တိုက်ပွဲသတင်း

မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်

ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်းရွာမှာတပ်စွဲတဲ့  စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ   တပ်ရင်း  တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက်ကစပြီး မန်ဟိုင်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း  တပ်ဖွဲ့က
နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ  နာရီမခွဲခင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာ KNG ကို ပြောပါတယ်။

စစ်တပ်ရဲ့ ရှေ့တန်း စခန်းကြီးဖြစ်တယ်။ တပ်ရင်း  တပ်ဖွဲ့တွေ  ရက်ကြာလောက် တိုက်ခိုက်လိုက်ရတာပေါ့။ မနေ့ည  နာရီမခွဲခင် သိမ်းလိုက်နိုင်တာပေါ့။ ရိက္ခာအစားသောက်တွေ အမြောက်အများ သိမ်းယူနိုင်တယ်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများလည်း သိမ်းပိုက်နိုင်တယ်ပြောတယ်လို့ရှေ့တန်းသတင်းရင်းမြစ် ဖြစ်သူ မန်တုံဒေသခံတစ် ဦးက ပြောပါတယ်။

သိမ်းပိုက်လိုက်တဲ့ စခန်းကနေ လက်နက်ရိက္ခာပစ္စည်း အမြောက်အများသိမ်းယူရရှိထားပြီး စစ်တုံ့ပန်း  ယောက်ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ တပ်စခန်းကြီးဟာ မန်တုံမြို့အခြေစိုက် ခလရ ၃၂၄ အောက် မိုင်းမော်(ခေါ် ) မန်ဟိုင်းရွာတောင်ကုန်းက ရှေ့တန်းစခန်းကြီး ဖြစ်ပြီး နှစ် ၄၀ ခန့် ကြာပြီဖြစ်တဲ့ တပ်စခန်းဖြစ်သလို အင်အား ၇၀၈၀ ပုံမှန်တပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ကြောင်း ပြောပါတယ်။

အဲ့ဒီစခန်းကျသွားတာ စစ်တပ်ဘက် တော်တော်ကြပ်သွားပြီ။ KIA ဘက်ကတော့ အရေးကြီးတဲ့ အောင်ပွဲပေါ့။ အဲ့ဒီ မိုင်းမော် (သို့မန်ဟိုင်းတပ်စခန်းက ဒေသခံတွေကို အရမ်းဒုက္ခပေးလို့ အားလုံးမကြိုက်ကြဘူး။ အရင်ကတည်းက ရွာသားတွေကို လုပ်အားပေးခေါ် တာနဲ့ ရေခပ်ခိုင်း၊ ရိက္ခာသယ်ခိုင်းနဲ့ ခြံကာခိုင်းနဲ့ အမြဲတမ်း ခိုင်းစေပြီး ရွာသားတွေကို အင်မတန်ဒုက္ခပေးတဲ့ စခန်းဖြစ်တယ်။” ဟု သူက ဆက်ပြောပါတယ်။

 ဒါ့အပြင် မိုင်းမော်Mungmaw) ၊နမ်ဆွမ်၊ နမ္မတူမြို့ ပတ်ဝန်းကျင် တစ်လျှောက်ကို ထိန်းချူပ်ထားတဲ့ တပ်စခန်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီဒေသမှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ဂျက်လေယာဉ်  စီးခန့်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိုင်းမော်(သို့မန်ဟိုင်းရွာက ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေအပါအဝင် ဒေသခံပြည်သူနေအိမ်များ ထိခိုက်ပျက်စီးသွားတာရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ကျေးရွာ  ရွာခန့်က ရွာသားတွေ တောထဲ    ဖွဲ့ခွဲပြီး ပုန်းအောင်းထွက်ပြေးနေရတာလည်း  ရက်ခန့်ကြာလာပြီဖြစ်ကြောင်း သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button