“ကျွန်တော်တို့ ဆက်လက်ပြီး ပညာရေးနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အချိန်တွေမှာ (Hpaji Hte Myu Hpe Shalawt)“ပညာရေးဖြင့်လွတ်မြောက်ခြင်း” [MOU1] ဆိုတဲ့ ပန်းတိုင်အလျောက် ကျွန်တော်တို့အနေနဲ့ ပညာရေးကို ပိုမိုထိရောက်အောင် ကြိုးစားပြီး ကျွန်တော်တို့ တတ်မြောက်ထားတဲ့ပညာတွေကို တိုင်းပြည်နဲ့ လူမျိုးအတွက် ဆပ်ကပ်ပါဝင်သွားဖို့ စဉ်းစားထားပါတယ်“ဆိုပြီး Kachin University Student Association (KUSA) ဦးဆောင်သူ Lakum Brang Lat (ကို လကွမ်းဘရန်လတ်) က ပြောပါတယ်။
KUSA အဖွဲ့ကို ထိုင်းနိုင်ငံ ချင်းမိုင်ကို ပညာသင်ဖို့ရောက်လာကြတဲ့ ကချင် လူငယ် တက္ကသိုလ်ကျောင်းသား၊ သူတွေရဲ့အခက်ခဲတွေကို ကူညီဖြေရှင်းပေးဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
အဖွဲ့အစည်းကို ချင်းမိုင်မြို့ တက္ကသိုလ်ကနေ ဘွဲ့ရ စီနီယာကျောင်းသားတွေနဲ့ လက်ရှိကျောင်းတက်နေကြတဲ့ ကျောင်းသားတွေ ကနေ ပြီးတော့ အခုနှစ် ၂၀၂၄ ဧပြီလလောက်က ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
KUSA အဖွဲ့အစည်းထဲမှာ အဓိက Chiang Mai ၊ Rajabhat၊ Payap၊ Maejo၊ Mae Fah Lung စတဲ့ တက္ကသိုလ်တွေက ကျောင်းသား/သူတွေလည်း ပါဝင်တယ်လို့ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ စီနီယာကျောင်းသား Sumlut Seng Li (ကိုဆွမ်လွတ်ဆိုင်းလီ) ကနေသိရပါတယ်။
“ဒီအဖွဲ့အစည်းက ကျောင်းသားတွေ၊ လူငယ်တွေပူပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်တယ်…ဒီအဖွဲ့အစည်းကနေပြီးတော့လည်း ကချင်လူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရိုင်းပင်းရင်း အနာဂတ်မှာလည်း ကိုယ့်လူမျိုးအတွက် တိုင်းပြည်အတွက် ပိုမိုတိုးတက်လာအောင် တစ်ဖက်တစ်လှမ်းကနေ ပါဝင်လာတိုင်အောင် ရည်ရွယ်ပြီး ဒီအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့တာ ဖြစ်တဲ့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်လို့ မြင်ပါတယ်” ဆိုပြီး လက်ရှိ KUSA အဖွဲ့ရဲ့ အတွင်းရေးမှူး Maran Htu Ra (မရန်ထုရာ) က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း နိုင်ငံ၊စီးပွားရေး၊ လူမူရေးအကြပ်၊ပညာရေးအကြပ်အတည်းတွေကြား နေ့ဓဓူဝ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာပြီး ပြည်သူတွေဟာ အဖက်ဖက်ကနေ ခက်ခဲလာကြသလို အထူးသဖြင့် လူငယ်တွေအတွက် ပညာရေးဟာ တစ်ခန်းရပ်နားသွားရတဲ့အခြေနေ ကြုံတွေ့နေကြရတာဘဲဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တော်တော်များများ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘက်ကိုအများပိုင်းရောက်ရှိလာပြီး မိမိဘဝရှေ့ရေးအတွက် ပညသင်ဆုလျှောက်ပြီး ပညာရပ်ကို ဆက်သင်ကြားဖို့ကြိုးစားရုန်းကနေတဲ့သူတွေရှိလသို အိမ်ကထောက်ပံ့ငွေနဲ့လာတတ်သူတွေလည်း ရှိနေပါတယ်။
နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့ကျောင်းတက်တာဟာ ပိုမိုမြင့်မားတဲ့ပညာရေးအခွင့်အလမ်းတွေကို ရရှိစေတာမှန်ပေမယ့်လည်း တစ်ဖက်မှာတော့ ကျောင်းသား၊သူတွေအတွက် နေရာထိုင်ခင်း၊ ကျောင်းစရိတ်၊ နေထိုင်ခွင့်(ဗီဇာ)အပြင် ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူညီမှုစတဲ့ အခက်အခဲပြဿနာတွေကိုကြုံတွေ့ကြရတာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုအခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားတွေကနေပြီးတော့ ကျောင်းသားအဖွဲ့အစည်းတွေကို ထူထောင်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။
KUSA အဖွဲ့အစည်းကနေပြီးတော့ ပြီးခဲ့တဲ့စက်တင်ဘာ ၁၄ရက်နေ့က ကချင်တက္ကသိုလ်ကျောင်းသားတွေကို ကြိုဆိုတဲ့ Fresher Welcome and Culture Show ကို ပထမဆုံးအနေနဲ့ Payap Universityမှာ စည်းစည်းကားကား ပြုလုပ်နိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။
အဲဒီပွဲကိုတော့ ချင်းမိုင်မြို့တွင်းက ရပ်မိရပ်ဖလူကြီးတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ Payap University ကပရော်ဖက်ဆာ ဆရာ/မတွေအပြင် ချင်းမိုင်မြို့က တက္ကသိုလ်တွေတက်ရောက်နေတဲ့ ကျောင်းသား/သူတွေတက်ရောက်ခဲ့တာဖြစ်ပြီး ကချင်ရိုးရာအက၊ ကချင်သီချင်းတွေနဲ့ ကပြဖျော်ဖြေခဲ့ ကြတာဘဲ ဖြစ်ပါတယ်။
KUSA မှာ တာဝန်ထမ်းဆောင်မယ့်လူတွေကို မိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး KUSA ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့အကြောင်းအရာ၊ ရည်ရွယ်ချက်တွေနဲ့ KUSA ရဲ့ နောင်လုပ်ဆောင်မယ့် အရာတွေကိုလည်း တာဝန်ရှိသူတွေကနေပြီးတော့ တင်ပြခဲ့ကြပါတယ်။
KUSA အဖွဲ့ကနေပြီးတော့ နောင်လာမယ့်အချိန်တွေမှာ တိုင်းပြည်နဲ့လူမျိုးအတွက် တတ်မြောက်ထားတဲ့ပညာတွေနဲ့ ပါဝင်အားဖြည့်ကြိုးပန်းသွားမှာ ဖြစ်တယ်လို့ KUSAအဖွဲ့ရဲ့တာဝန်ခံ ခေါင်းဆောင် ကိုလကွမ်ဘရန်လတ်က ခုလိုပြောပါတယ်။
“ကျွန်တော်တို့ ဆက်လက်ပြီး ပညာရေးနဲ့ တိုင်းပြည်ပြန်လည် တည်ဆောက်တဲ့အချိန်တွေမှာ ပညာရေးဖြင့်လွတ်မြောက်ခြင်းဆိုတဲ့ ပန်းတိုင်းအလျောက် ကျွန်တော်တို့အနေနဲ့ ပညာရေးကို ပိုမိုထိရောက်အောင် ကြိုးစားပြီး ကျွန်တော်တို့ တတ်မြောက်ထားတဲ့ပညာတွေကို တိုင်းပြည်နဲ့ လူမျိုးအတွက် ဆပ်ကပ်ပါဝင်သွားဖို့ စဉ်းစားထားပါတယ်” လို့ ကိုဆွမ်လဆိုပါတယ်။
လက်ရှိ KUSA အဖွဲ့ကနေ လုပ်ဆောင်နေကြတဲ့အရာတွေကတော့ ချင်းမိုင်မြို့တွင်း တက္ကသိုလ် ၅ခုက ကချင်ကျောင်းသူ/ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ပိုမိုချစ်ခင်ရင်းနှီးလာစေရန် တွေ့ဆုံမှုတွေပြုလုပ်ကြပြီး social activities တွေ အတူတကွပြုလုပ်ကြတာတွေ၊ အိမ်ကထောက်ပံ့ငွေနဲ့ ကျောင်းတက်နေရတဲ့ သူတွေကို အရေးပေါ်ကူညီဖြေရှင်းပေးနိုင်အောင် ကြိုးစားလုပ်ဆောင်နေကြတာဘဲ ဖြစ်ပါတယ်။
