သတင်း

အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ

စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA အင်းတော် PDF ABSDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အင်းတော်မြို့ပေါ်အထိရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက  စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ အင်းတော်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

အခုကနှစ်လကျော်ပြီစစ်ရှောင်နေတာ တစ်လလောက်အထိကတော့မသိသာဘူး ခက်ခဲမှန်း ကြာလာတော့ တစ်နေ့တစ်နေ့ ဘာစားလို့ဘာသောက်ရမှန်းမသိဖြစ်နေကြတာ။ ရွာတွေကလည်းဒီလောက်အကြာပြီးမကျွေးနိုင်ဘူးလေ တစ်ချို့ လူငါးယောက်လောက်ကိုနို့ဆီဗူးနှစ်ဗူးသုံးဗူးလျော့စားနေရတယ်။ တချို့ဆန်ပြုတ်သောက်ရတဲ့ဘဝရောက်နေကြပြီဗျ။ ကျန်တာမထောက်ပံတောင်ဆန်လေးတော့တတ်နိုင်တဲ့လူဝင်ပြီးကူညီကြပါရှင့်လို့ အသက် ၄၀ ကျော်အရွယ်အင်းတော်မြို့ခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

လတ်တလော စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာတွေဟာ နားနောင်၊ ကျော်ရွာ၊ နားသဲ၊နဘား၊ နန့်ကင်စတဲ့ရွာပေါင်း ၂၀ ကျော်ဝန်းကျင် ပြည်သူ သောင်းဂဏန်း မော်တိတ်ဒေသ အောင်းကုန်း၊နန့်သာ၊ အင်ပင်စတဲ့ကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ခက်ခက်ခဲခဲနဲ့စစ်ရှောင်နေကြပြီး စက်တင်ဘာလစလို့ ရာသီတုပ်ကွေးဖျားနာသူတွေများလာတာကြောင့် ဆေးဝါးအကူအညီတွေလည်း အရေးပေါလိုအပ်နေတယ်လို့ အင်းတော်မြို့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

အားလုံးနီးပါးကမော်တိတ်ဒေသထဲ ရှောင်နေကြတာပဲ ဒီချိန်မော်တိတ်ဒေသကအေးနေပြီရာသီကူးရောင်းဆိုတော့ ဖျားတဲ့လူဖျား နှာစေးချောင်းဆိုးကတော့ကလေးလူကြီးအားလုံးဖြစ်နေကြတာ ဆေးကပါရာတောင်မရနိုင်ဘူး ဒီကသမားတော်တွေပေးတဲ့သစ်ဥသစ်ဖုတွေပြုတ်သောက်နေရတာပါ့လို့ ပြောပါတယ်။

အင်းတော်မြို့နယ်ထဲဆေးဝါးသယ်ယူမယ်ဆိုခွင့်ကို အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွေ ခွင့်ပြုချက်ပြရမှသာ သယ်ခွင့်ရနေတာဖြစ်လို့ အင်းတော်နယ်ထဲဆေးဝါးသယ်ယူဖို့ခက်ခဲနေပြီး ဝယ်ယူဖို့လည်းခက်နေတယ်လို့ သိရပါတယ်။

အင်းတော်မြို့ကို စစ်ကောင်စီတပ်ကထိန်းထားဆဲဖြစ်တဲ့အတွက် မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ ရွာထဲ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေဝင်ရောက်သယ်ယူဖို့ ခက်ခဲနေတာကြောင့် အကူအညီများစွာလိုအပ်နေတာလို့ ဆိုပါတယ်။

အင်းတော်မြို့ ရဲစခန်းကို ပြီးခဲ့တဲ့သြဂုတ်လက တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်သိမ်းထားပြီး လက်ရှိ အင်းတော်မြို့တွင်းအထိုင်တပ်စစ်တပ်ကုန်းတစ်ခုနဲ့မြို့နီး ဂျပန်လှိုင်ဂူသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

အင်းတော်မြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိပြီး မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်ရှိကာ စစ်ရေးအရ အချက်ချာကျတဲ့မြို့နယ်ဖြစ်ပါတယ်။

 By – Zaw Zaw

Show More

Related Articles

Back to top button