တိုက်ပွဲသတင်း

ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းအဖွဲ့တွေအကြားတိုက်ပွဲတွေ ပြင်းထန်နေပြီး ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိထားတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းက မြတောင်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ အဲ့ဒီတပ်စခန်းရဲ့ ကာကင်း စခန်း  ခုကို သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။

မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစောကြီးကို ဝင်တိုက်တာလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ သတင်းပြန်ကြားရေးသတင်းဌာတော့ ထီးချိုင့်မြို့ဟာ KIA ရဲ့ တပ်မဟာ ၁၁ တပ်ရင်း ၁၂ ဒေသဖြစ်သလို အဲ့ဒီဒေသက ကာကင်းစခန်းတွေဖြစ်တဲ့ ဆီဆိုင်၊ ဟိုပုံးလေး နဲ့ ဘုရင့်နောင်တပ်စခန်းတွေကိုသိမ်းပိုက်ရရှိထားတယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ထီးချိုင်မြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ကတည်းကစလို့ ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့အထိ ဂျက်ဖိုက်တာနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ထီးချိုင့် သတင်းတွေဖော်ပြနေတဲ့ Tigyaing Revolution-TR က သတင်းထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့ဟာ မန္တလေးဗန်းမော် လမ်းကြောင်းပေါ်မှာတည်ရှိပြီး ကုန်လမ်းအပြင် ဧရာဝတီမြစ် ရေကြောင်းလမ်းနဲ့ပါသွားလာနိုင်တဲ့ လမ်းကြောင်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေးရွှေဘို– မြစ်ကြီးနား ဗျူဟာကားလမ်းမပေါ်မှာရှိတဲ့ ကောလင်းနဲ့ အင်းတော်မြို့ နဲ့လည်း ကပ်လျှက်မှာတည်ရှိတဲ့အတွက် စစ်ရေးအရ နှစ်ဖက်တပ်တွေအတွက် အရေးပါတဲ့နေရာဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

မြေပုံအရကတော့ ထီးချိုင့်ကအရေးကြီးမှာပါ။ ကချင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းအစပ်မှာဆိုတော့လေ နောက်ပြီး ဗန်းမော်ဘက်ကတက်သွားတဲ့လမ်းတွေ မြစ်ကြီးနားဘက်ကိုတက်သွားတဲ့လမ်းတွေဆိုတော့ အရေးကြီးတဲ့မြို့ဖြစ်ပါတယ်။
လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

လက်ရှိ ထီးချိုင့်မြို့နယ်အတွင်းတိုက်ပွဲမှာ NUG အမှတ်  စစ်ဒေသလက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မြေပြင်မှာအဓိကစစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပူးပေါင်းပြီးတိုက်ခိုက်နေတာ လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။

တစ်ဖက်မှာ အာရက္ခတပ်တော် AA အပြင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်မတော် ABSDF တို့လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ထီးချိုင့်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းအဖွဲ့တွေအကြား  လကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း မြို့တွင်းပျက်ဆီးမှုနဲ့ အရပ်သားသေဆုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button