လွယ်ကန်ကုန်း
- Apr- 2026 -11 Aprilသတင်း

နမ့်ဖတ်ကာအနီး ခရီးသွားကားတစ်စီးတိမ်းမှောက် ၅ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာပြင်းထန်
ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့ လွယ်ကန်ကုန်းလမ်းပိုင်းမှာ ခရီးသွားကားတစ်စီးကားမှောက်လို့ ခရီးသည် ၅ ဦးသေဆုံးပြီး ကျန်ခရီးသည်များထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင် နမ့်ဖတ်ကာ– မူဆယ်ဘက်သွားလမ်းပိုင်းမှာ ကားသမားတွေအပါ ခရီးသည် ၁၆ ဦးစီးလာတဲ့ကား ဘရိတ်ပေါက်ပြီးတိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ နမ့်ဖတ်ကာမြို့ပြည်သူတစ်ဦးပြောပါတယ်။ “နမ့်ဖတ်ကာ ရီးယန်ဂိတ်နဲ့သိပ်မကွာဘူး လွယ်ကန်ကုန်းမှာ ကားမှောက်တာဟုတ်တယ်။ ကားသမားတွေနဲ့အတူ လူက ၁၈ ယောက်ဟုတ်တယ်။ ၅ ဦးက သေသွားပြီ။ ကျန်တဲ့သူတွေက ဒဏ်ရာပြင်းထန်ပြီး နမ့်ဖတ်ကာဆေးရုံကို ရောက်လာတယ် မူဆယ်ကားဟုတ်တယ်။ ခရီးသည်က ၁၆ ဦးပါလာတာ” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်ဆယ်မြို့ကနေ မူဆယ်ကို ဦးတည်လာတဲ့ အဲ့ဒီခရီးသည်တင်ကားဟာ နမ့်ဖတ်ကာမြို့အလွန်မှာ တိမ်းမှောက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ ကားထဲမှာ ခရီးသည်စုစုပေါင်း ၁၆ ဦးလိုက်ပါစီးနှင်းလာပြီး ကားသမားတွေနဲ့အတူ စုစုပေါင်း ၁၈ ဦးထဲမှာ ခရီးသည်အမျိုးသမီး ၄ ယောက် နဲ့ အတူအမျိုးသားတစ်ဦးသေဆုံးသွားတာဖြစ်ပြီး ကျန်တဲ့ ၁၃ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဒဏ်ရာရရှိသူတွေက နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။ အဲဒီခရီးသည်တွေက ရွှေလီဘက်ကို…
Read More »
