မြောက်ပိုင်းတိုင်း

  • Nov- 2024 -
    29 November
    သတင်း

    မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်သူများ နေထိုင်ခွင့်ထောက်ခံလုပ်နေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်တဲ့ရပ်ကွက်နေပြည်သူများ နေထိုင်ခွင့်ထောက်ခံစာလုပ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်းမှာရှိတဲ့ ပမ္မတီး၊ရေကြည် ရပ်ကွက်နေပြည်သူများအားလုံး နေထိုင်ခွင့်ထောက်စာကို ရပ်ကွက်ရုံးမှာသွားလုပ်နေရတယ်လို့ ပမ္မတီးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “နေထိုင်ခွင့်ထောက်ခံစာတဲ့ တစ်ခါမှလည်း မကြားဖူးဘူး ခုလုပ်နေရပြီ စစ်တပ်ကမလုပ်မနေရ လုပ်ခိုင်းတာလို့ ပြောတယ်။ ခု ၃၇ ဂိတ်နဲ့ ပမ္မတီးရပ်ကွက် အဝင်ထွက်ဂိတ်တွေမှာ အဲဒီထောက်ခံစာပြပြီး သွားလာနေရတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအဝင်မှာရှိတဲ့ ၃၇ ဂိတ် (တစ်နည်းအားဖြင့်) အောင်ဇေယျာဘုရားတစ်ထောင်ဘုန်းကြီးကျောင်း၊ အထက ၄ ကျောင်းအနီးရှိဂိတ်နဲ့ မိုးညှင်း၊မိုးကောင်းဘက်ကနေ မြစ်ကြီးနားမြို့ ဝင်ရောက်နိုင်တဲ့လမ်း ပမ္မတီးရပ်ကွက် ဂိတ်နေရာတွေမှာ စစ်ရေးတင်းကြပ်နေပြီး ရပ်ကွက်ထောက်ခံစာ၊မှတ်ပုံတင် ပြနိုင်မှသာ ဝင်ခွင့်ပြုနေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် ၃၇ ဂိတ်ဟာ မြစ်ကြီးနားလေဆိပ်သွားတဲ့လမ်းမှာရှိတဲ့အတွက် လေဆိပ်သွားတဲ့ ခရီးသွားပြည်သူတွေ၊ဆိုင်ကယ်ကယ်ရီသမားများ၊ အိုးဝေမောင်းသူတွေကိုလည်း စစ်ဆေးရေးတင်းကြပ်နေတယ်လို့ နောက်ထပ် မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဟုတ်တယ် အိုးဝေသမားဆိုရင်လည်း အသင်းဝင်ထားတဲ့ကဒ်တွေပြရတယ် ယာဉ်မောင်းလိုင်စင်။ ပြီးတော့ ခရီးသွားသူတွေဆိုလည်း မှတ်ပုံတင်ပြရတယ် အဲဒီတိုင်းရုံးဘက်သွားမယ်ဆိုရင် ခရီးသည်တွေကော၊ မြို့တွင်းတစ်ခြားရပ်ကွက်က ပြည်သူတွေဆိုရင် မှတ်ပုံတင်ပြရတယ်”လို့ ပြောပါတယ်။ ခုလို နေထိုင်ခွင့်ထောက်ခံစာလုပ်ခိုင်းတာ၊ မြို့အဝင်အထွက် စစ်ဆေးရေးပိုတင်းကြပ်လာတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ တရုတ်–မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တည်မြို့ကို  KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်တဲ့နေ့ကစတင်လုပ်ဆောင်လာတာလို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ခတ်ချို၊ကြက်ပေါင်ခြံကနေ မြို့ထဲဝင်နိုင်တဲ့ ကူးသို့ဆိပ်တွေကိုလည်း ပိတ်ထားသလို၊ တချို့နေရာတွေမှာ မှတ်ပုံတင်ပြပြီးဝင်ရတာတွေကြောင့်  မြို့တွင်းမြို့ပြင် ခရီးသည်လိုက်လံပို့ဆောင်ပေးနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအတွက် ပိုခက်ခဲလာတယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနားနဲ့ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တတံားမှာလည်း ကုန်ကားနဲ့ခရီးသည်ကားတွေကို စစ်ဆေးရေးတင်းကြပ်နေတဲ့တွက် ကားသမားတွေ အခက်တွေ့နေကြပါတယ်။  မြန်မာပြည်အထက်ပိုင်းဒေသရှိ ကချင်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖုန်း၊အင်တာနက်လိုင်းများ မကြာခနပိတ်ခံနေရတဲ့အပြင် မြို့တော်မြစ်ကြီးနားမြို့အဝင်အထွက်နေရာတွေအားလုံးနီးပါး စစ်ဆေးရေးပိုပြီးတင်းကြပ်လာနေပါတယ်။ မြို့တွင်း၊မြို့ပြင် စစ်ရေးဆေးတင်းကြပ်ရုံသာမက စစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမြောက်တပ်၊ ကြက်ပေါင်ခြံရပ်ကွက် ကြံ့ခိုင်ရေးရုံးမှာအထိုင်ချထားတဲ့ လက်နက်ကြီးတွေနဲ့ မြို့တွင်း၊မြို့ပြင်ပစ်ခတ်မှုတွေလည်း ပုံမှန်လုပ်ဆောင်နေတာကြောင့် မြို့တွင်းလက်နက်ကြီးကျပေါက်ကွဲတာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်ဟာ လူဦးရေ တစ်သန်းကျော်၊ခရိုင်လေးခု၊ မြို့နယ်ပေါင်း ၁၈ မြို့နယ်ဖွဲ့စည်းထားပြီး မြို့ပြဧရိယာထက် ကျေးလက်ဧရိယာအများဆုံးရှိတဲ့ပြည်နယ်ဖြစ်ပါတယ်။ By…

