တိုက်ပွဲသတင်း

ပင်လည်ဘူးမြို့ကို  KIA ပူးပေါင်းတပ် ဒုတိယအကြိမ်ထပ်သိမ်းပိုက်

တစ်လကျော်ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့  ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း နှစ်တိုင်းမြို့သိမ်း တိုက်ပွဲဖော်ဆောင်နေတာ  ကြိမ်တိုင်တိုင်ရှိခဲ့ပြီး ဒီတစ်ကြိမ်ဟာ မြို့အလုံးစုံသိမ်းပိုက်တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်  နိုဝင်ဘာလမှာ ပင်လည်ဘူးမြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ ပထမကြိမ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရက်ပိုင်းအတွင်းမှာဘဲ စစ်တပ်ဘက်က လေကြောင်း၊မြေပြင်စစ်ကြောင်းနဲ့တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် KIA ပူးပေါင်းတပ် နောက်ဆုတ်ပေးလိုက်ရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ် တဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမေယ့် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲဟာ တစ်လကျော် တစ်ဖြတ်ရပ်နားသွားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ KIA ပူးပေါင်းတပ်ဟာ မြို့သိမ်းတိုက်ပွဲထပ်မံဖော် ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း မြို့သိမ်းနိုင်တာမရှိခဲ့ပါဘူး။

အဲဒီနောက်  လအကြာ ဩဂုတ်လ ၁၄ ရက်နေ့ မှာ KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲထပ်မံဖော်ဆောင်လာရာကနေ တစ်လကျော်အကြာ အောက်တိုဘာ  ရက် မနက် ၅နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းလိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဟုတ်တယ် ပြီးခဲ့နှစ်က တစ်ခါရပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်လက် လွှတ်လိုက်ရတယ်။ ဒီတစ်ခေါက်ကျတော့ သူတို့ဘက်ကလည်း ထိခိုက်သေဆုံးမှုအရမ်းများ သွားပြီ လက်လွှတ်စရာအကြောင်းလည်းမရှိဘူး။” လို့ ပြောပါတယ်။

ဩဂုတ်လ   တစ်ဖန်စတင်ခဲ့ ဒီတစ်ကြိမ်တိုက်ပွဲမှာ တစ်လအတွင်း စစ်တပ်က လေကြောင်းနဲ့  ကြိမ်တိတိ စစ်အင်အားဖြည့်တာ၊ရိက္ခာပို့ခဲ့ပါတယ်။ ဒါပေမယ့် ပထမအကြိမ် ဩဂုတ်လ ၃၀ ရက်နေ့ လေကြောင်းနဲ့လာရောက်ပို့ဆောင်သွားတဲ့ စစ်ကြောင်းအပါအဝင် စစ်ကြောင်းအားလုံးကို KIA ပူးပေါင်းတပ် တိုက်ခိုက်ချေမှုန်းပြီး စစ်သုံ့ပန်း ၈၀ ကျော်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ပထမလာပို့တဲ့စစ်ကြောင်းက တစ်ကြောင်းလုံး လက်နက်ချအလင်းဝင်တယ်။ ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်းက အရှင်ဖမ်းမိတာရှိတယ်။  ခုမြို့သိမ်းတဲ့အထိဆို အနည်းဆုံး  စစ်သုံ့ပန်း ၁၂၀ ကျော်လောက်ပြီ အသေးစိတ်တော့မသိရသေးဘူးလို့ ပင်လည်ဘူးကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က Y12  နဲ့ တစ်ရက်ကို  ကြိမ်ပုံမှန်ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဟာ အရင်တိုက်ပွဲတွေထက် ၂ ဆပြင်းထန်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတစ်လကျော်အတွင်း မြို့အနီးကာကင်းစခန်းတွေအားလုံးရရှိပြီဖြစ်ပေမယ့် မြို့တွင်း ရဲစခန်းနဲ့ အာရှဘဏ်ကုန်းမှာသာ စစ်ကောင်စီတပ်ဖွဲ့ကျန်ရှိနေတာဖြစ်ပြီး ဒီနေ့ မနက်မှာ ရဲစခန်းနဲ့ကျန်နေတဲ့ စစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်ထား နိုင်ပြီဖြစ်ပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အညာဒေသ မကွေးမြို့စောင့်တပ်အပြင် ဘုန်းဘုန်းဝါသဝရဲ့ပြည်သူ့စစ်အဖွဲ့၊ ရှမ်းနီတပ် SNA ၊ပျူစောထီးအစရှိတဲ့ စစ်တပ်လက်အောက်ခံ တပ်ဖွဲ့ အင်အားအလုံးအရင်းအသုံးပြုခဲ့ပေမယ့် လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း၊လက်နက်ခဲယမ်းများစွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိပေမယ့် လက်ရှိ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ရှိနေတာကြောင့် အသေးစိတ်သိရဖို့ခက်ခဲနေပါတယ်။

ဒါ့အပြင် ဆပ်ပြာခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူခွက် ၇၀ ကျော်လည်းသိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။

ပင်လယ်ဘူးမြို့  ရှေ့ဘက်မှာ ဝန်းသို  တောင်ဘက် ကောလင်း၊ ကျွန်းလှ   နောက်ဘက်် ဖောင်းပြင်  မြောက်ဘက်် ဗန်းမောက်မြို့နယ်တို့နှင့်ဆက်စပ်နေပြီး ကသာခရိုင်အတွင်းတည်ရှိပါတယ်။

၂၀၁၉ လူဦးရေ စာရင်းအရ ပင်လယ်ဘူး မြို့ ပေါ်တွင်လူဦး ရေ ၅၈၀၀ ဦး ကျော်၊ ကျေးလက်တွင် လူဦး ရေ ၇၉၀၀၀ ကျော် နေထိုင်တယ်လို့သိရပါတယ်။

ဒါပေမယ့် မြို့ခံပြည်သူတွေက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအများပိုင်း မြို့စွန့်ခွာသွားကြပြီး မြို့အနီးဝန်းကျင်ရွာတွေက ပြည်သူတွေတစ်ချို့သာကျန်ရှိနေတာဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button