သတင်း

မိုးကောင်းမြို့ ရပ်ကွက် ၂  ခုမှာ MPT ဖုန်းလိုင်းရ

ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက်   ခုမှာ ဩဂုတ်လ  ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအပါအဝင် ကချင်– စစ်ကိုင်းအစပ်ထိ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေအားလုံးပြတ်တောက်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့တွင်း MPT ရုံးနဲ့ အစိုးရရုံးတစ်လျှောက် MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ  ရက်နေ့မှာ ဖိုးချစ်ကုန်းရပ်ကွက်နေရာတစ်ချို့၊ မိုးကောင်းမြို့ MPTရုံးအနီးနဲ့ ကျွန်းတောရပ်ကွက် ဖုန်းပြောလို့ရနေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။

“MPT အိတ်ချိန်းရုံးကနေ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်ဘဲ ဦးစားပေးလွှင့်ပေးတယ်လို့ သိရတယ်။  ရက်လောက်ရှိပြီ အဲဒီဖိုးချစ်ကုန်းမှာရှိတဲ့  MPT ရုံးနားနဲ့တစ်ချို့နေရာတွေရနေတာ ပြီးတော့ ကျွန်းတောတံတားမှာရတယ် စျေးနားက စနေမဆိုင်မှာက အထွက်ဘဲရတယ် အဝင်မရဘူးလို့ ပြောပါတယ်။

မိုးကောင်းမြို့ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်မှာသာ ဖုန်းလိုင်းရနေတာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာ ဖုန်းလိုင်း တိုင်တောင်မပေါ်ဘူးလို့ သူကဆက်ပြောပါတယ်။

မိုးကောင်းမြို့ဟာ မြစ်ကြီးနားနဲ့ မိုင်အားဖြင့် ၄၅ မိုင်ခန့်အကွာမှာရှိပြီး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် မိုးကောင်းမြို့ပြည်သူတွေ  ဖုန်းပြောဖို့  မြစ်ကြီးနားဘက်ကို ရထားနဲ့နေ့တိုင်းတက်လာပြီး ဖုန်းပြောနေကြတာဖြစ်ပေမယ့် ဩဂုတ်လ  ရက်နေ့ နောက်ပိုင်း မိုးကောင်းမြို့တွင်းမှာဖုန်းလိုင်းရနေတာကြောင့် မြစ်ကြီးနားတက်သူမရှိတော့ဘူးလို့ သိရပါတယ်။

လက်ရှိ မိုးကောင်းမြို့တွင်း ဖုန်းလိုင်းတွေရနေပြီလို့ သိရပေမယ့် မြို့တွင်းအချင်းချင်းဆက်သွယ်ဖို့ ခက်ခဲနေသေးသလို အင်တာနက်လိုင်းကတော့ လုံးဝမရသေးတာကြောင့် ငွေလွှဲဝန်ဆောင်မှုအားလုံး ရပ်တန့်နေတဲ့အတွက် ပြည်သူတွေခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဖုန်းလိုင်း ရတယ်ဆိုရုံလောက်ဘဲ လိုင်းကသိပ်မကောင်းသေးဘူးဗျ။မြို့ထဲအချင်းချင်းဆက်ရဖို့တောင် အရမ်းခက်တယ်။ အင်တာနက်လိုင်းတော့ လုံးဝမရပါဘူး။ ဒါကြောင့် ငွေတွေလွှဲမရ ထုတ်မရခက်နေကြတယ်လို့ နောက်ထပ်ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုးကောင်းမြို့မှာ တစ်ခြားမြို့နယ်တွေလို အင်တာနက်သုံးလို့ရတဲ့ ဆိုင်တွေမရှိတာကြောင့် လက်ရှိ ဖုန်းလိုင်းရနေရာမှာ ဖုန်းလာပြောသူတွေ ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။ 

မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ မိုးကောင်းမြို့ဟာ မိုးညှင်းခရိုင်ထဲကမြို့နယ်တစ်ခုဖြစ်ပြီး ၂၀၁၇ သန်းခေါင်စာရင်းအရ လူဦးရေ  ၁၃၂၆၀၈ နေထိုင်ပြီး  မြို့ပေါ်ရပ်ကွက် ()ခု၊ ကျေးရွာအုပ်စု (၃၈)စု  ကျေးရွာပေါင်း ၇၃ရွာ တို့နဲ့ ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button