတည်းတဲ့ ကာလကို ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ပူတာအိုဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ မတ်လကတည်းက မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ဆွမ်ပရာဘွမ့်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကားလမ်းပိုင်းကို ၃ လခန့် နှစ်ဖက်စစ်တပ်က ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ပူတာအိုမြို့နယ်ထဲမှာ ကုန်ပစ္စည်းနဲ့ စက်သုံးဆီကို ပြတ်တောက်သွားတာကြောင့် ဇွန်လမှာ နှစ်ဖက်စစ်တပ်ရဲ့ ညှိနှိုင်းမှုနဲ့ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို အကန့်အသတ်နဲ့ သယ်ယူခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင် လဆန်းပိုင်းမှာတင် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်း ရေတိုက်စားပြီး မြေပြိုမှုတွေဖြစ်ကာ လမ်းပိုင်းပျက်စီးနေတာ တစ်လကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ပူတာအိုဒေသခံပြည်သူတွေဟာ ကားလမ်းပိုင်းပျက်စီးမှု၊ ဖုန်းအဆက်အသွယ်ခက်ခဲမှု၊ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှု စတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jul- 2024 -
    29 July
    သတင်း

    ပူတာအိုမှာ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် ဆီဆိုင်ကိုကျောက်ခဲနဲ့ပစ်ပေါက်ပြီး အငြင်းပွားမှုတွေဖြစ်နေ

    ပူတာအိုမြို့နယ်မှာ စက်သုံးဆီ ဝယ်ယူဖို့ ခက်ခဲနေပြီး စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပြည်သူတွေကြား အငြင်းပွားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်း စစ်တပ်နဲ့ KIA တပ်ရဲ့ညှိနှိုင်းမှုနဲ့အတူ ပူတာအိုဘက်ကို စက်သုံးဆီလုံလုံလောက်လောက်တင်သွင်းထားပေမယ့် ဆီဆိုင်ကြီးတွေဟာ ပြည်သူတွေကို လိုသလောက်ရောင်းချပေးတာမရှိဘဲ လုပ်ငန်းရှင်တွေကိုသာ မှောင်ခိုစျေးနဲ့ရောင်းချပေးနေတယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက်သာမရှိတဲ့ ရောင်းချပေးတဲ့စနစ်ကြောင့် ဆီဆိုင်မှာ လာရောက်တန််််််််််းစီကြတဲ့ ပြည်သူတစ်ချို့ ဆီမရရှိတဲ့အတွက် ဆီဆိုင်ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့အထိ ဆီဝယ်ယူရခက်ခဲနေတယ်လို့ ပူတာအိုဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဆီရောင်းချပေးတာကို အချိန်တစ်ခုကန့်သတ်ပေးတာလည်းမရှိဘူး။ ဆီလိုအပ်လို့ လာတိုးကြတဲ့ ပြည်သူတွေက ရာချီရှိတယ်။ တိုးလို့မရဘူးဆိုရင် အချင်းချင်းရန်ဖြစ်ကြ။ တစ်ချို့သူတွေဆိုရင် အဝေးကြီးကနေ ကိုယ့်မှာရှိထားတဲ့ ဆီကုန်ခံပြီးလာတိုးကြတာ ဆီဆိုင်ကနေ ကုန်ပြီလို့ပြောပြန်ပြောတော့ ကျောက်ခဲတွေနဲ့ပစ်ကြ ခိုက်ကြဖြစ်နေကြတယ်”လို့ ပူတာအိုဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ရေကြီးရေလျှံမှုမတိုင်မှီ ဇွန်လထဲမှာ စစ်တပ်နဲ့ KIA ရဲ့ ညှိနှိုင်းမှုကြောင့် ဆီပေပါ ၃ ထောင်ခန့် ပူတာအိုမြို့ဘက်ကို တင်သွင်းထားပြီလို့သိရပါတယ်။ လက်ရှိမှာ စက်သုံးဆီရောင်းဝယ်တဲ့ ဆီဆိုင်ကြီးတွေက ဆီပြတ်သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့  ပြည်သူတွေ လိုသလောက်ရောင်းချပေးတာမျိုးမရှိဘဲ အကန့်အသတ်နဲ့သာ ခက်ခက်ခဲခဲ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။ ဆီကုန်သည်တွေက လုပ်ငန်းရှင်တွေကိုသာ စျေးနှုန်းတွေမြင့်တင်ပြီး မှောင်ခိုစနစ်နဲ့ ရောင်းချပေးနေတာကြောင့် လက်ရှိပူတာအိုမြို့နယ်ထဲမှာ ဓါတ်ဆီတစ်ပေပါကို မြန်မာငွေ သိန်း ၆၀ အထိ မြင့်တက်နေပြီး ဒီဇယ်တစ်ပေပါ သိန်း ၃၀ အထိရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် လက်ရှိ ပူတာအိုမြို့မှာ ပြည်သူတွေ စက်သုံးဆီဝယ်ယူဖို့ ခက်ခဲနေတဲ့အထဲမှာ လက်ကား ပုလင်းချိန်နဲ့ ရောင်းချခွင့်မပေးဘဲ ဖမ်းဆီးတာတွေရှိနေတာကြောင့်လည်း စက်သုံးဆီရရှိဖို့ ခက်ခဲနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မတိုင်ခင် ဖုန်းလိုင်းတွေရရှိနေတဲ့အတွက် ပြည်သူတွေအချင်းချင်းဖုန်းကနေ တစ်ဆင့်ဆက်သွယ်ပြီး အဆင်ပြေနေကြပေမယ့် အင်တာနက်လိုင်းဖြတ်တောက်ခံလိုက်ရတဲ့နောက်မှာတော့ ဆိုင်ကယ်နဲ့သွားရတဲ့ခြေနေတွေကြောင့် စက်သုံးဆီအခက်ခဲကပိုပြီးဆိုးလာတာဖြစ်တယ်လို့လည်း ပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ …

    Read More »
Back to top button