သတင်း

ကချင်တော်လှန်ရေးနေ့အစီစဉ်ပါဝင်သူ ၂ ဦး ရဲစခန်းတွင် စစ်ဆေးခံနေရ

မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်း တောင်တွင် ယမန်နေ့ပြုလုပ်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားပါဝင်သူ (၂) ဦး လက်ရှိ ရဲစခန်းတွင် စစ်ဆေးခံနေရသည်ဟု သိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ မြစ်ကြီးနားဇုံနယ်လူငယ်ဌာန တာဝန်ခံ ဆရာ Sumlut Tu Htang နှင့် KBC ၏ ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ ဆရာ Bima Dau Lum တို့ ၂ ဦးကို ယနေ့ နေ့လည်ခန့်မှ ရဲစခန်းတွင် ခေါ်ဆောင်ကာ စစ်ဆေးနေပြီး မည်သည့်အကြောင်းရင်းကြောင့် စစ်ဆေးနေသည်ကို မသိရသေးပါ။

ယမန်နေ့ မနက် ၁၀ နာရီမှ ၁၂ နာရီ လူထု ၄ ထောင်ခန့်ပါဝင်သော (၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲ ဂျော်ဘွမ်တောင်ခြေတွင်ပြုလုပ်ခဲ့သည်။

ညပိုင်းအစီစဉ်အဖြစ် ဂျော်ဘွမ်ဆုတောင်းတောင် ပြင်ဆင်ရေး ရံပုံငွေရှာ တေးဂီတအစီစဉ်ပြုလုပ်နေစဉ် တပ်မတော်နှင့် ရဲဌာန တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်း ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း မျက်မြင်များ ပြောသည်။

ထို့နောက် ယနေ့ နေ့လည်ပိုင်းတွင် တဖန်ပြန်ရောက်လာပြီး ယမန်နေ့ည ဂျော်ဘွမ်ဆုတောင်းတောင် ရံပုံငွေရှာတေးဂီတအစီစဉ်တွင် တာဝန်ရှိခံဖြစ်သော ဆရာ Sumlut Tu Htang နှင့် ဆရာ Byima Dau Lum တို့ ၂ဦးကို ခေါ်ဆောင်ကာ လက်ရှိ အမှတ် ၁ ရဲစခန်းတွင် စစ်ဆေးနေသည်။

နောက်ဆက်တွဲ သတင်းများကို ထပ်မံ တင်ပြပါမည်။

Zawgyi

ျမစ္ႀကီးနား ေဂ်ာ္ဘြမ္ဆုေတာင္း ေတာင္တြင္ (၆၀) ႀကိမ္ေျမာက္ ကခ်င္ေတာ္လွန္ေရးေန႔အခမ္းအနားတြင္ ျပဳလုပ္ရာတြင္ပါဝင္သူ (၂) ဦးကို ျမစ္ႀကီးနားၿမိဳ႕မ ရဲစခန္းတြင္ စစ္ေဆးေနသည္ဟု သိရသည္။

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႔ခ်ဳပ္ KBC ၏ ျမစ္ႀကီးနားဇံုနယ္လူငယ္ဌာန တာဝန္ခံ ဆရာ Sumlut Tu Htang ႏွင့္ KBC ၏ ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္ တာဝန္ခံ ဆရာ Byima Dau Lum တို႔ ၂ ဦးကို ယေန႔ ေန႔လည္ခန္႔မွ ရဲစခန္းတြင္ ေခၚေဆာင္ခဲ့စစ္ေဆးေနၿပီး မည္သည့္အေၾကာင္းရင္းေၾကာင့္ စစ္ေဆးေနသည္ကို မသိရေသးပါ။

ယမန္ေန႔ မနက္ ၁၀ နာရီမွ ၁၂ နာရီ လူထု ၄ ေထာင္ခန္႔ပါဝင္ေသာ (၆၀) ႀကိမ္ေျမာက္ ကခ်င္ေတာ္လွန္ေရးေန႔အထိမ္းအမွတ္ ဆုေတာင္းပြဲ ေဂ်ာ္ဘြမ္ေတာင္ေျခတြင္ျပဳလုပ္ခဲ့သည္။

ညပိုင္းအစီစဥ္အျဖစ္ ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္ ျပင္ဆင္ေရး ရံပံုေငြရွာ ေတးဂီတအစီစဥ္ျပဳလုပ္ေနစဥ္ တပ္မေတာ္ႏွင့္ ရဲဌာန တာဝန္ရွိသူမ်ား လာေရာက္စစ္ေဆးခဲ့ၿပီးေနာက္ ယေန႔ နံနက္ပိုင္း ၃ နာရီခန္႔တြင္ ျပန္လည္ထြက္ခြာသြားေၾကာင္း မ်က္ျမင္မ်ား ေျပာသည္။

ထို႔ေနာက္ ယေန႔ ေန႔လည္ပိုင္းတြင္ တဖန္ျပန္ေရာက္လာၿပီး ယမန္ေန႔ည ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္ ရံပံုေငြရွာေတးဂီတအစီစဥ္တြင္ တာဝန္ရွိခံျဖစ္ေသာ ဆရာ Sumlut Tu Htang ႏွင့္ ဆရာ Byima Dau Lum တို႔ ၂ဦးကို ေခၚေဆာင္ကာ လက္ရွိ အမွတ္ ၁ ရဲစခန္းတြင္ စစ္ေဆးေနသည္။

ေနာက္ဆက္တြဲ သတင္းမ်ားကို ထပ္မံ တင္ျပပါမည္။

Show More

Related Articles

Back to top button