သတင်း

ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောအထက်ဘက်ကိုဆန်တက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော  စီးဟာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်း ဧရာဝတီမြစ်အထက်ဘက် ဗန်းမော်မြို့နယ်ကိုဦးတည်ဆန်တက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ဇင်းဘုံရွာအဝင်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ KNG ကိုပြောပါတယ်။

ဒီမနက် ရွှေကူကနေတက်လာတဲ့စစ်သင်္ဘော  စီး ရွှေကူအထက်ဘက်မှာ ကျနော်တို့ KIA နဲ့ PDF တွေ ပစ်ခတ်တာ  နာရီ နဲ့ ၁၀ နာရီကြားလောက်မှာ။ သင်္ဘော  စီးပျက်သွားပြီးတော့ ရွှေကူကိုအားလုံး ပြန်ဆုတ်သွားတယ်။လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောစထွက်ခွာတဲ့ မနက်ပိုင်း  နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီတပ်ဘက်က လေကြောင်း အသုံးပြုတိုက်ခိုက်တာတွေလုပ်ခဲ့သလို မြေပြင်စစ်ကြောင်းတစ်ခုက ရွှေကူမြို့တွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကြောင်းဟာ အင်အား ၅၀ ကျော်ရှိပြီး ရွှေကူ မြို့အထွက်ဆိုင်းဘုတ်အနီးရောက်ရှိနေပြီလို့သိရပါတယ်။

 နာရီလောက်ကစထွက်တယ်။ ကုန်းကြောင်းကလည်း ရွှေကူမြို့အထွက်ဆိုင်းဘုတ်နားမှာ ဘာလုပ်မလို့ လဲမသိဘူး။ ထိုးကူဖို့ပြင်တာပေါ့လေ။ လေကြောင်းကလည်းတောက်လျှောက်ပစ်နေတာ။ သင်္ဘောကလည်း တောက်လျှောက်ပဲပစ်တာလို့ ရွှေကူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။


အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ဦးထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button