လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့်  ၁၂ နာရီဝန်းကျင် လေကြောင်းနဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းမှာရှိနေတဲ့ အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုခွင့်မရဘဲပိတ်မိနေဆဲဖြစ်တယ်လို့  စစ်ဘေးရှောင်နေတဲ့နန့်သာကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်သားတွေက ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ ခေါ်နေထားတာလေး သူတို့(စစ်ကောင်စီစစ်သား)တွေ ကမသေပါဘူး လေလာဉ်လာတဲ့ချိန်သူတို့က ကတုံးကျင်းတွေ၊ဗုံးခိုကျင်းတွေထဲဝင်ပြေးသွားကြတယ်တဲ့ ရွာသားတွေက အဆောက်အဦးထဲမှာပဲရှိနေတဲ့အဲ့အဆောက်အဦးပေါ်ကျဲလိုက်တော့ ဦးပဇင်းတစ်ပါးနဲ့ရွာသားခြောက်ယောက် ဟာပွဲချင်းပြီးဖြစ်သွားတာလို့သူကပြောပါတယ်။

စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ကျဲချခဲ့တဲ့ ဗုံးသီးတစ်လုံးဟာ အရပ်သားတွေစုနေတဲ့ ဘုန်းတော်ကြီးကျောင်းဆောင်တည့်တည့်ကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဖြစ်စဉ်ဖြစ်သွားတဲ့ညက အသက် ၄၀ ကျော်ဦးပဇင်းတစ်ပါးနဲ့ရွာသား  ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒဏ်ရာပြင်းထန်သူတွေကိုကယ်ထုတ်လို့မရတာကြောင့် တစ်ချို့သွေးလွန်သေဆုံးတာတွေရှိသွားပြီး မနေ့ကအထိ သေဆုံးသူ ၁၇ ဦးအထိရှိလာပြီလို့ အင်ပင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

ပြည်သူက ၁၇ ယောက်ရှိပြီ ရဟန်းသာတစ်ပါးပါတယ် အဲ့ဒါကတော့သေသွားတယ်အဲ့လိုဆိုတော့အခါကျတော့ အခု ဒဏ်ရာရတာက ၃၀ ဝန်းကျင်လောက်ရှိတယ် အခုလည်းကယ်ထုတ်ဖို့ရာကျွန်တော်တို့အခု ချိတ်ဆက်ပြီးမှ နည်းနည်းကြိုးစားနေတယ်ပေါ့လေ ပိတ်မိနေတဲ့ပြည်သူတွေကအခု ထမင်းလည်းမစားရဘူး ရေလည်းမသောက်ရဘူးလို့ ပိတ်မိပြည်သူတွေကိုကယ်ထုတ်ဖို့ကြိုးပမ်းနေတဲ့ အထက်ပါအမျိုးသားကပြောပါတယ်။

နန့်သာရွာလေ ကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေဟာ ဦးဇင်းဝင်းဇော်၊ ဒေါ်ကျင်စော ၅၇ နှစ်၊ မပို ၄၀ နှစ်၊ ဦးသန်းစိန် ၅၅ နှစ်၊ ဦးအုန်းကျော် ၆၀ နှစ်၊ ဦးပိန်သေး ၅၉ နှစ်၊ ဒေါ်မနှစ် ၆၂နှစ်၊ မစနလင်း ၃၂နှစ်၊ မသူဇာမော် ၃၄နှစ်၊ ဦးကျော်မျိုး ၃၇နှစ်၊ မခင်စံပယ် ဉီး ၃၀နှစ်  ဒေါ်ဂျမ်းပုံ ၈၀နှစ်၊ ဒေါ်အေးတင် ၅၀နှစ်၊ မကြူကြူ ၄၅နှစ် ကိုတင်စိုးလွင် ၄၂ နှစ်နှင့် အသက် ၅နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်းသိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဇွန်လ ၂၂ ရက်နေ့က ပွဲချင်းပြီးသေဆုံးသူ ၇ဦးသာရှိခဲ့ပေမယ့် အချိန်မှီမကယ်ထုတ်နိုင်တာကြောင့် ဆေးဝါးကုသခွင့်မရတဲ့အတွက် ဇွန်လ ၂၃ရက်နေ့ နဲ့၂၄ ရက်နေ့အတွင်းနောက်ထပ်သေဆုံးသူ ၁၀ ဦးအထိတိုးလာတယ်လို့သိရပါတယ်။

