မန်တုံ

  • Dec- 2025 -
    9 December
    သတင်း

    မန်တုံမှာ TNLA က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီးမြေရှားတူးဖို့ပြင်ဆင်နေ

    ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့ စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဟာ တရုတ်လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး မန်တုံဒေသမှာ မြေရှားသတ္တုတူးဖို့ ပြင်ဆင်နေပြီဖြစ်ကာ လက်ရှိမှာသတ္တုလုပ်ကွက်အတွက် စမ်းသပ်တူးဖော်တာတွေ လုပ်ဆောင်နေတာကြောင့်…

    Read More »
  • Oct- 2025 -
    21 October
    သတင်း

    ရှမ်းမြောက် မြို့ ၄ မြို့ တစ်နေ့တည်း လေကြောင်းတိုက်ခိုက်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ မိုးကုတ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၉ ရက်နေ့ တစ်နေ့တည်းမှာပဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ ဘာသာရေးအဆောက်အဦး၊ မီးသတ်ရုံး၊ လက်ဖက်စက်ရုံ၊ အရပ်သားနေအိမ်၊…

    Read More »
  • May- 2025 -
    21 May
    သတင်း

    မုံး‌မော်ရှိ KIA တပ်စခန်းတွေဖယ်ပေးဖို့ TNLA က အင်အားသုံးဖိအားအားပေးနေ

    ရှမ်မြောက်၊ မန်တုံမြို့နယ် မုံးမော်(မိုင်းမော်)ရှိ KIA တပ်စခန်းတွေကို TNLA က အတင်းအဓမ္မ ဖယ်ရှားဖို့လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒါပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကတော့ နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှုမဖြစ်ဖို့ စခန်းငယ်တစ်ခုဆုတ်ပေးထားရတယ်လို့ ဒေသခံတွေ ဆိုပါတယ်။ “TNLA…

    Read More »
  • Feb- 2025 -
    27 February
    သတင်း

    မန်တုံ-မိုးမိတ်ကြား KIA တပ်စခန်းကို TNLA အင်အားသုံးဖယ်ရှားမှုမှာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ

    ရှမ်းမြောက်၊ မန်တုံ – မိုးမိတ်မြို့ ကြားရှိ မန်မောက်ရွာက KIA တပ်စခန်းကို TNLA က အင်အား အလုံးအရင်းနဲ့ ဖယ်ရှားဖို့ ကြိုးစားရာမှာ ရိုက်နက်မှုဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာပြင်းထန်ကာ မန်တုံဆေးရုံမှာ ဆေးဝါး ကုသနေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည်…

    Read More »
  • 25 February
    သတင်း

    မန်တုံ KIA တပ်စခန်း နဲ့ တိုက်နယ်ရုံးတွေကို TNLA ဆက်တိုက် စီးနှင်းသိမ်းပိုက်

    မန်တုံ– မိုးမိတ်သွားလမ်းပေါ်ရှိ KIA တပ်စခန်းတွေနဲ့ တိုက်နယ်ရုံးတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော TNLA က အင်အားနဲ့ ဝင်စီးပြီး  တပ်စခန်းနဲ့ ရုံးနေရာတစ်ခုပြီး တစ်ခုကို သိမ်းပိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ KIA တပ်မဟာ ၄၊ တပ်ရင်း ၃၄ နယ်မြေ မန်တုံမြို့နယ် မိုးမိတ်ဘက်သွားလမ်းပေါ်ရှိ မန်ဖန် (Manhpang) ကျေးရွာ၊ ရောကျန်း…

    Read More »
  • Jun- 2024 -
    14 June
    သတင်း

    KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို

    ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး KIA ဘက်ကဖြတ်တောက်လိုက်တဲ့လမ်းဟာ အများပြည်သူသုံးတဲ့လမ်းမဟုတ်ဘဲ TNLA တပ်ရဲ့ သတ္တုတင်တဲ့ကားတွေနဲ့ ကုမ္မဏီလူတွေအဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းသာဖြစ်တယ်လို့  KIO ဘက်က ပြောဆိုပါတယ်။ မိုင်းမော်နမ်ဟိုင်း(Mungmaw) နဲ့ မိုင်းဝီး( Mungwi) ကိုဆက်သွယ်ထားတဲ့ကားလမ်းပိုင်းကနေ အရှေ့ဘက်ဘော်ဟိုကျန့်…

    Read More »
  • Oct- 2023 -
    31 October
    သတင်း

    မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်း) ရွာမှာတပ်စွဲတဲ့  စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ ၄  တပ်ရင်း ၈ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက် မနက်ကစပြီး မန်ဟိုင်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၈ တပ်ဖွဲ့က နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီမခွဲခင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာ KNG ကို ပြောပါတယ်။ “စစ်တပ်ရဲ့ ရှေ့တန်း စခန်းကြီးဖြစ်တယ်။ တပ်ရင်း ၈ တပ်ဖွဲ့တွေ ၂ ရက်ကြာလောက် တိုက်ခိုက်လိုက်ရတာပေါ့။ မနေ့ည ၆ နာရီမခွဲခင် သိမ်းလိုက်နိုင်တာပေါ့။ ရိက္ခာအစားသောက်တွေ အမြောက်အများ သိမ်းယူနိုင်တယ်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများလည်း သိမ်းပိုက်နိုင်တယ်ပြောတယ်”လို့ရှေ့တန်းသတင်းရင်းမြစ် ဖြစ်သူ မန်တုံဒေသခံတစ် ဦးက ပြောပါတယ်။ သိမ်းပိုက်လိုက်တဲ့ စခန်းကနေ လက်နက်ရိက္ခာပစ္စည်း အမြောက်အများသိမ်းယူရရှိထားပြီး စစ်တုံ့ပန်း ၃ ယောက်ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တပ်စခန်းကြီးဟာ မန်တုံမြို့အခြေစိုက် ခလရ ၃၂၄ အောက် မိုင်းမော်(ခေါ် ) မန်ဟိုင်းရွာတောင်ကုန်းက ရှေ့တန်းစခန်းကြီး ဖြစ်ပြီး နှစ် ၄၀ ခန့် ကြာပြီဖြစ်တဲ့ တပ်စခန်းဖြစ်သလို အင်အား ၇၀–၈၀ ပုံမှန်တပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ကြောင်း ပြောပါတယ်။ “အဲ့ဒီစခန်းကျသွားတာ စစ်တပ်ဘက် တော်တော်ကြပ်သွားပြီ။ KIA ဘက်ကတော့ အရေးကြီးတဲ့ အောင်ပွဲပေါ့။ အဲ့ဒီ မိုင်းမော်…

    Read More »
Back to top button