သတင်း

ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုတစ်ပတ်ကျော်ကြာမြင့်လာပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ တစ်ပတ်ကျော်ကြာရေကြီးရေလျှံမှုတွေဖြစ်နေပြီး ပြည်သူ‌သောင်းချီရေ‌ဘေးသင့်‌‌နေတယ်လို့သိရပါတယ်။

ဇွန်လ ကုန်ပိုင်းလောက်ကစလို့ ဟုမ္မလင်းမြို့ပေါ်နဲ့ ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ချင်းတွင်းမြစ်ရေကြီးနေတာကြောင့် ဒေသခံတွေ အဘက်ဘက် ကခက်ခဲနေတာလို့ ဟုမ္မလင်း‌ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။

အခြေအနေကတော့အတော်ဆိုးနေတယ်ဗျ။မြို့ပေါ်ကနေရာအများပိုင်းလည်းမြုပ်နေတယ် သွားလာရခက်ခဲတာ ဟိုဘက်နောင်ပိုအောင်ဘက်တွေကိုလည်းရှောင်လို့မရဘူးရေတိုးနေတာလို့ ပြောပါတယ်။

ဟုမ္မလင်းမြို့ပေါ်ကမြေနှိမ့်ပိုင်းရပ်ကွက်‌တွေနဲ့ မြို့အနီးဝန်းကျင်က ကျေးရွာတွေမှာ ဇူလိုင် ၁ရက်နေ့ နောက်ပိုင်းကစလို့ ရေလွှမ်းသွားတာဖြစ်တယ်လို့ ရေဘေးရှောင်ပြည်သူ‌တွေက ပြောပါတယ်။

မြို့ပေါ်ကလူတွေကတော့လောလောဆယ် အမြင့်ပိုင်းထဲကိုရွေ့နေရတာ ဘုန်ကြီးကျောင်းတွေလူနေအိမ်တွေမှာ ရွေ့နေကြတယ်။ အိမ်တွေဘာမျောသွားတဲ့အထိတော့မကြားမိသေးဘူးလို့သူကပြောပါတယ်။င

အခုလိုရေကြီးရေလျှံမှုတွေကြောင့် ဟုမ္မလင်းမြို့နယ်ထဲကို ဇူလိုင် ၁ ရက်နေ့နောက်ပိုင်းကစပြီးဖုန်းဆက်သွယ်ရေးလိုင်းတွေပြတ်တောက်သွားသလို ဓာတ်အားလိုင်းတွေပြတ်တောက်နေတာကြောင့် လျှပ်စစ်မီးတွေလည်းခက်ခဲနေတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့မေလ ကစပြီးတိုက်ပွဲတွေဖြစ်ပွားနေသလို လက်ရှ်ိထိနှစ်ဘက်စစ်ရေးတင်းမာနေတာကြောင့်လမ်းပိုင်းအချို့ပိတ်ထားရလို့ စက်သုံးဆီရှားပါးမှူနှင့် ကုန်စျေးနှုန်းမြင့်တက်မှုတွေ ကြောင့်ရေဘေးဒုက္ခသည်တွေပိုမိုခက်ခဲနေကြတယ်လို့သိရပါတယ်။

ဒေသခံတွေ ပြောပြချက်အရ လက်ရှ်ိချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဟုမ္မလင်းမြို့အပါ မြို့ ပေါ်ကရပ်ကွက်တွေအပါအဝင် မြို့အနီးဝန်းကျင်ထဲက ရွာပေါင်း ၁၀ ရွာခန့်ရေဘေးသင့်ပြည်သူသောင်းချီရှိနေတယ်လို့သိရပါတယ်။

မိုးဇလရဲ့ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်း မြို့ပေါ်မှာစိုးရိမ်ရေအမှတ်အထက် ၆ ပေကျော်အထိမြင့်တက်နေတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နဲ့အလားတူ ချင်းတွင်းမြစ်ထက်ဘက်က ခန္တီးမြို့မှာလည်းရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေထောင်နဲ့ချီရေဘေးသင့်နေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button