မံစီ
-
Mar- 2026 -11 Marchသတင်း
ကချင်မှာ စစ်လက်နက်ပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၄ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာပြင်းထန်
ကချင်ပြည်နယ်မှာ စစ်လက်နက် ပစ်ခတ်မှုတွေကြောင့် ကလေးသူငယ်တွေအပါ ၄ ဦး သေဆုံးပြီး ၂၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့အစည်းကနေ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ…
Read More » -
Dec- 2025 -28 Decemberရွေးကောက်ပွဲဆိုင်ရာ
တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင် နဲ့ ဖားကန့်မြို့နယ် ကျေးရွာ ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်တပ်ဝန်ခံ
ဇန်နဝါရီမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်တပ်က ထည့်သွင်းခဲ့တဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီ၊မိုးမောက် ရွှေကူ နဲ့ ဖားကန့်မြို့နယ်တွေမှာရှိတဲ့ ကျေးရွာအုပ်စု ၂၀၀ နီးပါးမှာ ရွေးကောက်ပွဲ မလုပ်နိုင်တော့ဘူးလို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။ ဗန်းမော်မြို့နယ်က ကျေးရွာအုပ်စု ၄၃ ခု၊ မံစီမြို့နယ်က ကျေးရွာအုပ်စု ၄၃ အုပ်စု၊ မိုးမောက်မြို့နယ်ကကျေးရွာအုပ်စု ၆၅ခု၊ …
Read More » -
Dec- 2024 -6 Decemberသတင်း
ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ
“လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။
Read More » -
5 Decemberသတင်း
ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်– မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခုသိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့…
Read More » -
5 Decemberသတင်း
ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊ မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစတင်ဖော်ဆောင်လိုက်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ တပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးထာတဲ့ ကာကင်းစခန်းငယ် ၇ ခု သိမ်းပိုက်ရှင်းလင်းဆောင်ရွက်နိုက်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ကသိမ်းတဲ့ထဲမှာ တပ်စခန်းအကြီးတွေတော့မပါဘူး။ ကာကင်းစခန်းအငယ်တွေလောက်ပဲသိမ်းတယ် ကားကင်းစခန်း ၇ ခုလောက်တော့ရှိမယ်။ ဗန်းမော်တက္ကသိုလ်အပါပေါ့လေ။ ဒီမနက်မှာလည်း အစေားကြီးကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ မံစီဘက်မှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်၊ မံစီ နဲ့ မိုးမောက် ၃ မိုင်၊ ၄ မိုင် စတဲ့ စစ်မျက်နှာ ၃ ခုမှာ ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ နှစ်ဖက်တပ်အပြန်အလှန်တိုက်ပွဲပြင်းထန်နေသလို မြို့ပြင်နေရာတစ်ချို့မှာ လက်နက်ကြီးကျကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIA တပ်ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ ကာကင်းစခန်းတွေကို ရှင်းလင်းဆောင်ရွက်နေပြီး တပ်စခန်းကြီးတွေ ထပ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖော်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီအထိ မြို့တွင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲနေရာဘက်ကို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့က တစ်ရက်အတွင်း စစ်မျက်နှာ ၃ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအသေးစိတ် သိရဖို့ ခက်ခဲနေပါတယ်။ ဗန်းမော်ဒေသခံပြည်သူအများပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဘေးလွတ်ရာကို ရေကြောင်း၊ ကုန်းကြောင်း ရရာနည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေရဲ့ လမ်းပိတ်ဆို့ခံရမှု ကြုံတွေ့နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဗန်းမော်ခရိုင်အဖြစ် မိုးမောက်၊ဗန်းမော်၊ မံစီ၊ရွှေကူမြို့နယ် ၄ ခုပါဝင်ပြီး မိုးမောက်မြို့နယ်ကို ဩဂုတ်လမှာသိမ်းပိုက်ထားပြီဖြစ်ပါတယ် ဒါ့အပြင် ဗန်းမော်မြို့က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အချက်ချာကျသလို သင်္ဘောဆိပ်ရာရှိရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
