,

Breaking News :

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ လဝကရုံးဖောက်ခွဲခံရမူ တစ်လအတွင်း ၅ ကြိမ်ထိရှိလာ

ဒလန် တစ်ဦးဖမ်းဆီးခံရမှုကြောင့်  စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂ ဦးဖမ်းဆီး

မှော်ဆီစာ ရဲကင်းတိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်ဘက်မှ လက်ရှိချိန်ထိ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်နေ

အင်းတော်ကြီးဒေသ ရွှေလက်ပံရွာတွင် လေပြင်းတိုက်ခတ် လူနေအိမ်အများအပြားပျက်စီးခဲ့

လေမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးသွားတဲ့ မြင်ကွင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသရှိ ရွှေလက်ပံကျေးရွာတွင် ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညက လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေအိမ်အများအပြားပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီခွဲအချိန်မှ စတင်၍အင်းတော်ကြီးဒေသ ရွှေလက်ပံ့ကျေးရွာအတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် ရွှေလက်ပံ့ကျေးရွာမှ လူငယ်အိမ်အများအပြား ပျက်စီးခဲ့ကြောင်း ရွှေလက်ပံကျေးရွာနေအမျိုးသားတစ်ဦးက KNG သို့ပြောသည်။

“တစ်ရွာလုံးနီးပါးပဲ သွပ်တွေလှန်ပျံပြီးမှ သစ်ပင်တွေပြိုလှဲတာ အခိုင်အမာအိမ်တွေ တော့နည်းနည်းခံသာတယ် တချို့သွပ်ညပ်တဲ့ အိမ်တွေဆိုရင်တော်တော်များများကိုဖြစ်သွားတာ”ဟု ရွှေလက်ပံကျေးရွာနေ အမျိုးသားတစ်ဦးကပြောသည်။

ရွှေလက်ပံကျေးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး ယင်းလေပြင်းတိုက်ခတ်မှုကြောင့် အမိုး၊အကာ များဆိုးဆိုးရွားရွား ပျက်ဆီးထိခိုက်မှုမှာ အိမ်ခြေ ၅၀ ခန့်ရှိပြီး အနည်းအကျဥ်းထိခိုက်ပျက်စီးမှုမှာ ၈၀ နီးပါးနှင့်ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်း အမိုးများထိခိုက်ပျက်ဆီး ခဲ့သောကြောင့် ပျက်ဆီးထိခိုက်မှုများခဲ့ကြောင်းသိရသည်။

နေအိမ်များပျက်ဆီးထိခိုက်မှုအပြင် သစ်ပင်ပြိုလဲခြင်း၊ ဓာတ်ကြိုးများပြတ်ကျခြင်းတို့ဖြစ်ခဲ့သောကြောင့် ရှင်းလင်းလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အကူအညီများလိုအပ် နေကြောင်းလည်း ဒေသခံများကဆိုသည်။

အလားတူ အင်းတော်ကြီးတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ် ၃၀ ကျော် ပျက်ဆီးခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် အုန်းစံစိုင်းကျေးရွာတွင် လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၅လုံးနှင့် ထိခိုက်ပျက်ဆီးခဲ့သည်။

Read Previous

အာဏာသိမ်းကာလ ၂၀၂၂ ကချင်ပြည်နယ်သင်္ကြန် တိတ်ဆိတ်စွာ ပြီးဆုံးခဲ့

Read Next

မြစ်ကြီးနား ဧရာရုပ်ရှင်ရုံပြန်ဖွင့်သော်လည်း ကြည့်ရှုသူ နည်းပါး