တိုက်ပွဲသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ ရေလမ်း၊ကုန်းလမ်းအားလုံး စစ်တပ်ကပိတ်

ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေထွက်ပြေးနေကြပေမဲ့ စစ်ကောင်စီတပ်က ရေလမ်း၊ကုန်းလမ်း အားလုံးပိတ်လိုက်တာကြောင့် ပြည်သူအများပိုင်းမြို့ထဲပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါ တယ်။

ဒီဇင်ဘာလ  ရက်နေ့ ဒီကနေ့ မနက်ပိုင်းကစလို့ ဗန်းမော်မြို့– မံစီမြို့အကြားတပ်စခန်းအားလုံးနဲ့ ဗန်းမော်မြို့– မိုးမောက်ဘက်  မိုင်နေရာမှာတိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေဟာ ရေလမ်း၊ ကုန်းလမ်းတွေကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးနေကြပေမယ့် နေ့လည်  နာရီဝန်းကျင်ကစလို့  စစ်ကောင်စီတပ်ဟာ ရေလမ်းနဲ့ ကုန်းလမ်းပိုင်းအားလုံး နေရာယူတပ်စွဲပြီးပိတ်ဆို့လိုက်တာလို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

မြို့ထဲမှာတော့လူတော်တော်ရှင်းသွားတယ်။ မြို့ထဲကနေပြည်သူတွေကိုလည်းထွက်ခွင့်မပေးဘူး။ ကမ်းနားဘက်ကနေ ရေလမ်းကြောင်းကို ဒီနေ့လည်ကစပြီးပေးမသွားတော့ဘူး။ ကားလမ်းတွေရောပဲ။ သွားတဲ့လူတွေကိုလည်း သေနတ်ဖောက်ပြီးပြန်လှည့်ခိုင်းတာတွေလုပ်တယ်။လို့ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ကမ်းနားလမ်းကိုအသုံးပြုပြီး ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတစ်ချို့ထွက်ခွာခွင့်ရလိုက်ပေမဲ့ နေ့လည် ၁နာရီဝန်းကျင်ကစပြီး စစ်တပ်က လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်း  နာရီလောက်ကစပြီး ဗန်းမော်မံစီအကြားက စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းတစ်ချို့အပါအဝင် ဗန်းမော်မြို့နဲ့   မိုင်အကွာလောက်က ဗန်းမော်တက္ကသိုလ်ကိုပါသိမ်းပိုက်ထားပြီလို့ သိရပါတယ်။

နေ့လည်ပိုင်းမှာတော့ ဗန်းမော်မြို့တွင်း ရဲစခန်းအနီးတစ်ဝှိုက်မှာလည်း ပစ်ခတ်သံတစ်ချို့ကြားနေ ရတယ်လို့သိရပြီး ဒီကနေ့ထွက်ခွာမယ့် လေယာဥ်ခရီးစဥ်အားလုံးလည်းရပ်နားထားရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။

လေကြောင်းလိုင်းကတော့အားလုံး ဖျက်သိမ်းလိုက်ရတယ်လို့ကြားပါတယ်။ ဒီအခြေနေမတည်ငြိမ်လို့ ခရီးစဥ်သွားဖို့အတွက် မဖြစ်နိုင်တော့ဘူးလို့ကြားတယ်။ နေ့လည်ပိုင်းလောက်မှာ ပစ်ခတ်သံတွေကငြိမ်သွား သေးတယ်။ ဒါပေမဲ့ နေ့လည်လောက်မှာ ရဲစခန်းကနေလည်းသေနတ်သံတွေထွက်နေတယ်။ သူတို့ဘက်က လည်း တစ်ခါတစ်လေရမ်းသမ်းပစ်ခတ်တာတွေရှိတော့ ကေအိုင်အေဝင်လာတာလားဆိုတာတော့မသိဘူးလို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်ပိုင်း  နာရီကစလို့ ဗန်းမော်မံစီမြို့ ပတ်ပတ်လည်က စစ်ကောင်စီတပ် စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း မံစီမြို့တစ်ဝှိုက်ကို လေကြောင်းအသုံး ပြုတိုက်ခိုက်တာ  ကြိမ်တိတိရှိပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။

တစ်ဖက်မှာ ဒီကနေ့ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဗန်းမော်မြို့ကို ဦးတည်သိမ်းပိုက်ဖို့စတင်လိုက်တဲ့တိုက်ပွဲ လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောဆိုနေကြပါတယ်။

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ရေကြောင်း၊ကုန်းကြောင်း အချက်ချာကျတဲ့ မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့  KIA ပူးပေါင်းတပ်တွေက ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့နယ်ကို သိမ်းပိုက်ရရှိထားပြီး ဒီနေ့နမှာတော့ မံစီမြို့နယ်ဘက်ကို ထိုးစစ်ဆင်နေသလို ရွှေကူမြို့နယ်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button