သတင်း

ဓါတ်အားလိုင်းတည်ဆောက်စဉ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့ မီးပြတ်တောက်မည်

မြစ်ကြီးနားမြို့  နန်ကျင် ဖီဒါ နှင့် တပ်ကုန်း (ဖီဒါ 11 KV ဓါတ်အားဝန်မျှရန် ဓါတ်အားလိုင်းတည်ဆောက်မည်ဖြစ်သောကြောင့် မြို့ပေါ် ရပ်ကွက်အချို့တွင် မီးပြတ်တောက်မှု ဖြစ်ပွားမည်ဟု ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်း မှ သိရသည်။

အဆိုပါ ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့မှ စတင်ကာ ၄ ရက်ခန့်ကြာမြှင့်နိုင်ပြီး၊ ထိုကာလတွင် ဓာတ်အားလိုင်းကို မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်တောက်ထားမည်ဟု ဘူးဂါး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျနော်တို့ ဓါတ်အားလိုင်းအသစ်ဆွဲတာပါ အဟောင်းကိုအသစ် ပြန်ပြောင်းတာပေါ့ ခွဲရုံတွေကနေ မီးပေးရတာ အဆင်ပြေအောင် ဆောင်ရွက်တာပါ။ ၄ရက်ခန့်တော့ကြာမြှင့်နိုင်ပါတယ် အလုပ်လုပ်နေတဲ့ နေ့လည်ပိုင်းလောက်ကို မီးဖြတ်ထားမှာပါ။ ညပိုင်းမှာတော့ မီးပြန်ပေးမှာပါ” ဟု ဆိုသည်။

ထို့ကြောင့် နန်ကျင်ဖီဒါ နှင့် တပ်ကုန်း(ဖီဒါတွင်ပါဝင်သော ရပ်ကွက်များဖြစ်သည့် ထီဝန်း၊ မန်ခိန်၊ ရွှေစက်၊ ကဝါးခ၊ ပလန၊ ၁၀မိုင်၊ နောင်နန်း၊ လမြန်၊ အူဗျစ်၊ အာလမ်၊ ဒွန်ဂမ်၊ လုံဂါဂွမ်၊ ဂေါ့နမ်၊ ယိန်းခေါ၊ မော်တောင်း၊ သဇင်မြိုင်၊ ပိတောက်မြိုင်၊ ယုဇနမြိုင်၊ ကံ့ကော်မြိုင်၊ အင်ကြင်းမြိုင်၊ နန်ကျင်၊ ကြာရာပတ္တီး A B စသည့် ရပ်ကွက်များတွင် ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောက်ရွက်နေစဉ် မီးပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button