သတင်း

ဆေးဝါးသယ်ယူဖို့ ခွင့်ပြုချက်ပါပေမဲ့ နှစ်ဖက်တပ်ဆီအခွန်ဆောင်နေရဆဲ

မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ဆေးဝါသယ်ယူဖို့ ခွင့်ပြုချက်ထောက်ခံစာပါပေမဲ့ နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အခွန်ပေးဆောင်နေရဆဲဖြစ်တယ်လို့ မြစ်ကြီးနားမန္တလေး ကားသမား တွေကပြောပါတယ်။

မြစ်ကြီးနားမန္တလေး ဗျူဟာလမ်းမကြီးက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် မြို့ရှောင်လမ်းကနေ ကားအသေးနဲ့ပဲ ပြေးဆွဲနေရတဲ့ ဒီလမ်းပိုင်းမှာ နှစ်ဖက်လက်နက်ကိုင်ဂိတ် ၁၀ ခုထက်မနည်းရှိပြီး ဆေးဝါးသယ်ယူခွင့် ထောက်ခံစာပါပေမဲ့ ပေးဆောင်ရတဲ့အခွန်ကများနေဆဲဖြစ်တယ်လို့ ကားသမားတစ်ယောက်က ပြောပါတယ်။

အဆိုးဆုံးကတော့လူသုံးဆေးဝါးတွေပေါ့ဗျာ။ ကျနော်တို့မှာ လိုင်စင်တွေအကုန်ပါတယ်။ လိုင်စင်ဆိုတာ က မြစ်ကြီးနားမှာဖွင့်ထားတဲ့ ဆိုင်လိုင်စင်ရှိမယ်။ မန္တလေးကနေတင်ပေးပါတယ်ဆိုတဲ့ ထောက်ခံစာရှိမယ်။ ကချင်ပြည်နယ်က ခွင့်ပြုပါတယ်ဆိုတာလည်းပါတယ်။ အဲ့တာကို နှစ်ဖက်လုံးက မရဘူးလို့ပြောတာလို့ပြောပါတယ်။

အခွန်ဆောင်ရတဲ့ငွေကြေးပမာဏဟာ ပုံမှန်မရှိပေမဲ့  ကျပ်  သိန်းကနေ  သိန်းဝန်းကျင်အထိ  ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။

တစ်ဖက်မှာ ဆေးဝါးအပြင် ကားအပိုပစ္စည်းသယ်ယူရင်လည်း အခွန်ဆောင်နေရပြီး အခုလို နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတာများပြားတဲ့အတွက် ဆေးဝါးဈေးနှုန်းတွေက ပိုပြီးမြှင့်တက်လာ တာလို့ ကားသမားတွေကသုံးသပ်ကြပါတယ်။

နှစ်ဖက်တပ်လုံးကဒီလိုလုပ်တော့ မြစ်ကြီးနားမှာဆေးဝါးတွေကဈေးတက်ကုန်တာ။ နောက်ထပ်ဆေးဝါး အပြင် ကန့်သတ်ချက်များတာက ကားအပိုပစ္စည်းတစ်ချို့ပေါ့။ ကားအပိုပစ္စည်းကတော့ ဘာလို့လည်းမသိ ဘူး သေချာလည်းနားမလည်ဘူး။လို့ကသမားတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အရေးကြီးကုန်စည်လို့သတ်မှတ်ထားတဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီးတော့ ပို့ကုန်ရငွေပြနိုင်မှ တင်သွင်းခွင့်ပြုမယ်လို့ မူဝါဒချမှတ်ခဲ့ပါတယ်။

အဲ့ဒီလို အခြေနေတွေကြောင့် ဆေးဝါးပိုရှားပါးတာ၊ ဈေးမြှင့်တက်တာတွေဖြစ်လာနိုင်တယ်လို့ ဆေးဝါးလုပ်ငန်းရှင်တွေကသုံးသပ်ခဲ့ကြပြီး ပြည်တွင်းဆေးဝါးသယ်ယူရာမှာလည်း အခုလို နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံမှုတွေကြောင့် ဆေးဝါးဈေးနှုန်းပိုမိုမြှင့်တက် လာတာလို့ကားသမားတွေကပြောပါတယ်။

မြစ်ကြီးနားမန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင်  စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းပိုင်းနေရာတစ်ချို့ဖြတ်သန်းသွားလာလို့ မရတဲ့ အခြေနေရှိနေတာဖြစ်ပါတယ်။

လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေးတွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ်ကတည်းကဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button