သတင်း

အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ်

မြစ်ကြီးနားမန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ  ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။

နိုဝင်ဘာ  ရက်နေ့ ပြန်ပိတ်လိုက်တာ တပ်ဘက်ကပိတ်တာဗျ။ ဘာကြောင့်ဆိုဒီတိုင်းပဲရုတ်တရက်ပိတ်ချလိုက်တာ လောလောဆယ်နားစွင့်ရသလောက်အဲ့ဘက်မှာတိုက်ပွဲလည်းပြန်ဖြစ်လာတယ်လို့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း ကားလိုင်းပြေးဆွဲနေတဲ့ အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လစပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အင်းတော်မြို့နယ်ထဲရှိ မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ အသွားအလာပိတ်လိုက်တဲ့နောက် မြို့ပတ်လမ်းကိုအသုံးပြုနေတာ ခုဆိုရင်  လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒီလမ်းပိုင်းဟာ အညာဒေသဘက်ကနေ ကချင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို အဓိက သယ်ယူနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်တပ်ဘက်က ကားလမ်းပိုင်းပိတ်လိုက်ရတဲ့အကြောင်းအရင်းအသေးစိတ်မသိရပေမယ့် မြို့ပတ်လမ်းပိုင်းကို နိုဝင်ဘာ  ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ထိ (၁၅)ကြာပိတ်ထားမယ်လို့ သိရပါတယ်။

မြစ်ကြီးနားမန္တလေးကားလမ်းပိုင်း အင်းတော်မြို့ရှောင်လမ်းကို စစ်ရေးအရ တစ်ရက်(သို့မဟုတ်နှစ်ရက်ကြာပိတ်ထားတာမျိုးတော့မကြာခနရှိပေမယ့် အခုလိုရက်ရှည်ပိတ်တာမျိုးတော့မရှိဘူးလို့ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပိတ်တာတော့ပိတ်တယ်ပိတ်ပေမယ့် ကားတော့ဒီမနက်ထိထွက်သွားကြတယ် ခါတိုင်းလို တစ်ရက် နှစ်ရက်လောက်ပဲပိတ်မယ်ထင်တာပေါ့ လမ်းရောက်မှ ကြာမယ်လို့သိရတော့အခုလမ်းမှာပိတ်မိနေကြတယ်။ စောင့်နိုင်တဲ့လူကလမ်းမှာစောင့်တချို့လှည့်ပြန်တဲ့လူလည်းရှိမှာပဲလို့ သူကပြောပါတယ်။

မြစ်ကြီးနားမန္တလေးမိန်းလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲကို ကုန်စည်အဝင်မရှိတဲ့အပြင် ကားလမ်းပိတ်ထားတာအချိန်ကြာမြင့်သွားရင် ကုန်စည်ပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။

မန္တလေးမြစ်ကြီးနားကားလမ်းမကြီးကိုတော့ သြဂုတ်လကတည်းက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့်ပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။

ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေး တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ဘက်ကို အညာဒေသနဲ့ တရုတ်နိုင်ငံဘက်ကနေ  အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်အဓိက ဝင်ရောက်တာလည်းဖြစ်ပါတယ်။

သို့သော် လတ်တလော တရုတ်နယ်စပ်ဂိတ်အားလုံးကိုလည်း တရုတ်ဘက်က ပိတ်လိုက်တဲ့အပြင် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း အင်းတော်မြို့နယ်ထဲက တစ်ခုတည်းသွာလာလို့ရနေတဲ့ မြို့ပတ်လမ်းကိုလည်းပိတ်လိုက်တာကြောင့် အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းလာနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button