လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကချင်ပြည်နယ်တွင် မတ် ၂၇ ရက်နေ့ ဆန္ဒပြ ပြည်သူ ၅ ဦး ပစ်သတ်ခံရ

မတ်လ ၂၇ ရက်နေ့ (၇၆) နှစ်မြောက်တပ်မတော်နေ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် စစ်အာဏာဆန့်ကျင်သည့် လူထုဆန္ဒထုတ်ဖော်သပိတ်စစ်ကြောင်းအား ရဲနှင့်တပ်မှ ပစ်ခတ်သဖြင့် ဆန္ဒထုတ်ဖော်သည့်ပြည်သူ သူရဲကောင်း(၅)ဦး ကျဆုံးခဲ့သည်။

အဆိုပါ ကျဆုံးသွားသည့် သူရဲကောင်း (၅)ဦးမှာ ဖားကန့်မြို့နယ်မှ အသက်(၁၉)နှစ်အရွယ်ရှိသည့် ကိုသန့်ဇော်၊ ဟိုပင်မြို့မှ အသက်(၂၅)နှစ်ရှိ ကိုကျော်စိုးဦး၊ ဗန်းမော်မြို့မှ မရွှေမြင့် နှင့် အမည်မသိသေးသော အမျိုးသား(၂)ဦးတို့ဖြစ်သည်။

ဟိုပင်မြို့မှ သေဆုံးသွားသည့် သူရဲကောင်း ကိုကျော်စိုးဦး၏ ကျန်ရစ်သည့်ရုပ်အလောင်းအား မတ်လ ၂၈ ရက်နေ့ နေ့လည် ၁၂နာရီတွင် သဂြိုလ်မှာဖြစ်ပြီး ဖားကန့်မြို့နယ်မှ ကျဆုံးသွားသည့် သူရဲကောင်း မောင်သန့်ဇော်၏ ရုပ်အလောင်းကိုမူ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁နာရီတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဗန်းမော်မြို့တွင် ကျဆုံးသွားသည့် သူရဲကောင်း မရွှေမြင့်၏ အလောင်းကိုမူ စစ်တပ်မှသယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ ထို့အတူ ဗန်းမောြ်မို့မှ နောက်ထပ် သေဆုံးသူ အမျိုးသား(၂)ဦးအား သတင်းအချက်လက်အား အသေးစိတ်မသိရသေးချေ။

ထို့ပြင် ယနေ့ မြို့နယ်တိုင်းရှိစစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများအား ရဲနှင့်တပ်များမှအကြဖ်းဖက်ဖြိုခွဲမူများ ရှိခဲ့သော်လည်း ဆန္ဒပြသည့် သပိတ်စစ်ကြောင်းသည် လူစုကွဲသွားခြင်းမရှိဘဲ တစ်နေကုန်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်တွင် တပ်မတော်မှအာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စစ်အာဏာဆန့်ကျင်သည့် လူထုလှုပ်ရှားမူ ဆန္ဒပြပွဲများ စတင်လာခဲ့ကြပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူများအား ရဲနဲ့စစ်သားများမှ လူစုခွဲပစ်ခတ်မူများပြုလုပ်ခဲ့ကြသည့်အတွက် မတ်လ ၂၇ ရက်နေ့ထိ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး သေဆုံးသူ ( ၁၀)ဦးထိ ရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button