    Read More »
  • 18 November
    သတင်း

    မပခ တိုင်းမှူး ပူတာအိုမြို့ လာပြီးနောက် မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုစတင်လာ

    ကချင်ပြည်နယ် ပူတာအိုမြို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နိုဝင်ဘာ ၁၇ ရက်နေ့ ရဟတ်ယာဥ်နဲ့လာသွားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့အခြေစိုက်ထားတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အောင်ဇော်ထွေးက နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင် ပူတာအိုမြို့ပေါ်ရှိ ခလရ ၄၆ တပ်ထဲလာသွားတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနီးစပ်သူ ဒေသခံအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မပခ တိုင်းမှူးလာသွားတယ် မနေ့က ဘာကိစ္စလဲတော့ သေသေချာချာမသိဘူး။ ခလရ ၄၆ ထဲ တစ်နာရီလောက်နေသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဇော်ထွေးဟာ  ၂ နာရီ မိနစ် ၄၀ တိတိမှာ ရဟတ်ယာဉ်ဖြင့်ပူတာအိုမြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ထဲရောက်ခဲ့ပြီး ၃ နာရီ မိနစ် ၅၀ ဝန်းကျင် မြစ်ကြီးနားကိုပြန်ဆင်းသွားတယ်လို့သိရပါတယ်။ ပူတာအိုမြို့ပေါ်  တိုင်းမှူးလာရောက်တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့  Starting နဲ့ IPs Star အသုံးပြုတဲ့အင်တာနက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတာတွေရှိခဲ့တဲ့အပြင် အဲဒီနေ့ကစပြီး မြို့တွင်း၊မြို့ပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း စတင်လာတယ်လို့ ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “ဘုရားကျောင်းပြီးတော့လိုင်းသွားသုံးမယ်လို့သွားတာ မရဘူးပြောလို့ပြန်လာတယ် လူကြီးလာလို့ အင်တာနက်လိုင်းတွေဖြတ်ခိုင်းထားတယ်တဲ့ လူကြီးပြန်မှရမယ်ပြောတယ်။ ပြီးတော့ တိုင်းမှူးပြန်ထွက်သွားတဲ့နောက် ပူတာအိုမြို့ပေါ်မှာ စစ်ကားတွေနဲ့ စစ်သားလည်းအများအပြားတွေ့နေရတယ်”လို့ ပြောပါတယ်။ တိုင်းမူးဗိုလ်မှူးချုပ်အောင်ဇော်ထွေး မြစ်ကြီးနားဆင်းသွားပြီးနောက် စစ်သားအပြည့်တင်ထားတဲ့ စစ်ကားနှစ်စီး မူလာရှီးဒီဘက်ဆင်းသွားတာရှိသလို မြို့ထဲမှာလည်း စစ်ကားနှစ်စီး စစ်သားအပြည့်တင်ကာ စစ်ရေးလှုပ်ရှားတာ၊ မြို့ထဲ ကင်းပုန်းဝပ်တာတွေရှိတယ်လို့ ဆိုပါတယ်။  ပူတာအိုမြို့ပေါ်မှာ တိုင်းမှူးလာရောက်ရတဲ့အကြောင်းအရင်းနဲ့နောက်ဆက်တွဲ စစ်ရေးလှုပ်ရှားမှုအခြေနေအသေးစိတ်ကို KNG ဆက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလမှာလည်း KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ခဲ့တဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ မ.ပ.ခ တိုင်းမှူး ဗိုလ်မှုးချုပ်အောင်ဇော်ထွေးဟာ ဗိုလ်ချုပ်စိုးလှိုင်နေရာ အစိုးထိုးခန့်အပ်ထားသူဖြစ်ပြီး မြောက်ပိုင်းတိုင်းမပြောင်းရွှေ့ခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်သင် (တေဇ–၂၄) ကျောင်းဆင်းတဦး ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြတ်သက်ဦးကို တာဝန်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ကို မြောက်ပိုင်းတိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။  အဲဒီနောက် ၂၀၂၃ ဇူလိုင်လ ဗိုလ်ချုပ် ကိုကိုမောင်ကို ယမ်းရောင်းချမှုနှင့် ဖမ်းဆီးခဲ့ပြီး ဗိုလ်ချုပ် စိုးလှိုင်ကို တိုင်းမှူးတာဝန်ပေးခဲ့ပေမယ့်  ၉ လခန့် ထမ်းဆောင်ပြီးနောက် ရာထူးမှဖယ်ရှားလိုက်ပြီး လက်ရှိ ဗိုလ်မှူးချုပ်အောင်ဇော်ထွေးကို ခန့်အပ်ထားတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Sep- 2023 -
    29 September
    ဖမ်းဆီးခံရမှု

    စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးကို ကာကွယ်‌ရေးတပ်က ဖမ်းဆီးထိန်းသိမ်း

    စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးတစ်ယောက်ကို ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာပဲ သတင်းထုတ်ပြန် ပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • 25 September
    သတင်း

    မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ လေတပ်စခန်းကို မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့က ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ဆီက သိရပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်း ၈နာရီလောက်မှာ ၉၀ မမ ၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၄လုံး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် F-7 အမျိုးအစားတိုက်လေယာဥ်၂စင်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ “F-7…

    Read More »
Back to top button