သတင်း

KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းမှုကြောင့် ကချင်အထူးဒေသ ၁ နယ်မြေကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဦးအားတီယောဟန်ပြော

ကချင်အထူးဒေသ ၁ နယ်မြေကိုအချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဘက်က KIA ရဲ့စည်းရုံးမှုအပေါ် အမြင်မှန်ရပူးပေါင်းခဲ့တာကြောင့်ဖြစ်တယ်လို့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးအားတီယောဟန်ကပြောပါတယ်။


ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ကချင်အထူးဒေသ ၁ နယ်မြေအတွင်းမှာ ရှိတဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် စတဲ့နယ်မြေတွေထဲက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့နယ်ခြား စောင့်တပ်တွေရဲ့ တပ်စခန်းတွေကို အချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့သလို တစ်ချို့စခန်းတွေဟာ ပစ်ခတ်မှု မရှိဘဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဗမာစကားပုံရှိတဲ့အတိုင်းပဲ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင် ဓားသွားလည်းကြွေ လှံသွားလည်း ခွေဆိုသလို ပါပဲ။ နှစ်ပေါင်းများစွာအာဏာရှင်စနစ်လက်ဝါးကြီးအုပ်စနစ်ကို ပြည်သူလူထုမကြိုက်လို့သော် လည်းကောင်း၊ ဌာနေပြည်သူ့စစ်ခေါင်းဆောင်များက ပြည်သူ့အကျိုးရှေးရှုပြီးတော့ ကျနော်တို့ရဲ့ စည်းရုံး တာကိုအမြင်မှန်ရ ပူးပေါင်းလာတာကြောင့် အချိန်တိုအတွင်းနယ်မြေစိုးမိုးမှုရခဲ့တာလို့ ဒီလိုပဲမြင်ပါတယ်။လို့ဦးအားတီယောဟန်ကပြောပါတယ်။

ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေကို အဖွဲ့ပေါင်းစုံက ဘက်ပေါင်းစုံကဏ္ဍပေါင်းစုံကနေ စည်းရုံးဖို့ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် ဌာနေပြည်သူ့စစ်နဲ့နယ်ခြားစောင့်တပ်ဖွဲ့တွေကို စစ်ဆင်ရေးမတိုင်ခင် ၆ လလောက်အချိန်ယူပြီး စည်းရုံးခဲ့တယ်လို့ ဦးအားတီယောဟန်ကပြောပါတယ်။

ကျနော့်ရဲ့အခန်းကဏ္ဍကနေဆိုရင် နှစ်ပေါင်းများစွာမှိုင်းတိုက်ပြီးမှ ကျနော်တို့ကချင်မျိုးနွယ်စုတွေကိုမှိုင်း တိုက်ထားတဲ့အတွက် အချိန်ကို စစ်ဆင်ရေးမတိုင်ခင်  လလောက် ကြိုတင်ပြီးမှစည်းရုံးခဲ့ရပါတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ချီဖွေမြို့နယ် ဖီမော်မြို့ကို သိမ်းပိုက်အပြီးမှာ ဦးအားတီယောဟန်ဟာ ကန်းဖန့်ကျေးရွာကပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။

ဦးအားတီယောဟန်ဟာ အာဏာမသိမ်းခင် NLD အစိုးရသက်တမ်းတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ဟောင်းအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန် နေသူတစ်ဦး ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှာတေ့ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်က သူ့ရဲ့နေအိမ် ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၂ (က) ဖြင့် ချိပ်ပိတ်ခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ နီးပါး ကချင်အထူးဒေသ ၁ နယ်မြေ နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ပေါင်း ၅ မြို့ထဲက ကံပိုင်တည်မြို့မှလွှဲပြီး ကျန်တဲ့မြို့၊ နယ်မြေတွေအားလုံး KIA ၂ လအတွင်း သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button