ဖမ်းဆီးခံရမှု

စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးကို ကာကွယ်‌ရေးတပ်က ဖမ်းဆီးထိန်းသိမ်း

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးတစ်ယောက်ကို ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာပဲ သတင်းထုတ်ပြန် ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ၄ရက်နေ့ မနက်ပိုင်းလောက်မှာ အဲ့ဒီဆေးဆရာဝန်ဗိုလ်ကြီးနေထိုင်တဲ့ နေအိမ် မှာပဲ ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ Black Falcon Guerrilla Forces က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

ဖြစ်စဥ်ကတော့ မြို့ပြအဖွဲ့တွေက ဒီနမခထဲက ဗိုလ်ကြီးတစ်ယောက်က အဝင်အထွက်လုပ်နေတယ် ဆိုပြီးသတင်းရထားတာရှိတယ်လို့ သတင်းရတော့ ဒါပေမဲ့ သူနေထိုင်တဲ့ပတ်ဝန်းကျင်မှာလုံခြုံရေးတွေ ချထားတာရှိတော့ ကြိုပြင်ဆင်ပြီး ဒီလိုမျိုးဝင်ရောက်ထိန်းသိမ်းခဲ့တာပါလို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူ ဆရာဝန်ဗိုလ်ကြီးကတော့ အသက် ၃၀ ကျော်အရွယ် အောင်ဖြိုးသိန်းဆိုသူ ဖြစ်ပြီးတော့ သူနဲ့အတူ ဟွန်ဒိုင်းအိမ်စီးကားတစ်စီး၊ ဖုန်းနှစ်လုံး၊ လက်တော့တစ်လုံးနဲ့ နိုင်ငံသားကဒ် ပြား၊စစ်တပ်စိစစ်ရေးကတ်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဗိုလ်ကြီးအောင်ဖြိုးသိန်းကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ လွှဲပြောင်း ပေးထားပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အခုလို ဆရာဝန်ဗိုလ်ကြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးတဲ့နောက်မှာ မုံရွာမြို့တွင်းမြို့ပြင် စစ်ဆေးရေးတွေတင်းကြပ်ထားသလို မုံရွာ အနီးပတ်ဝန်းကျင်မှာလည်း စစ်ကြောင်းတွေ ထိုးနေတယ်လို့ ဆိုပါတယ်။

မုံရွာမှာ စစ်ကောင်စီတပ်က အခုလို လုံခြုံရေးတွေအတင်းအကြပ်ချထားပေမဲ့ ဆရာဝန်ဗိုလ်ကြီး ဖမ်းဆီးခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံမှုမရှိတော့ကြောင်း ကျန်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများလည်း ပြည်သူများနဲ့ပူးပေါင်းဖို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button