တိုက်ပွဲသတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်တပ်ကလေကြောင်းအသုံးပြုပြီးအင်အားဖြည့်နေ

စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဟာ လေကြောင်း အသုံးပြုအင်အားဖြည့်တင်းမှုတွေဆက်တိုက်လုပ်နေတယ်လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ ဝန်းသိုဘက်က စစ်အင်အားတွေကို ပင်လည်ဘူးကိုလေကြောင်းနဲ့ဖြည့်တင်းထားတယ်လို့ ပင်လည်ဘူး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မနေ့ကဆိုရင် နမခ ဘက်ကရော ဝန်းသိုဘက်ကရော စစ်ကူတွေကို mi 17 ၇ စီးနဲ့ ပို့လိုက်တယ် အင်အား ၁၀၀ ကျော်လောက် ရှိတယ်လို့ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးအတွင်း မြို့တွင်းနေရာတော်တော်များများကို တော်လှန်ရေး အင်အား စုတွေကသိမ်းပိုက်ထားပြီး အထိုင်စစ်တပ်မရှိတဲ့ပင်လည်ဘူးမြို့မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်သားတွေပူးပေါင်းပြီး မြို့ကိုလက်မလွှတ်ရရေးခုခံနေတာလို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဘက်က ဒီတိုက်ပွဲအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်တာ ၁၀ ကြိမ်ထက် မနည်းရှိပြီး နေ့စဥ်လိုလိုလေကြောင်းအသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ KIAPDF နဲ့ ပူးပေါင်းပေါင်းတပ်ဖွဲ့တွေဟာ ပင်လည်ဘူးမြို့ကို သိမ်းပိုက်ဖို့ စစ်ဆင်ရေးလုပ်နေတာဖြစ်ပြီး လက်ရှိတော့ နောက်ဆုံးကျန်နေတဲ့ မြို့တွင်းရဲစခန်းကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပင်လည်ဘူးကတော့ အခိုင်အမာတပ်စွဲထားတဲ့ရဲစခန်းပဲကျန်တော့တဲ့အနေအထားပါ။ ကျနော်တို့ကြိုးစား နေဆဲပါ အဓိကစခန်းတစ်နေရာကျန်နေတာပေါ့ ကြိုးစားနေတယ်လို့ပဲပြောရမှာပါ။ မြို့ထဲရှိတဲ့နေရာတော် တော်များများကိုထိန်းချုပ်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကတော့ ၁၉ ရက်နေ့ကစတိုက်တာ ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခံရတယ်လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကစတင်တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲကြောင့် မြစ်ကြီးနားမန္တလေး ကားလမ်းပိုင်းကို KIA PDF ပူးပေါင်းအဖွဲ့က အကန့်အသတ်မရှိပိတ်ထားပြီး ကချင်ပြည်နယ်တစ်ဝှမ်း ကုန်ဈေးနှုန်းတွေတောက်လျှောက်မြင့်တက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ မြစ်ကြီးနားမန္တလေးလမ်းပိုင်းကို တိုက်ပွဲကြောင့် ပိတ်လိုက်ရာကနေ ဒီနေ့အချိန်ထိပိတ်မိနေတဲ့ ယာဥ်တန်း ရာနဲ့ချီရှိနေသေးတယ်လို့ ကားသမားတွေဆီကသိရပါတယ်။

တစ်ဖက်မှာ KIA ဦးဆောင်တဲ့ အမှတ် ၁ စစ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်း၊ ပင်လည်ဘူး၊ အင်းတော်နဘား နဲ့ ကန့်ဘလူဒေသအပါအဝင် ထီးချိုင်မြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button