စစ်ပြေးဒုက္ခသည်များသတင်း

ဖားကန့်မှာ စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာပြီး စစ်ရှောင်အကူညီအရေးပေါ်လိုအပ်နေဆဲ

ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ  ထောင်ခန့်ရှိလာပြီး စစ်ရှောင်တွေအတွက် အရေးပေါ်အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ဘေးရှောင်  ထောင်ရှစ်ရာအထိသာရှိခဲ့ပေမယ့်  ၂၀ ရက်နောက်ပိုင်းမှာ စစ်ရှောင်ဦးရေ  ထောင်ခန့်ထိမြင့်တက်လာတာလို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

၁၉ ရက်နေ့ မတိုင်ခင်အထိတော့ စစ်ရှောင်  ထောင်ကျော်ပဲရှိသေးတယ်။ ဒီ ၂၀ ရက်နောက်ပိုင်း ပြည်သူတွေက နေ့တိုင်းလိုလိုရှောင်ကြတာ အခု  ထောင်လောက်ရှိသွားပြီ။ အခုတိမ်းရှောင်ကြတဲ့ထဲမှာ ဆိုင်းတောင်တစ်ခုထဲမကတော့ဘူး။ ဆိုင်းတောင်တိုက်ပွဲကြောင့်ဆိုရင် ဖားကန့်မြို့တွင်းပါမယ်။ ပြီးရင် ယူမာရှောင်ရင် မရှီကထောင်လည်းအကုန်ရှောင်ကြပြီ။ မြစ်ကြီးနားဘက်ကို ဆင်းသွားတဲ့ သူတွေတောင်အရမ်းများတယ်လို့ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်  ထောင်ကျော်ခန့်ကို ဖားကန့်မြို့နယ်ထဲက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်နဲ့ တောနေရာအပါအဝင် နေရာ  ၂၇ ခုသတ်မှတ်ပေးထားပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်  ထောင်ခန့်ထဲမှာ ဆိုင်းတောင်ကျေးရွာက ပြည်သူတွေအားလုံးနီးပါးပါဝင်ပြီး ဆိုင်းတောင်ကျေးရွာနဲ့ ထိစပ်တဲ့ စပေါ့၊ ယူမာ၊ မရှီကထောင် စတဲ့ ကျေးရွာက ပြည်သူတွေလည်း ပါဝင်တယ်ပြောပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ  စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တိုက်ပွဲစတင်လာတဲ့ စက်တင်ဘာ  ရက်ကနေ ကုန်ကားအဝင်မရှိတဲ့အတွက် မြို့ထဲ ကုန်စုံဆိုင်တစ်ချို့ကုန်ပစ္စည်း ပြတ်လပ်သွားတဲ့အပြင် ကုန်စုံဆိုင်ကြီးတွေအများပိုင်းလည်းပိတ်ထားပြီး လက်ကျန်ရောင်းနေသေးတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့မှာရှိတဲ့ ရေသန့်စက်ရုံတွေလည်း ယာယီပိတ်ထားတာကြောင့် သောက်သုံးရေပြတ်လပ်ဒဏ်ကိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါကြောင့် ငွေကြေးတတ်နိုင်တတ်နိုင်သူတွေလည်း ကုန်ပစ္စည်းဝယ်ယူနိုင်ဖို့ ခက်ခဲနေပြီး တစ်ဖက်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူထောင်ချီအတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်လို့ ဖားကန့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

အခုက ဘယ်ဖြစ်လာလဲဆိုတော့ ပိုက်ဆံရှိနေရင်တောင် အစားအသောက်ဝယ်စားနိုင်ဖို့ ခက်ခဲလာတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက အရမ်းများလာတယ်။ ဆိုင်ကြီးတွေက ပိတ်ထားတာများလာတယ်။ လူထောင်ချီစာအတွက်ဝယ်ယူဖို့ ခက်ခဲတယ်။ ပြီးရင် သောက်ရေသန့် ထုတ်တဲ့ စက်ရုံတွေပိတ်ထားလို့ သောက်ဖို့ ရေတောင်ခက်ခဲသွားပြီ။ နောက်တစ်ခုဆေးဝါး လုံးဝ ဝယ်ဖို့ အရမ်းခက်ခဲသွားပြီ ဆေးဆိုင်တွေ အကုန်ပိတ်ထားတယ်။ ဒီအချက်တွေက အခုလောလောဆယ်ကူညီပေးဖို့ လိုအပ်နေတာဖြစ်တယ်လို့ပြောပါတယ်။

KIO/KIA ဘက်ကနေ ဆေးဝါးတွေကို အရေးပေါ်အတွက်သာပြင်ဆင်ထားတာဖြစ်တဲ့အတွက် စစ်ရှောင်နေရာတွေမှာ နားမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်  ထောင်ခန့် အတွက် တိမ်းရှောင်နေတဲ့ ကျေးရွာအလိုက် တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့ လူမှုကူညီရေးတွေ ပူးပေါင်းပြီး လတ်တလောစားဝတ်နေအတွက် ဖြေရှင်းပေးနိုင်ပေမယ့် တိုက်ပွဲကာလ ဒီထက်ပိုပြီး ကြာမြင့်လာရင် အစားအသောက်ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးတဲ့ သူတွေကပြောပါတယ်။

လတ်တလောစစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ သောက်သုံးရေတွေအဓိက လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ဆိုင်းတောင်ကျေးရွာမှာ ဒေသခံပြည်သူတွေအားလုံး တိမ်းရှောင်သွားကြပြီးနောက် ကျေးရွာအဝင်ပေါက် အားလုံးကို KIA ပူးပေါင်းတပ်က ကြိုးသွယ်တန်းကာပိတ်ထားပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နေတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ထိ ဆိုင်းတောင်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဆက်တိုက်လုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။

မတ်လ  ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button