သတင်း

မနက်စာထွက်ဝယ်သည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရကာ ၂ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ သံချပ်ကာကွပ်ကဲရေးဌာနချုပ် ၇၂ တပ် မှ စစ်ကောင်စီတပ်သား ၄ ဦး သည် ယနေ့နံနက်အစောပိုင်းက  အထက်အရာရှိများအတွက် နံနက်စာ ထွက်ဝယ်စဥ် လမ်းခုလပ်တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ် ၂ စီးဖြင့် လက်နက်များကိုင်ဆောင်ကာ မကြာခဏဆိုရသလို ၎င်းတို့အထက်အရာရှိများအတွက် မနက်စာ ထွက်ဝယ်လေ့ရှိသည့် အဆိုပါ စစ်ကောင်စီတပ်သားများကို လယ်ကြီး‌ကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြား စစ်ကိုင်း မြင်းမူ  လမ်းမပေါ်တွင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း၇ မြင်းခြံခရိုင် နှင့် သရဲနီအဖွဲ့မှ ကာကွယ်ရေး ရဲဘော် များပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒီကောင်တွေက အရာရှိတွေအတွက် မကြာမကြာမနက်စာ ထွက်ဝယ်ပေးရတာ။ အဲ့တာကိုစောင့်ကြည့်ပြီး အပြင်းစား မိုင်း ၃ လုံး လမ်းဘေးမှာချပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့က၂စီးနဲ့ ၄ယောက်လာတာ ပထမတစ်စီးကို ထိထိမိမိဆွဲနိုင်ခဲ့တယ်။ ဆိုင်ကယ်က တစ်စဆီ လွှင့်ထွက်သွားပြီးတော့ စခနှစ်ကောင်ကအပေါ်ကို မြှောက်တက်သွားတာ ပွဲချင်းပြီး သေသွားတယ်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားနှစ်ဦးသည် လိုက်လံပစ်ခတ်မှုများ ရှိခဲ့သော်လည်း ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း မြင်းမူမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား၃ဦး အပြင်ထွက်လာစဥ်တွင် Zero ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၂ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Show More

Related Articles

Back to top button