သတင်း

ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ သွားတဲ့ကားလမ်းကြီးကို စစ်ကောင်စီတပ်က ပိတ်ထားပြီး အကန့်သတ်နဲ့သွားလာခွင့်ပြုနေတယ်လို့  ဝိုင်းမော်နယ်ခံတွေဆီကနေ သိရပါတယ်။

ဝိုင်းမော်မြို့နယ် နေရာတစ်ချို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဝိုင်းမော်မြို့တွင်း ပြည်သူ့ဆေးရုံရှေ့နဲ့ မြို့အကျော် မုဒ်ဝလွှဲလမ်းဆုံမှာအဓိကပိတ်ထားတယ်လို့ ဝိုင်းမော်မြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ပြည်သူ့ဆေးရုံထိတော့သွားလို့ရတယ်လေး ဆေးရုံကိုကျော်ပြီးတော့ဟိုဘက်တော့သွားမရဘူးကြာပိတ်လမ်းပိတ်ထားတာ ဟိုဘက်ကလည်းလာလို့မရ ဒီမြို့ထဲကလည်းဟိုဘက်ကိုသွားလို့မရအခက်တွေ့နေကြတယ် မပိတ်ထားသင့်ဘူးလို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

မတ်လ  ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ရှေ့တန်းစခန်းတွေဖြစ်တဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် မြို့အနီးဝန်းကျင်ရှေ့တန်းစခန်းအားလုံးနီးပါး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းအကျော် မြို့အထွက်နေရာ၊ ခတ်ချို၊မုတ်လွှဲလမ်းဆုံနေရာတွေမှာ ပေပါပုံး၊သံဆူးတွေနဲ့ပိတ်ထားပြီး အကန့်သတ်နဲ့သာသွားခွင့်ပြုနေတယ်လို့ ကားသမားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

ပုံမှန်သွားခွင့်တော့ မရှိဘူး အချိန်ပိုင်းခနတစ်ဖြုတ်ဖွင့်ပေးတယ် နေ့လည်လောက်ဆို ခနတစ်ဖြုတ်ဖွင့်တယ် ဝိုင်းမော်ကနေ မုတ်လွှဲလမ်းခွဲမှာ အထိုင်ချထားတယ်။ အဲမှာဆို မှတ်ပုံတင်စစ်သလားမမေးနဲ့ မှတ်ပုံတင်မပါတဲ့သူဆို ရွာဘက်တွေဝင်လို့မရဘူး။ ပြီးတော့ မိန်းမတွေဆိုအဲလောက် မစစ်ဘူးစစ်ကောင်စီဘက်က ခုလိုလမ်းပိတ်ထားပြီး အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေတဲ့အပြင် ရွှေညောင်ပင်၊ စန်းကား၊ခတ်ချို၊ နောင်ဟီး၊အောင်မြေ  စတဲ့ကျေးရွာနေပြည်သူတွေဟာ မိမိရပ်ရွာကို ခနတစ်ဖြုတ်ပြန်သူတွေကိုလည်း မှတ်ပုံတင်ပါမှ ဝင်ခွင့်ပြုတယ်လို့သူကဆက်ပြောပါတယ်။

ခုလို ဒေသခံတွေအဓိကသွားလာနေတဲ့ လမ်းမကြီးတွေကို ပိတ်ထားတဲ့အတွက် သွားရေးလာရေးအခက်ကြုံနေကြရသလို စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်ဧရာဝတီမြစ်ကူးတံတားမှာလည်းပုံမှန်ထက် အစစ်အဆေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေအားလုံးကို KIAKPDF ပူးပေါင်းတပ်တွေက ဇွန်၊ဇူလိုင်လတုန်းက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်ဂိတ်သာကျန်ရှိတော့တာကြောင့် မြို့ဝင်မြို့ထွက်ကို တင်းကြပ်နေတာ ဖြစ်ပါတယ်။

လတ်တလော စစ်တပ်ကပိတ်ထားတဲ့ လမ်းမကြီးဟာ ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာဟာ မြို့အစွန်မှာရှိတဲ့ရွာဖြစ်ပြီး ကျေးရွာနေပြည်သူတွေအများပိုင်းက မတ်လ  ရက်နေ့နောက်ပိုင်း တစ်ခြားနေရာတွေမှာ တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button