သေဆုံးမှု

  • Jan- 2026 -
    5 January
    သတင်း

    နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းများပြန်ယူတဲ့ ကသာစစ်ဘေးရှောင် တချို့ သေဆုံး

    ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ နေအိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေပြန်ယူရင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ မဘိမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်နေတဲ့ ကသာမြို့ခံအမျိုးသမီးတစ်ဦးက “မြို့ပြင်ထွက်ပြီးသားလူတွေက ပစ္စည်းသွားယူတဲ့ သူတွေ ဘာတွေက ဗုံးမှန်လို့သေတာနဲ့ဘာနဲ့ဆိုတော့ ကျမတို့လည်း ကြောက် ကြတယ်။ မြို့ပေါ်ကျန်နေတဲ့သူတချို့ကတော့ ဘာမှမဖြစ်ဘူး…

    Read More »
  • Dec- 2025 -
    9 December
    သတင်း

    မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦးကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ဆီကနေ သိရပါတယ်။ ဖြစ်စဥ်ကတော့ ဒီမနက် ၂ နာရီခွဲအချိန် အင်ဂျန်ဒုံနဲ့ မန်ခိန်လမ်းဆုံ၊သားအဖ ၃ ယောက် ထင်းစည်းရုပ်ထုအနီးနား တိုင်တစ်တိုင်ကို…

    Read More »
  • 8 December
    သတင်း

    ဗန်းမောက်က ရွှေလုပ်ကွက်ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့နယ်က ‌ရွှေလုပ်ကွက်တစ်ခု မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့က လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ရပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မွန်းလွှဲ ၂ နာရီဝန်းကျင်လောက်မှာ ဗန်းမောက်မြို့နဲ့ မိုင်၂၀အကွာ တောင်ပိုင်းတစ်နေရာက ရွှေလုပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူသေဆုံးခဲ့ရတာဖြစ်တယ်လို့ အခြေနေသိရှိတဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ညနေမှာကြဲသွားတာ။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးက ၈ လုံးကြဲသွားတာလို့သိရတယ်။ ၂ လုံးတစ်ခါနဲ့  ၄ကြိမ်ကြဲသွားတာ။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲ ဂိတ်စောင့်တဲ့အရပ်သားတစ်ယောက်သေသွားတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၆ယောက်ထဲမှာ ၂ ယောက်က တရုတ်လူမျိုး ဗမာစကားလုံးဝမတတ်ဘူး”လို့ပြောပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာဟာ ဗန်းမောက်၊ အင်းတော် နဲ့ ဝန်းသိုမြို့နယ်၃ခုဆုံတဲ့ သုံးမြေဆုံနေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့နဲ့ မိုင် ၂၀ အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် တိုက်ပွဲဧရိယာမဟုတ်ဘဲ အကြောင်းမဲ့သက်သက်အရပ်သားတွေ ရွှေတူးဖော်တဲ့နေရာကို လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ကာ တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားတာမကြာသေးတဲ့ ဗန်းမော်ြမို့ပေါ်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေက ဆက်တိုက်ထိုးစစ်ဆင်နေတဲ့အပြင် လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေနေ့စဥ်ရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ “ဗန်းမောက်မြို့ပေါ်ကိုက နေ့တိုင်းကြဲနေတာ။ မနေ့ကအထိပေါ့ ။မြေပြင်စစ်ကြောင်းကတိုးမရလို့ လေကြောင်းနဲ့ဘဲ တောက်လျှောက်ကြဲနေတာ တစ်ပတ်လောက်ရှိပြီ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဗန်းမောက်လက်ရှိစစ်ရေးအခြေနေကိုပြောပြပါတယ်။ ဗန်းမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗန်းမောက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီက တစ်ရက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲချနေတာ ၆ ရက်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ကရွှေလုပ်ကွက်တချို့ကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
  • 2 December
    သတင်း

    ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmaw Scout Team ကသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့နဲ့ မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ ရွှေလုပ်ကွက်နေရာတွေကိုလေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူက လူဦးရေ ၃၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ‌စက်လှေနဲ့စက်ပစ္စည်းတစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ “တစ်နေ့ကတော့ကြဲသွားတာကနှစ်စီးပေါ့ အဲ့နှစ်စီးက ဗုံးချတယ် လေယာဥ်မှာပါတဲ့သေနတ်နဲ့ပစ်တယ်။ အဲ့မှာ လူသုံးယောက် သေဆုံးသွားတယ်။ ပြီးသွားရင် စက်ပစ္စည်းတွေပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူကလည်း ၃၀ ဝန်းကျင်လောက်တော့ရှိတယ်”လို့ Banmaw Scout Team တာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် မနေ့ကနေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာလည်း အဆိုပါ မိုးစိမ်းကျွန်းအနီးက ရွှေလုပ်ကွက်တစ်ဝှိုက်ကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ထပ်မှန်ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရွှေဖောင်နှစ်စီးတော့ထိခိုက် ပျက်ဆီးခဲ့ရတယ်လို့ Banmaw Scout Team အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ “မနေ့ကတိုက်ခိုက်မှုလည်းဒီပုံစံပါပဲဗျ။ ဒီရွှေလုပ်ကွက်တစ်ကွက်ကိုပဲတိုက်ခိုက်တာ။ တစ်နေ့ကကြဲခံရတဲ့အနားဝန်းကျင်ပါပဲ။ ဗုံးချတယ်။ သေနတ်နဲ့ပစ်သွားတယ်အဲ့ပုံစံပါပဲ”လို့အထက်ပါ Banmaw Scout Team အဖွဲ့ရဲ့တာဝန်ခံကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွပ်လပ်ရေးတပ်မတော် တို့အကြားကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်အပါအဝင်၊ ကျောက်စိမ်းမြို့တော် ဖားကန့် နဲ့ အချက်အချာကျတဲ့ ဝိုင်းမော်မြို့တွေမှာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းကာလတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေပါတယ်။…

    Read More »
  • Nov- 2025 -
    15 November
    သတင်း

    ဆားမှော်ရွာ လယ်တောတစ်နေရာမှာ အမျိုးသား၂ ဦးသေဆုံးနေ

    ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာရဲ့ လယ်တော တစ်နေရာမှာ အမျိုးသား၂ ဦး သေဆုံးလျက်‌တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၁၅ ရက်‌ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင် ဦးအင်ခွမ်လရဲ့မြေးဖြစ်သူကျောင်းပိတ်တဲ့အတွက် လယ်တောမှာနေတဲ့ အဖိုးဆီအလည်သွားချိန်…

    Read More »
  • 15 November
    သတင်း

    ဘောလုံးကန်ပြီးချင်း ရေသောက်ရာကနေ အမျိုးသားတစ်ဦးသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး ဘောလုံးကန်ပြီးနောက် မောလို့ရေသောက်ရာကနေ မူးလဲပြီး သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကနေ မနေ့က ညနေ ၆နာရီ ဝန်းကျင်အချိန် ဝိုင်းမော်မြို့ ရပ်ကွက် ၃မှာရှိမှာရှိတဲ့ ဖူဆယ်…

    Read More »
  • Oct- 2025 -
    30 October
    သတင်း

    ကသာမှာ ကလပ်စတာဗုံးနဲ့တိုက်ခိုက်ခံရပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့က ညောင်ခြေထောက်ရွာကို စစ်ကောင်စီတပ်က မနေ့ကညပိုင်း ၁၀ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်၁၀နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ကသာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်ခြေထောက်ရွာက ဘုန်းကြီးကျောင်းဝန်းအတွင်းက ဓမ္မာရုံနှင့် ဂရုဏာပရဟိတကားလည်း ပျက်စီးခဲ့ရသလို အရပ်သားနေအိမ်…

    Read More »
  • 20 October
    သတင်း

    ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး

    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။ ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့…

    Read More »
  • 2 October
    သတင်း

    နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…

    Read More »
  • Sep- 2025 -
    29 September
    သတင်း

    မြစ်ကြီးနားမြို့မှာ မိန်းကလေးတစ်ဦး ဓားထိုးခံထားရပြီး သေဆုံး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မိန်းကလေးတစ်ဦး လည်ပြွန်ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ အသတ်ခံထားရတယ်လို့ ဧရာဝတီဂရုဏာလူမှု ကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ သီတာရပ်ကွက် ဆုတောင်းပြည့်ဘုရားလမ်းကြားမှာ  အသက် ၂၀ ဝန်းကျင် အရွယ်ရှိ မိန်းကလေးတစ်ဦး…

    Read More »
Back to top button