,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

၂၁ ရာစု ပင်လုံတက်ရောက်ရေး KIO ပြန်လည်ဆွေးနွေးနေ

KIA တပ်ရင်း (၃၆) တပ်ဖွဲ့၊ မုံးဂိုဒေသ၊ ရှမ်းပြည်မြောက်ပိုင်း

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် ရက္ခိုင်တပ်မတော် AA ကို ဖိတ်ကြားမှုမရှိသဖြင့် KIO ကလည်း ပင်လုံအစည်းအဝေးသို့ တက် မတက်ကို ပြန်လည်ဆွေးနွေးနေကြောင်း သိရသည်။

အစိုးရ၏ ဖိတ်ကြားမှုကိုရရှိပြီဖြစ်သော်လည်း ဗဟိုဌာနချူပ်က ဆွေးနွေးနေသည့်အချိန်ဖြစ်သောကြောင့် တိကျတဲ့အဖြေမထုတ်ပြန်နိုင်သေးကြောင်း ဆိုသည်။

“ဖိတ်ကြားစာလက်ခံရရှိပြီ။ ဗဟိုဌာနချူပ်က ဒါကိုလေးလေးနက်နက်စဉ်းစားပြီး ဆွေးနွေးနေတဲ့ချိန်ဖြစ်ပြီးတော့ တိကျတဲ့အဖြေ မထုတ်ပြန်သေးဘူး။ ဗဟိုဌာနချုပ်အစည်းအဝေးဆုံးဖြတ်ချက်ချပြီးမှ ပြောလို့ရမှာဖြစ်တယ်” ဟု KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါသည်။

ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်အနေဖြင့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ရန်ဆန္ဒရှိသော်လည်း ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသောကြောင့် ယခုလိုပြန်လည် ဆွေးနွေးလာရခြင်းဖြစ်သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ညီလာခံတက်ရောက်လျှင် နိုင်ငံရေးအရ အကျိုးအမြတ်ထွက်မည်မဟုတ်သော်လည်း KIA နှင့် တပ်မတော် ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှုတည်ဆောက်သည့် သဘောလောက်သာ မျှော်လင့်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဒူဝါလမိုင်ဂမ်ဂျာ က KNG သို့ သုံးသပ်ပြောဆိုခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက်သာ နေပြည်တော်တွင်ပြုလုပ်သွားမည်ဟု သိရသည်။

Read Previous

Social Media ကို သတိပြုသုံးစွဲရန် KIO ဥက္ကဌ၏ အာဇာနည်နေ့မိန့်ခွန်းတွင်ပါရှိ

Read Next

၂၀၀၈ ဖွဲ့စည်းပုံ လက်မခံသည့်အတွက် ရွေးကောက်ပွဲကိုလည်းလက်မခံဟု KIO ပြော