သိုင်းပေါင်းစုံ
-
Oct- 2025 -4 Octoberသတင်း
MMA ကစားသမားဘဝကို အနိုင်နဲ့ အဆုံးသတ်သွားတဲ့ အောင်လအင်ဆန် (Aung La N’sang)
MMA သိုင်းပေါင်းစုံ ချန်ပီယံဆိုပြီး နာမည်ကြီးတဲ့ အားကစားဖိုက်တာ ကချင်တိုင်းရင်းသား အောင်လအင်ဆန်ဟာ နောက်ဆုံးပွဲအဖြစ် ထိုးသတ်တဲ့ပွဲမှာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်ကို အနိုင်ရရှိခဲ့ပြီး ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူပီနီအားကစားကွင်း (Lumpinee Stadium) ၊ One Fight Night: 36 ခေါင်းစဉ်ဖြင့် ကျင်းပခဲ့တဲ့ ထိုးသတ်ပွဲမှာ အောင်အင်ဆန်က ပြိုင်ဘက်ဖြစ်တဲ့ ဆွီဒင်နိုင်ငံသားကို ဒုတိယအချီ ၂ မိနစ် အတွင်းမှာပဲ မျက်နှာကို အချက်ပေါင်းများစွာနဲ့ ထိုးသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအနိုင်ရရှိမှုဟာ အောင်လအင်ဆန်အတွက် နောက်ဆုံးကစားပွဲလည်းဖြစ်ခဲ့သလို အောင်လနဲ့ မြန်မာပြည်သူတွေအတွက်ပါ ဆန္ဒပြည့်ဝစေခဲ့ပါတယ်။…
Read More » -
Feb- 2025 -21 Februaryသတင်း
အောင်လအင်ဆန် ပြိုင်ဘက်ဖြစ်တဲ့ တူရကီနိုင်ငံသားကို ပထမအချီမှာ ရှုံးနိမ့်
မြန်မာနိုင်ငံရဲ့ သိုင်းပေါင်းစုံ(MMA)ကစားသမားတစ်ဦးဖြစ်တဲ့ အောင်လအင်ဆန်ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညမှာကျင်းပခဲ့တဲ့ One Championship 171 ပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ တူရကီနိုင်ငံသား ရှမေးအာဒိုဂန်နဲ့ ထပ်မံထိုးသတ်တဲ့ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ One Championship ဝိတ်တန်းနှစ်ခုရဲ့…
Read More » -
Sep- 2024 -8 Septemberသတင်း
မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Welterweight မှာ ချန်ပီယံသစ်ဖြစ်လာတဲ့ ကချင်သားလေး
မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph Sut Du Aung ဗိုလ်လုပွဲကိုအနိုင်ရပြီး ချန်ပီယံသစ်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကွာလာလမ်ပူမြို့ Lalaport shopping mall the Cage မှာ စက်တင်ဘာ ၇ ရက်နေ့ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမားဖြစ်တဲ့ မလေးရှားနိုင်ငံသား Kumarendran ကို ၅ ချီထိကစားကာ အမှတ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အနိုင်ရရှိတဲ့အပေါ် အားရကျေနပ်မှု သိပ်မရှိခဲ့ဘူးလို့ Joseph Sut Du Aung ခုလိုပြောပါတယ်။ “ပျော်လားဆိုတော့လည်း အဲလောက်မပျော်ဘူး ကျွန်တော်လုပ်ချင်သလောက်မလုပ်လိုက်ရဘူး ဘာလို့လဲဆိုတော့ မထိုးခင် နှစ်ပတ်လောက်မှာ ကျနော့်ပခုံးက ဒဏ်ရာအကြီးကြီးရခဲ့တယ်။ ကျနော်က