လက်ရှိ နန့်သာဘုန်ကြီးကျောင်းထဲမှာ ဒဏ်ရာရပြည်သူ ၂၀ ကျော်နဲ့ဒဏ်ရာမရထားတဲ့ပြည်သူ ၁၀ ဦးကျော် စုစုပေါင်းပြည်သူ ၃၀ ကျော်ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သူတို့ကဘုန်းကြီးကျောင်းမှာတပ်စွဲတာလေး အဲ့တော့ဘုန်းကြီးကျောင်းနဲ့နီးတဲ့အိမ်တွေထဲက ပြည်သူတွေကို ညဘက်ဘုန်းကြီးကျောင်းမှာခေါ်စုပြီးအိပ်ခိုင်းတာ ပုံမှန် လူဦးရေ၄၀ ကျော် ၅၀ အထိကိုခေါ်အိပ်ခိုင်းတယ်။ အခုလည်း ဒဏ်ရတဲ့သူတွေက ၂၀ ကျော်ဆို အားလုံး ၅၀ ဝန်းကျင်လောက်တော့ပိတ်မိနေတယ် ဖုန်းကလည်း ၂၃ ရက်နေ့အထိတော့ဆက်သွယ်လို့ရတယ် ဘယ်လို့မှသွားကယ်ထုတ်လို့မရဖြစ်နေတယ်လို့သူကပြောပါတယ်။

နန့်သာကျေးရွာထဲက ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို တာဝန်ရှိသူတွေက ညှိုနိုင်းနေဆဲပဲလို့သိရပြီး ပိတ်မိနေတဲ့ဒဏ်ရာရပြည်သူတွေကိုအချိန်မှီမကယ်ထုတ်နိုင်ရင် သေဆုံးသူတွေထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ နန့် သာကျေးရွာဘုန်းတော်ကြီးကျောင်းမှာလက်ရှိ စစ်သားအင်အား ၅၀ ဝန်းကျင်လောက်ရှိနေတာဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အနီးဝန်းကျင်က ကျေးရွာအများအပြားထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တုံ့တော်ကျေးရွာနေ အမျိုးသားတစ်ဦးကပြောပါတယ်။

သူတို့လည်းမဆုတ်သေးဘူးနန့်သာထဲမှာပဲ ဒီဘက်ကာကွယ်ရေးဘက်က လည်းဆုတ်မသွားသေးဘူး သူတို့ကိုပတ်ပတ်လည်ဝိုင်းထားတယ် မနေ့က ထိတော့နည်းပစ်သံခတ်သံကြားတယ်ဒီနေ့တော့မကြားရသေးဘူး ကာကွယ်ရေးဘက်ကလည်း ရွာတွေကိုတိမ်းခိုင်းထားတယ်လို့သူကပြောပါတယ်။

နန့်သာရွာနီးဝန်းကျင်မှာ စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုက်ပွဲဆက်ပြီးပြင်းထန်လာနိုကြောင့် ကာကွယ်ရေးတပ်တွေဘက်က နန့်သာကျေးရွာအနီးက အောင်းကုန်း၊အင်ပင်၊ တုံ့တော်၊ မော်တိတ်စတဲ့ကျေးရွာနေပြည်သူတွေကို မနေ့ကနေစပြီး ဘေးလွှတ်ရာကို ကြိုတင်ရှောင်တိမ်းခိုင်းနေပြီလို့သိရပါတယ်။

ဒီကနေ့ဇွန်လ ၂၅ရက်နေ့မနက်ပိုင်းမှာလည်း အင်အား ၃၀ ကျော်ပါတဲ့စစ်ကောင်စီစစ်သားတွေဟာ အင်းတော်မြို့ဘက်ကနေ နန့်သာရွာဘက်ကိုဦးတည်ပြီးစစ်ကူလာနေတယ်လို့သိရပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ မော်တိတ်ဒေသထဲက နန့်သာကျေးရွာထဲကို ၂၀၂၃ ခုနှစ် မတ်လ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်ကောင်စီစစ်သားတွေရွာထဲစဝင်လာတဲ့အချိန် ရွာသားအများစုထွက်ပြေးသွားကြပေမယ့် ရွာသား ၁၀၀ ကျော်လောက်ဟာ ထွက်ပြေးခွင့်မရပဲ ပိတ်မိသွားရာကနေ စစ်ကောင်စီစစ်သားတွေရဲ့ ဖမ်းဆီးထိန်းချုပ်မှုကိုခံလိုက်ရတာဖြစ်ပါတယ်။

မော်တိတ်ဒေသတစ်ခုလုံးမှာ နန့်သာကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်ရှိတာဖြစ်ပြီး စစ်ကောင်စီစစ်သားတွေဟာ မော်တိတ်ဒေသရဲ့အချက်အချာကျတဲ့နန့်သာရွာမှာတပ်စွဲပြီး ကျေးရွာတွေထဲ ဝင်ထွက်သွားလာတာ၊ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်တာ အရပ်သားတွေကို ဖမ်းဆီးတာ စတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

အင်းတော်မြို့နဲ့ ၁၀ ကျော်ဝေးတဲ့ နန့်သာကျေးရွာဟာ အင်းတော်ဗန်းမောက်ကားလမ်းပိုင်းမှာတည်ရှိတာဖြစ်ပြီး စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ကားလမ်းပိုင်းမှာတည်ရှိနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button