မိုးညှင်းခရိုင်
-
Jan- 2026 -26 Januaryသတင်း
အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။ KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့…
Read More » -
Sep- 2025 -4 Septemberသတင်း
မိုင်းနောင်နဲ့ မမုံကိုင်ကြားမှာ တိုက် ပွဲပြင်းထန်နေ
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာနဲ့မမုံကိုင်ကျေးရွာကြားမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊ ရှမ်းနီပြည်သူ့စစ်တပ်ပူးပေါင်းတပ်ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ မမုံကိုင်ကျေးရွာဘက်ကို စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး…
Read More » -
Aug- 2025 -19 Augustသတင်း
လေကြောင်းနဲ့ ဒရုန်းရန်ကြောင့် မိုင်းနောင်နဲ့ မမုံကိုင်ကို KIA အပြည့်အဝထိန်းချုပ်ဖို့ ခက်ခဲနေသေး
မိုးညှင်းခရိုင်၊ အင်းတော်ကြီးထဲက မိုင်းနောင်၊ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးဒရုန်းတွေကြောင့် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၅၊ ၁၆ ရက်တွေမှာ မိုင်းနောင်နဲ့ မမုံကိုင်…
Read More » -
May- 2022 -17 Mayသတင်း
မိုင်းပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး ထိခိုက်ဒဏ်ရာ ရ၊ မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကြောင့် ဒေသခံများ စိုးရိမ်နေ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ နန်မီးလောင်ကျေးရွာတွင် ယမန်နေ့ မိုင်းပေါက်ကွဲမှုကြောင့် သားမိနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးသည့် မိုင်း ၃ လုံးကျန်ရှိနေသေးသောကြောင့် ဒေသခံများ စိုးရိမ်နေရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။ မတ် ၁၆ ရက်နေ့ နံနက်…
Read More » -
Apr- 2022 -18 Aprilသတင်း
အင်းတော်ကြီးဒေသ ရွှေလက်ပံရွာတွင် လေပြင်းတိုက်ခတ် လူနေအိမ်အများအပြားပျက်စီးခဲ့
ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ရွှေလက်ပံကျေးရွာတွင် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညက လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ည ၁၁ နာရီခွဲအချိန်မှ စတင်၍အင်းတော်ကြီးဒေသ ရွှေလက်ပံ့ကျေးရွာအတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့်…
Read More »