သူထိုးကိုယ်ထိုးဘဲ ကြိုက်တာ ဒါပေမယ့်လည်း ပခုံးကအနာကြောင့် အမှတ်ရအောင်ဘဲ ဆော့ခဲ့လိုက်ရတယ်”လို့ ဆိုပါတယ်။ Joseph Sut Du Aung ဟာ ကစ်ဘောက်ဆာ ၆ ပွဲထိုးတဲ့ထဲမှာ ၃ ပွဲနိုင် ၃ ပွဲရှုံးထားပြီး သိုင်းပေါင်းစုံ Rage(MMA) ၄ ပွဲမှာ ၄ ပွဲစလုံးအနိုင်ရရှိထားပြီး မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲရဲ့ ချန်ပီယံသစ်ဖြစ်ခဲ့ပြီဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ Rage(MMA)Amateur level မှာ နောက်ထပ် ၃ ပွဲလောက်အတွေ့အကြုံယူပြီးပါက ONE CHAMPIONSHIP မဟုတ်ရင် UFC မှာ ပရိုဖက်ရှင်နယ်အဆင့်အထိ ပြန်လည်ထိုးသတ်သွားချင်တယ်လို့ ခုလိုဆက်ပြောပါတယ်။…
Read More » -
Jul- 2024 -22 Julyသတင်း
မလေးရှားနိုင်ငံမှာကျင်းပတဲ့ သိုင်းပေါင်းစုံ Rage(MMA) Semi Final Welterweight မှာ ကချင်သားလေး အနိုင်ရ
မလေးရှားနိုင်ငံအခြေစိုက် သိုင်းပေါင်းစုံ Rage(MMA)Amateur level ချန်ပီယံသစ်ရှာဖွေပွဲမှာ မြန်မာပြည်ဖွား ကချင်သားလေး Joseph Sut Du Aung ဆီမီးဖိုင်နယ်ပွဲကို အနိုင်ရပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကိုတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က Lalaport shopping mall the Cage မှာ ဇူလိုင်၂၀ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး Joseph Sut Du Aung ကနေပြီးတော့ ပြိုင်ဘက်ကစားသမားဖြစ်တဲ့ မလေးရှားနိုင်ငံသား Galvin Steven ကို ပထမအချီ ၁ မိနစ်နဲ့ ၅၇ စက္ကန့်မှာ အလဲထိုးအနိုင်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ “ပျော်သလောက်တော့ပျော်ပါတယ် ဒါပေမယ့်လည်း ကျွန်တော့်အတွက် ဖိအားရှိတာကတော့ နောက်ပွဲဆိုတော့ ဒီပွဲအတွက်တော့ ထူးထူးခြားခြားပြင်ဆင်တာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ထရိန်နင်ပုံမှန်လုပ်နေတာဆိုတော့”လို့ ဂျိုးဆပ်ဆွတ်ဒူအောင် (Joseph Sut Du Aung)ကပြောပါတယ်။ လက်ရှိချိန်ထိ Joseph Sut Du Aung ကတော့ ကစ်ဘောက်ဆာ ၆ ပွဲထိုးတဲ့ထဲမှာ ၃ ပွဲနိုင်၃ပွဲရှုံးထားပြီး သိုင်းပေါင်းစုံ Rage(MMA) ၃ ပွဲမှာ ၃ပွဲစလုံးအနိုင်ရရှိထားပြီး ဗိုလ်လုပွဲ(Grand Final)ကိုတော့ စက်တင်ဘာလ ၇ရက်နေ့မှာ ပြန်လည် ထိုးသတ်သွားမယ်လို့ သိရပါတယ်။ တစ်ကမ္ဘာလုံး တိုးတက်ပြောင်းလဲလာပြီး ဆိုရှယ်မီဒီယာတွေတွင်ကျယ်လာတာနဲ့အမျှ တိုက်ခိုက်ရေးအားကစားတွေဖြစ်တဲ့ သိုင်းပေါင်းစုံ(MMA)၊ဘောက်ဆာ(Boxing)၊လက်ဝှေ့နဲ့ မွေထိုင်းလို အားကစားတွေလည်း လူငယ်တွေအကြားစိတ်ဝင်စားမှုအလွန်မြင့်တက်လာတာဘဲ ဖြစ်ပါတယ်။…
Read More »



