ပူတာအိုမှာ ဆီကားတွေဝင်ရောက်နေပြီဖြစ်ပေမယ့် လက်ကားစျေးနဲ့သာရောင်းပေးနေတာကြောင့် ဆီစျေးမကျနိုင်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲကို စက်သုံးဆီကားအများအပြားဝင်ရောက်ထားပြီဖြစ်ပေမယ့် ဆီပန့်အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို ဆီပန့်ဆိုင်မှာမရောင်းချပေးပဲ အပြင် လက်ကားစျေးနဲ့သာထုတ်ရောင်းနေတာကြောင့် ဆီစျေးဆက်လက်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လနဲ့ချီစက်သုံးဆီကားအဝင်ရပ်တန့်ခဲ့တဲ့ ပူတာအိုမြို့မှာ ဇွန်လ ၂၇ ရက်နေ့က ပထမဆုံးအကြိမ် ဆီပန့်ဆိုင်ကြီးတွေရဲ့ဆီကားအများအပြားဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။
သို့သော် ဇွန်လ ၂၈ ရက်နေ့တစ်ရက်တည်းသာ ဆီပန့်ဆိုင်တွေမှာရောင်းချပေးခဲ့ပြီး နောက်ပိုင်းအပြင်မှာ လက်ကားစျေးနဲ့သာထုတ်ရောင်းနေတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကKNGကို ပြောပါတယ်။
“တစ်ရက်ပဲရောင်းပြီး ပိတ်သွားတာဟုတ်တယ် ဒီနေ့ဆီရောက်တယ်ဆိုရင်နောက်နေ့လိုတစ်ရက်ပဲ ရောင်းပေးပြီးပိတ်သွားတာ ဆီကုန်သွားတယ်ဆိုပြီး တစ်ရက်ပဲရောင်းပေးတာဘယ်ကုန်မလဲသူတို့ကဆီတွေက်ိုပေပါလိုက်အပြင်မှာထုတ်ရောင်းပေးနေတာ ဇေယျာမင်းနဲ့ တိုင်းကျော်မှာ ခုထိရတယ်ပေပါလိုက်ယူမယ်ဆိုရင်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားက ပြောပါတယ်။
ဇွန်လ ၂၇ရက်နေ့မှာ ဇေယျာမင်းဆီပန့်ဆိုင်၊ တိုင်းကျော်၊BTK ဆီပန့်ဆိုင် ရွှေပိုးဝါဆီပန့်ဆိုင်နဲ့အခြားဆီပန်ဆိုင်ကြီးတွေရဲ့ ဆီကားအများအပြားရောက်လာခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့က ဓာတ်ဆီ တစ်ပုလင်းကျပ် ၈၀၀၀၊ တစ်ဂါလံ ကျပ် ၂၈၀၀၀ ဝန်းကျင်နဲ့ဆီပန့်ဆိုင်တွေမှာရောင်းပေးခဲ့ပြီး နောက်ပိုင်းအပြင်မှာလက်သားစျေးနဲ့သာထုတ်ရောင်းနေတာကြောင့် ဆီးစျေးတက်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ခံ အခြားအမျိုးသားတစ်ဦးက ပြောပါတယ်။
“BTK ဆိုင်ကတော့ နှစ်ရက်သုံးရက်အထိ မနက်ပိုင်းရောင်းပေးသေးတယ် အကန့်အသတ်နဲ့ပဲ ဇေယျာမင်း တိုင်းကျော်တို့ကတော့တစ်ရက်ပဲ ရောင်းပြီးပိတ်သွားတာပဲ. အခုသူတို့က အပြင်မှာ တစ်ပေပါ သိန်း ၃၀ ၊သိန်း ၄၀ နဲ့ထုတ်ရောင်းနေလို့အခုလမ်းဘေးဆိုင်တွေမှာစျေးတက်နေတာ တစ်ပုလင်းကို ၂၅၀၀၀ အထိရှိတယ် အပြင်မှာတော့ဆီကပေါတယ် နေရာတိုင်းရှိတယ် စျေးကြီးတာတစ်ခုပဲ”လို့ သူကပြောပါတယ်။
လက်ရှိ ဇေယျာမင်း၊တိုင်းကျော်စတဲ့ ဆီပန့်ဆိုင်ကြီးတွေဆိီကနေ စီးပွားရေးလုပ်ကိုင်သူတစ်ချို့ကလက်ကားယူပြီး အပြင်မှာပုလင်းချိန်နဲ့ဓာတ်ဆီတစ်ပုလင်းကျပ် ၁၇၀၀၀ ကနေ ကျပ် ၂၅၀၀၀ ၊ တစ်ဂါလံ ကျပ် ၅၀၀၀၀ ကနေ ကျပ် ၇၀၀၀၀ အထိစျေးတင်ရောင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပူတာအိုမြို့ပေါ်က အဓိက ဆီပန့်ဆိုင်ကြီးတွေ ဖြစ်တဲ့ ဇေယျာမင်း၊တိုင်းကျော်စတဲ့ဆီပန့်ဆိုင် ကြီးတွေ မှာ ဇွန်လ ၂၇ ရက်နေ့က တစ်ဆိုင်ကို ဆီပေပါအနည်းဆုံး အလုံး ၃၀၀ ထက်မနည်း ရောက်လာပေမယ့် တစ်ရက်သာထုတ်ရောင်းပေးပြီး လက်ရှိလို့ဆီကုန်နေတယ်လို့ဆိုကာ ဆိုင်ပိတ်ထားတယ်လို့ဒေသခံတွေကဆိုပါတယ်။
ခုလိုစက်သုံးဆီတွေကို လက်ကားနဲ့သာရောင်းချပေးနေတဲ့အတွက် ဆီစျေးမကျနိုင်တာကြောင့် လက်လုပ်လက်စားပြည်သူတွေနဲ့သာမန်ပြည်သူတွေ ဝယ်ယူနိုင်ဖို့ခက်ခဲနေတယ်လို့လည်း သိရပါတယ်။
ဇွန်လ ၂၇ရက်နေ့ နောက်ပိုင်းမှာလည်း ပူတာအိုမြို့ဘက်ကို ဆီကားတွေထပ်မံတက်သွားပေမယ့် မိုးသည်းထန်စွာရွာသွန်းပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ ကားလမ်းမြေပြိုမှုကြောင့်ဆီကားတွေနဲ့ ကုန်းကားအများအပြားပိတ်မိနေဆဲဖြစ်ပါတယ်။
လက်ရှ်ိကချင်ပြည်နယ်ထဲ ဝင်မယ့်စက်သုံးဆီကားအများအပြားဟာ နန့်စီးအောင်ဂိတ်မှာပိတ်မိနေသလို လွယ်ဂျယ်ဂိတ်ကနေလည်း ဆီကားတွေ ဖြတ်ခွင့်မရတာကြောင့် ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စက်သုံးဆီပြတ်လပ်တာအပြင် ဆီစျေးနှုန်းမြင့်တက်တာတွေ ပိုဆိုးရွားလာတာဘဲဖြစ်ပါတယ်။
By – Zaw Zaw