ဒါအပြင် ကျောင်းသားတွေအနေနဲ့ ငွေကြေး စိတ်ပူစရာမလိုဘဲ ပညာရေးမှာဘဲ အာရုံစိုက်နိုင်အောင်အချို့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံငွေကိုရရှိအောင်ပြုလုပ်တာတွေ၊ ပညာသင်ဆုရရှိအောင်ပြင်ဆင်လမ်းညွှန်ပေးတာတွေအပြင် မိမိမှာရှိနေတဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုတိုးတက်လာအောင် လေ့ကျင့်သူယူတာတွေကိုပါ အတူတကွပြုလုပ်ကြတာတွေဘဲ ဖြစ်ပါတယ်။
KUSA အဖွဲ့အစည်းရှိနေခြင်းအားဖြင့် အမိမြေဖြစ်တဲ့ ကချင်ပြည်နယ်ကနေ ချင်းမိုင်မြို့မှာ တက္ကသိုလ်လာတက်ရောက်ကြတဲ့ ကချင်ကျောင်းသား/သူတွေအတွက် အရေးပေါ်ခက်ခဲနေတဲ့ အခြေအနေတွေမှာ ကျန်မာရေးပြဿနာဖြစ်စေ ငွေကြေးပြဿနာဖြစ်စေ အစစအရာရာ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးသွားနိုင်မှာ ဖြစ်တယ်လို့ KUSA အဖွဲ့က စီနီယာကျောင်းသား Sumlut Seng Li (ကိုဆွမ်လွတ်ဆိုင်းလီ) ကပြောပါတယ်။
“KUSAဆိုတာက ကချင်တိုင်းရင်းသား တက္ကသိုလ်ကျောင်းသားတွေဖြစ်တယ်။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို စည်းရုံးရေးမှာ အရမ်းအားစိုက်ရအုံးမယ်..ပြီးတော့အမိနိုင်ငံကနေ ချင်းမိုင်မြို့ကိုရောက်လာမဲ့ ကျောင်းသားညီငယ်၊ ညီမငယ်တွေကိုလည်း လက်တွဲခေါ်ဖို့ အရမ်းအရေးကြီးတယ်….အဓိကတော့ ကျနော်တို့ကျောင်းသားအဖွဲ့အစည်းတစ်ခုအနေနဲ့ ထိုင်းတွေရဲ့ကြားမှာဖြစ်စေ နိုင်ငံတကာဆက်ဆံရေးမှာဖြစ်စေ အမိနိုင်ငံမှာ မလုပ်နိုင်တဲ့အရာတွေကို ဒီကနေတက်နိုင်သလောက် ရပ်တည်ပြီး လုပ်ဆောင်ကြဖို့ ကျနော်တိုက်တွန်း ချင်ပါတယ်”လို့ သူကဆိုပါတယ်။
ဒါပေမယ့်လည်း KUSA အဖွဲ့အစည်းဟာ သက်တန်းနုပြီး လိုအပ်ချက်တွေအများကြီးရှိနေသေးတဲ့အတွက် မိဘပြည်သူတွေရဲ့ ဖေးမကူညီမှုတွေ လိုအပ်နေဆဲဖြစ်တယ်ဆိုပြီး သူက ဆက်ပြောပါတယ်။
ယခင်တုန်းက ချင်းမိုင်မြို့မှာ လူငယ်တွေတော့ရှိခဲ့ပေမယ့် တက္ကသိုလ်တက်တဲ့ သူတွေကတော့ အနည်းအကျင်းသာဖြစ်တဲ့အတွက် ခုလိုတက္ကသိုလ်ကျောင်းသားအဖွဲ့အစည်း မဖွဲ့စည်းနိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကာလမှာတော့ ချင်းမိုင်မြို့မှာ တက္ကသိုလ်တက်ရောက်တဲ့ ကချင်လူငယ်တွေများလာတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီကြဖို့ ခုလို KUSA ဆိုတဲ့ ကချင်တက္ကသိုလ်ကျောင်းသား အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့တာဘဲ ဖြစ်ပါတယ်။
KUSAအဖွဲ့အစည်းကနေပြီးတော့လည်း နောင်လာမယ့်အချိန်တွေမှာ ချင်းမိုင်မြို့တွင်းက လူငယ်တွေကို စည်းရုံးပြီး ပညာရေးအခွင့်အလမ်းရှာပေးတာတွေကိုပါ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုင်းပြည်နဲ့လူမျိုးအတွက် ပိုမိုကောင်းမွန်တိုးတက်လာအောင် ပညာရေးနဲ့ လိုအပ်တဲ့အရပ်မှာ စေတနာ့ဝန်ထမ်းအနေနဲ့ကြိုးပန်းထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
By – Hope