Year: 2021
-
Mar- 2021 -29 Marchသတင်း
မြစ်ကြီးနား အခြေစိုက် သတင်းသမား ၂ဦး ရိုက်နက် ဖမ်းဆီးခံရ
မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ဆန္ဒပြနေသည့်ပြည်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် သတင်းယူနေသည့် သတင်းသမား ၂ဦးအကြမ်းဖက် ရိုက်နက် ဖမ်းဆီးခံရကြောင်းသိရသည်။ “ဖမ်းဆီးခံရတဲ့ သတင်းသမား ၂ယောက်က သတင်းသမားဟုတ်တယ် မရိုက်နဲ့လို့ပြောနေတယ်။ ဒါပေမယ့် နင်တို့ သတင်းသမားတွေကို ပိုပြီးရိုက်ရမယ်လို့ဆိုပြီး အချက်ပေါင်းများစွာရိုက်တယ်လို့…
Read More » -
28 Marchသတင်း
ဖားကန့်တွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ကျေးရွာအချို့တွင်အာဏာသိမ်း စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၂၈ရက်နေ့ နံနက် (၂)နာရီကျော်ခန့်တွင် လုံးခင်းကျေးရွာအုပ်စု ကထန်ရွာနှင့် တောမှော်ရွာအကြားရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ရင်းအား…
Read More » -
28 Marchသတင်း
မြစ်ကြီးနားမြို့တွင် မိုင်းပေါက်ကွဲသံများ ကြားရ
မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့မှစ၍ မိုင်းပေါက်ကွဲသံနှင့် ဆန္ဒပြပွဲမရှိသည့်နေရာတွင် သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ တပ်ကုန်းရပ်ကွက် စံပြလမ်းပေါ်တွင်ရှိသည့် ခရိုင်ပညာရေးရုံးရှေ့တွင် နေ့လည် ၁၂ခွဲခန့်က မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ကြောင်း တပ်ကုန်းရပ်ကွက်နေသူတစ်ဦးထံမှသိရသည်။ “ပေါက်ကွဲသံတစ်ခုတော့ကြားလိုက်တယ်။ အစကတော့မိုင်းပေါက်ကွဲတယ်လို့မထင်ခဲ့ဘူး။ ကားကြီးဘီးတွေပေါက်သလို အသံထွက်တော့။…
Read More » -
28 Marchတိုက်ပွဲ
ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်ဖျက်စီး
ဖားကန့်မြို့နယ် အာဏာသိမ်းစစ်တပ် လက်အောက်ရှိ ရဲတပ်ရင်း စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ရက်နေ့ ယနေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေံ့ နံနက်ပိုင်း ၃နာရီခန့် ဖားကန့် မြို့နယ်…
Read More » -
28 Marchလူ့အခွင့်အရေးချိုးဖောက်မှု
ကချင်ပြည်နယ်တွင် မတ် ၂၇ ရက်နေ့ ဆန္ဒပြ ပြည်သူ ၅ ဦး ပစ်သတ်ခံရ
မတ်လ ၂၇ ရက်နေ့ (၇၆) နှစ်မြောက်တပ်မတော်နေ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် စစ်အာဏာဆန့်ကျင်သည့် လူထုဆန္ဒထုတ်ဖော်သပိတ်စစ်ကြောင်းအား ရဲနှင့်တပ်မှ ပစ်ခတ်သဖြင့် ဆန္ဒထုတ်ဖော်သည့်ပြည်သူ သူရဲကောင်း(၅)ဦး ကျဆုံးခဲ့သည်။ အဆိုပါ ကျဆုံးသွားသည့် သူရဲကောင်း (၅)ဦးမှာ ဖားကန့်မြို့နယ်မှ အသက်(၁၉)နှစ်အရွယ်ရှိသည့် ကိုသန့်ဇော်၊…
Read More » -
26 MarchCovid-19 Reporting
ကိုဗစ်-၁၉ လည်းကာကွယ်ရမည်၊ အရေးတော်ပုံလည်းအောင်ရမည်
Covid-19 PSA (Article) Covid-19 ကူးစက်မှုကြောင့် ပြည်သူလူထုဒုက္ခရောက်နေချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိုလုပ်ရပ်ကို ဆန့်ကျင်သော ကဏ္ဍအသီးသီးမှ နိုင်ငံဝန်ထမ်းများသည် ပြည်သူ့အာဏာဖီဆန်မှု Civil Disobedience Movement (CDM) တွင် ပါဝင်လာကြသည်။ CDM…
Read More » -
26 Marchသတင်း
မိုးညှင်းဆန္ဒပြလူထုကို အာဏာသိမ်းစစ်တပ်က ပစ်သတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံး
ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်သည့် သပိတ်စစ်ကြောင်းကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့ကာ ၃ဦးဒဏ်ရရှိပြီး ၂ဦးမှာ သေနတ်ကျည်ထိမှန် သေဆုံးသွားကြောင်းသိရသည်။ မတ်လ ၂၅ ရက်နေ့ မိုးညှင်းသပိတ်ကို ရဲနှင့် စစ်သားများက အကြမ်းဖက်ဖြိုခွဲခဲ့သဖြင့် အမျိုးသား ၂ဦးသေဆုံးခဲ့သည်။ သေဆုံးသူ…
Read More » -
25 Marchတိုက်ပွဲ
KIO ဗဟိုဌာနချုပ်သို့ အာဏာသိမ်းစစ်တပ်အင်အား တိုးချဲ့လာ
ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်၏ ဗျူဟာကုန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ စစ်အင်အားအလုံးအရင်းပြန်လည် ချီတက်လာနေကြောင်း သိရသည်။ မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဝိုင်းမော်မြို့ဘက်မှ ဆင်းလာသော အာဏာသိမ်းစစ်တပ်၏…
Read More » -
25 Marchသတင်း
ဖားကန့်သပိတ်စစ်ကြောင်းကို အာဏာသိမ်းစစ်သားများ ချောင်းကြည့်သဖြင့် နောက်ဆုတ်ခဲ့ရ
မတ်လ ၂၅ ရက်နေ့ ဖားကန့်မြို့နယ် ဆိပ်မူနှင့် လုံးခင်းသပိတ်စစ်ကြောင်း မှော်ပုံထိချီတက်ဆန္ဒပြရန် ပြင်ဆင်ထားသော်လည်း မှော်ပုံရွာအဝင်တွင် အာဏာသိမ်းစစ်တပ် အင်အား ၂၀ ကျော်ခန့် စောင့်ကြည့်နေသည့်အတွက် ဆန်ခါမှ ပြန်လှည့်လာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ‘WE NEED…
Read More » -
25 Marchသတင်း
ဝိုင်းမော်တွင် ပေါ်တာဆွဲမည့်သတင်းကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရ
ဝိုင်းမော်မြို့ လမြန်-ဝါးရှောင်ကျေးရွာဘက်တွင် အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲနေသည်ဆိုသော သတင်းကြောင့် မတ်လ ၂၄ ရက်ညက လူငယ်များ ကျေးရွာအတွင်းမှ တိမ်းရှောင်နေရကြောင်း သိရသည်။ “စစ်သားတွေက ပျောက်ကျားစနစ်နဲ့ လိုက်ဖမ်းနေတယ်လို့တော့ကြားနေရတယ်။ ဒါပေမယ့် အခုချိန်ထိဘယ်သူပါသွား တာကို သေချာမသိရသေးဘူး။ ထပ်ပြီးစုံစမ်းနေတယ်။…
Read More »









