တိုက်ပွဲသတင်း

ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေတယ်လို့ စန်းကားကျေးရွာ ရပ်ကွက်  မှာနေထိုင်တဲ့ပြည်သူတွေက ပြောပါတယ်။

မတ်လ  ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။

အဲဒီအပြင် စန်းကားကျေးရွာဟာ နမ့်ပေါင်လေတပ်စခန်းရဲ့ တစ်ဖက်ကမ်းမျက်နှာစောင်းထိုးမှာရှိတဲ့ရွာဖြစ်ပြီး နမ့်ပေါင်လေတပ်စခန်းလုံခြုံရေးအတွက် အလွန်အရေးပါတဲ့ရွာလည်းဖြစ်ပါတယ်။

ဒါကြောင့် ဇွန်လကစပြီး စစ်တပ်က ရွာအဝင်အထွက်ကိုစစ်ဆေးတာတွေပုံမှန်ရှိနေတဲ့အပြင် ရပ်ကွတစ်ချို့လူနေအိမ်တွင်း ဝင်ရောက်တပ်စွဲတာတွေပုံမှန်ရှိနေတာလည်းဖြစ်ပါတယ်။

ဒေသခံတွေပြောဆိုချက်အရ စန်းကားကျေးရွာမှာ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ရပ်ကွက်  အနီးက စစ်တပ်စခန်းမှာတော့ လီဆူပြည်သူ့စစ်အဖွဲ့က တပ်စွဲထားပြီး ရပ်ကွက်  အရပ်သားနေအိမ်တစ်ချို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတပ်ဆင်ပြီး တပ်စွဲထားတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ လကုန်ပိုင်း လက်နက်ကြီးအထိုင်ချပြီး တပ်စွဲထားတဲ့စစ်သားတွေကို KIA ပူပေါင်းတပ်တွေ ဝင်ရောက်ဖမ်းဆီးသွားပြီး အဲဒီနေရာမှာ KIA ပူးပေါင်းတပ်က တပ်စွဲနေရာယူလိုက်တာလို့ သိရပါတယ်။

ရပ်ကွက်  မှာ အမြောက်  လက်ထောင်ပြီး လူနေအိမ်မှာနေနေတဲ့စစ်သားတွေကို KIA လူတွေ လာဖမ်းသွားပြီး အဲအိမ်မှာ KIA နဲ့ PDF တွေနေရာယူလိုက်တာဟုတ်တယ်။ အဲဒါကို စစ်တပ်က အဲနေရာကနေ အမြန်ဖယ်ပေးဖို့ စာပို့တယ်လို့ပြောတယ်။ ဒါပေမယ့်  KIA အဖွဲ့လည်း မဖယ်ပေးတော့ စစ်သားက စစ်ကား  စီးနဲ့ဆင်းလာတာအဲဒါ ပစ်ကြတာ စစ်ကြောင်းပြန်ခေါက်သွားတယ်လို့ စန်းကားရပ်ကွက်  မှာနေတဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲဲ့တွေ လက်လွတ်လိုက်ရတဲ့နေရာကို ပြန်ယူဖို့ စစ်ကား  စီးနဲ့ စစ်ကြောင်းထိုးလာပေမယ့် ရပ်ကွက်  အကျော်မှာဘဲ ကြားဖြတ်တိုက်ခိုက်ခံရလို့ နောက်ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေပြောပါတယ်။

စန်းကားကျေးရွာအုပ်စုမှာ  ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ရှိပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားတိုက်ပွဲဖြစ်တဲ့နေရာဟာ ရပ်ကွက်  အနီးမှာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စန်းကားရပ်ကွက်   နောင်းမော်ကျေးရွာ ရပ်ကွက်  လမ်းဆုံနေရာတွေမှာ ဇွန်လနဲ့ဇူလိုင်လ  လတပ်စွဲနေထိုင်ခဲ့ပြီး ဩဂုတ်လ လဆန်းပိုင်းကစလို့ ရပ်ကွက်  လီဆူလူမျိုးတွေရှိတဲ့ ရပ်ကွက် နေအိမ်တစ်ချို့မှာ ဝင်ရောက်တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

အစက အဲဒီနောင်းမော်ရွာသွားတဲ့ လမ်းဆုံမှာ အသစ်ဆောက်ထားတဲ့ အိမ်တစ်အိမ်ရှိတယ် အဲမှာနေကြတာ။ ခုနောက်ပိုင်း KIA အဖွဲ့တွေက ရှေ့တိုးလာတော့ သူတို့က ရွာထဲနောက်ဆုတ်လာနေတယ် ခုလီဆူအိမ်တစ်ချို့မှာ တပ်စွဲထားတယ်လို့ သိရတယ်လို့ စန်းကားရပ်ကွက်  ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စန်းကားရွာဘေးပတ်ပတ်လည်မှာရှိတဲ့ ငှက်ပျောစ်ိုက်ခင်းတွေမှာ သွားလာလှုပ်ရှားတာတွေရှိနေတာကြောင့် နှစ်ဖက်စစ်ဆိုင်တဲ့အနေထားမှာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စန်းကားကျေးရွာ၊ခတ်ချိုကျေးရွာ၊ ရွှေညောင်ပင်၊အောင်မြေ  ၊အောင်မြေ  ကျေးရွာတွေဟာ ရွာနောက်ကျောဆက်ထားတဲ့ရွာတွေဖြစ်ပြီး မတ်လ  ရက်နောက်ပိုင်း KIA  KPDF တပ်ဖွဲ့တို့် အဓိက သွားလာလှုပ်ရှားတဲ့နေရာတွေဖြစ်ပါတယ်။

ဒေသခံအများပိုင်းကတော့ မတ်လ  ရက်နေ့ နောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေပြီး အိမ်စောင့်အဖြစ် အနည်းအကျဉ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button