4 Decemberသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့– မံစီမြို့အကြားတပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့– မိုးမောက်ဘက် ၃ မိုင်နေရာမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးနေကြပေမယ့် နေ့လည် ၁ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီးပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “မြို့ထဲမှာတော့လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေပြည်သူတွေကိုလည်းထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီးပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီးပြန်လှည့်ခိုင်းတာတွေလုပ်တယ်။”လို့ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကမ်းနားလမ်းကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတစ်ချို့ထွက်ခွာခွင့်ရလိုက်ပေမဲ့ နေ့လည် ၁နာရီဝန်းကျင်ကစပြီး စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကစပြီး ဗန်းမော်–မံစီအကြားက စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းတစ်ချို့အပါအဝင် ဗန်းမော်မြို့နဲ့ ၄ မိုင်အကွာလောက်က ဗန်းမော်တက္ကသိုလ်ကိုပါသိမ်းပိုက်ထားပြီလို့ သိရပါတယ်။ နေ့လည်ပိုင်းမှာတော့ ဗန်းမော်မြို့တွင်း ရဲစခန်းအနီးတစ်ဝှိုက်မှာလည်း ပစ်ခတ်သံတစ်ချို့ကြားနေ ရတယ်လို့သိရပြီး ဒီကနေ့ထွက်ခွာမယ့် လေယာဥ်ခရီးစဥ်အားလုံးလည်းရပ်နားထားရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “လေကြောင်းလိုင်းကတော့အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ကြားပါတယ်။ ဒီအခြေနေမတည်ငြိမ်လို့ ခရီးစဥ်သွားဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ကြားတယ်။ နေ့လည်ပိုင်းလောက်မှာ ပစ်ခတ်သံတွေကငြိမ်သွား သေးတယ်။ ဒါပေမဲ့ နေ့လည်လောက်မှာ ရဲစခန်းကနေလည်းသေနတ်သံတွေထွက်နေတယ်။ သူတို့ဘက်က လည်း တစ်ခါတစ်လေရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ကေအိုင်အေဝင်လာတာလားဆိုတာတော့မသိဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်ပိုင်း ၅ နာရီကစလို့ ဗန်းမော်–မံစီမြို့ ပတ်ပတ်လည်က စစ်ကောင်စီတပ် စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မံစီမြို့တစ်ဝှိုက်ကို လေကြောင်းအသုံး ပြုတိုက်ခိုက်တာ ၅ ကြိမ်တိတိရှိပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ တစ်ဖက်မှာ ဒီကနေ့ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဗန်းမော်မြို့ကို ဦးတည်သိမ်းပိုက်ဖို့စတင်လိုက်တဲ့တိုက်ပွဲ လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ကုန်းကြောင်း အချက်ချာကျတဲ့ မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့ KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး ဒီနေ့နမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။ By – အမိုး
Read More » -
Aug- 2024 -28 Augustဆောင်းပါး
ဗန်းမော်ခရိုင်တစ်ခုလုံး လွတ်မြောက်တော့မှာလား
မိုးမောက်မြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၄၃၇ တပ်ကို KIA ပူးပေါင်းတပ် သိမ်းလိုက်တဲ့နောက်တစ်ဆက်တည်းမှာဘဲ ဗန်းမော်မြို့ကို ချက်ချင်း သိမ်းပိုက်တော့မလားဆိုတဲ့အကြောင်းမှာလူစိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ ဗန်းမော်မြို့နဲ့ အနီးဆုံး၊ မိုးမောက်မြို့ နောက်ဆုံးခံတပ် ခမရ ၄၃၂…
Read More » -
28 Augustသတင်း
မိုးမောက်နဲ့ မံစီကို လေကြောင်းအပြင် မြေပြင် စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲပြန်လည်ပြင်းထန်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်နေတဲ့အပြင် မြေပြင်ကနေ စစ်အင်အား ၄၀၀ ဝန်းကျင်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်ဘက်ကနေ စစ်အင်အား ၄၀၀ လောက်ထိုးစစ်ဆင်တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ မိုးမောက်မရောက်မှီ ၆ မိုင်နဲ့ ၇ မိုင်လောက်မှာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “မိုးမောက်အခြေအနေက တပ်ရင်း ၇ ခုလောက်ပေါင်းပြီး စစ်အင်အား ၄၀၀ နဲ့ ၅၀၀ လောက်ရှိတဲ့ စစ်ကြောင်းက မိုးမောက်ဘက်ကို ထိုးစစ်ဆင်နေတယ်။ မိုးမောက်မရောက်ခင် ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ တိုက်ပွဲဖြစ်နေတယ်။ KIA ဘက်ကလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ စစ်အင်အား ၄၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဗန်းမောက်ဘက်ကနေ ၂ မိုင်၊ ၃ မိုင် တဆင့်ပြီး တဆင့် ထိုးစစ်တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီးတော့ အဲဒီစစ်ကြောင်းတွေက ဩဂုတ်လ ၂၇ ရက်နေ့အထိ မိုးမောက် ၆ မိုင်နေရာမှာ ထိုးတက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီစစ်ကြောင်းတွေ ဒီကနေ့ ၂၈ ရက်နေ့မှာ ၆ မိုင်ကနေ ၇ မိုင်ဘက်ကို တန်ပြန်ထိုးတက်လာတာကြောင့် ၇ မိုင်ကြားမှာ ဒီကနေ့ ၁၂ နာရီဝန်းကျင်အထိ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်လို့မရအောင် လေကြောင်းအကူနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို စစ်လေယာဉ် ၃ ကြိမ်အထက် လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆက်သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့နောက် ဩဂုတ်လ ၂၄ ရက်နေ့ကစတင်ပြီး မိုးမောက်နဲ့ မံစီ လမ်းကြောင်းဘက်ကို စစ်ကြောင်း ၃ ခုလောက်ခွဲပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် ၂ နေရာမှာ တိုက်ပွဲပြင်းထန်နေတာ ၅ ရက်လောက်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်က တပြိုင်နက် စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ကောင့်ဂျာယန်ကျေးရွာမရောက်မှီ လမ်းခုလပ်တစ်ကြောမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ လက်လွတ်လိုက်ရတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနဲ့ မံစီမြို့နယ်ထဲမှာကျန်ရှိနေသေးတဲ့ ခမရ ၆၀၁ တပ်၊ ခမရ ၃၁၉ တပ်စခန်းတွေကို လက်မလွတ်ရေးအတွက် အခုလို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
27 Augustသတင်း
မံစီမြို့နယ် ကိုင်းထိပ်ဒေသမှာ KIO မြေရှားတူးဖို့ပြင်ဆင်နေ
မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာဟာ မန်ဝိန်းကြီးနဲ့ ၂၁ မိုင်အကွာ အင်ဘာပါဒေသနဲ့ တစ်ဆက်တည်းရှိပြီး KIA တပ်မဟာ ၁၁ နယ်မြေထဲရှိတာဖြစ်ပါတယ်။
Read More » -
26 Augustသတင်း
မိုးမောက်၊ မံစီဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေ
မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါတဲ့ ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်နေ့စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက KNG ကိုပြောပါတယ်။ “ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းကဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက်ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကို ထိုးနေလို့ ကောင့်ဂျာယန် မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ”လို့ပြောပါတယ်။ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ၅ မိုင်နဲ့ ၆ မိုင် အထိထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အလားတူ မံစီဘက်မှာလည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကောင့်ဂျာယန်မရောက်မှီ အနီးတဝိုက်ရှိတဲ့ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားပြီး အပြန်အလှန်တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့မှာ ကောင့်ဂျာယန် တဝိုက်လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းကာကင်း တပ်စခန်း ၂ နေရာကို KIA က လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရှေ့တန်းတပ်စခန်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ကောင်စီတပ်တွေက ကောင့်ဂျာယန်မရောက်မှီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းမှာ လာရောက်စုပေါင်းသွားပြီး လက်ရှိ မံစီမြို့နယ်ထဲ ကျန်ရှိနေတဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီကနေ တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်ပိုင်း ကောင့်ဂျာယန်ကနေ တပ်စွန့်ခွာတဲ့ စစ်တပ်တွေက မြို့နဲ့ဝန်းကျင် ဖန်းခါးကုန်းအနီးမှာ ခလရ ၄၇ တပ်ရင်းရှိတယ်။ အဲဒီနေရာမှာ သွားစုသွားကြတာ။ အဲဒါကြောင့် ကောင့်ဂျာယန်ဘက်ကို ထိုးစစ်ပြန်ဆင်လာတဲ့ သဘောပါ။ လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့မြင်တယ်”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က တပ်စခန်းလက်လွတ်လိုက်ရတဲ့ မိုးမောက်နဲ့ မံစီ ဘက်ကို စစ်မျက်နှာ ၂ ခုဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်တာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။ တစ်ဆက်ထဲမှာပဲ စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းနဲ့ ထိုးစစ်ဆင်နေသလို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီ ၂ နေရာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မံစီ ဘက်ဆိုရင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးတွေပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံတွေက ထိတ်လန့်စိုးရိမ်တာတွေဖြစ်နေကြတယ်လို့ သိရပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA သိမ်းပိုက်လိုက်တဲ့နောက် မိုးမောက်မြို့နယ်တစ်ခုလုံးဟာ စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီဖြစ်ပါတယ်။ အလားတူ မံစီမြို့နယ်တစ်ခုလုံးမှာလည်း ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုသာ ကျန်ရှိနေတော့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တပ်စခန်းလက်မလွတ်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »









