သတင်း

ပန်ဝါမှာ လုံခြုံရေးအပြည့်နဲ့ စစ်တပ်ထာက်ခံပွဲကျင်းပ

ကချင်ပြည်နယ် ပန်ဝါမြို့မှာ စစ်ကောင်စီတပ်တွေက  လုံခြုံရေးအပြည့်နဲ့ တပ်ထောက်ခံပွဲကျင်းပပြုလုပ်သွားတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

မတ်လ ၂ ရက်နေ့ ဒီနေ့ မနက် ၉ နာရီကနေ ၁၁ နာရီခွဲအထိ ပန်ဝါမြို့တွင်း အရပ်သားပြည်သူ အင်အား ၁၀၀၀ ဝန်းကျင်နဲ့လှည့်လည်ပြီး ကျင်းပသွားတာဖြစ်တယ်လို့ ပန်ဝါမြို့ခံတစ်ယာက်က ခုလိုပြောပါတယ်။

အင်အားက တစ်ထောင်လောက်ရှိမယ် စစ်ကောင်စီ စစ်သားနဲ့ ပြည်သူ့စစ်တွေ နယ်ခြားစောင့်တပ်တွေ လုံခြုံရေးအပြည့်ယူပြီး လုပ်သွားတယ်။ ဖုန်းတွေဘာတွေ ရိုက်ခွင့်မရှိဘူးလို့ ပြောပါတယ်။

စစ်တပ်ထောက်ခံပွဲမှာ ဖုန်းနဲ့ ဓါတ်ပုံရိုက်တာ၊ဗီဒီယိုမှတ်တမ်းရိုက်သူတွေကို စစ်တပ်လက်‌အောက်ခံ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးပြီး လုံခြုံရေးအထူးတင်းကြပ်ကာ ကျင်းပသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဝါမြို့ဟာ ချီဖွေကနေ မိုင် ၄၀ ခန့်ဝေးပြီး နေ့တစ်ဝက်လောက်သွားရတဲ့နေရာ တရုတ်နယ်စပ်မှာရှိတဲ့မြို့ဖြစ်ပြီး ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အခြေစိုက်တဲ့မြို့ဖြစ်ပါတယ်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဟာ ကချင်ပြည်ဒီမိုကရေစီတပ်မ‌တော် NDA-K ကနေ ၁၉၉၀ ခုနှစ် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းထားဝာာလည်း ဖြစ်ပါတယ်။

မြို့ရဲ့ဘောလုံးကွင်းရှိတဲ့ဘက်မှာ စစ်ကောင်စီတပ်တပ်ရင်းတစ်ရင်းရှိပြီး အင်အားတစ်ရာဝန်းကျင်တပ်စွဲနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြေရှားသတ္တုတူးဖော်တဲ့နေရာဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက် မြေပြန့်ဒေသက ပြည်သူတွေ အများဆုံးအလုပ်သွားရောက်လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းကနေ မြို့အဝင်တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ပန်ဝါမြို့ဒေသခံကတ်ပြားကိုင်ဆောင်ထားတဲ့သူတွေနဲ့ မြို့ထဲဝင်ဖို့ပန်ဝါအုပ်ချုပ်ရေးအဖွဲ့က ထောက်ခံတဲ့ ထောက်ခံစာရရှိသူတွေကိုသာ ဝင်ခွင့်ပြုတော့နေတာလည်း ဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနား၊မိုးညှင်း၊မိုးကောင်းမြို့တွေမှာလည်း စစ်တပ်ထောက်ခံတဲ့အသိုင်းအဝန်းနဲ့ တပ်ထောက်ခံပွဲတောက်လျှောက် ကျင်းပနေတာလည်း ဖြစ်ပါတယ်။

By – Alexia

Show More

Related Articles

Back to top button