သတင်း

ဆိုင်ကယ်ပျောက်သံသယနဲ့ ပကဖလက်ထဲမှာသေဆုံးသွားတဲ့ အမျိုးသားအမှု ကျပ်သိန်း ၁၅၀ နဲ့ကျေအေး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ဆိုင်ကယ်ပျောက်မှုသံသယနဲ့ အင်းတော်ပကဖရဲ့ ဖမ်းဆီးစစ်ဆေးခံရချိန် သေဆုံးခဲ့ရတဲ့ အမျိုးသားအမှုအတွက် ကျန်ရစ်တဲ့မိသားစုကို ကျပ်သိန်း ၁၅၀ ပေးကျေအေးလိုက်တယ်လို့ ဒေသခံတချို့က KNG ကိုပြောပါတယ်။

ငွေပေးကျေအေးခိုင်းသူဟာ ကသာခရိုင်ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တာဝန်ခံဖြစ်ပြီး သေဆုံးသူကိုဇော်ထွေးရဲ့ ဦးလေးတော်စပ်သူဖြစ်တယ်လို့ သိရပြီး ဖြစစဥ်ဖြစ်ပြီး‌နောက်ူ ရက်ပိုင်းအကြာမှာပဲ နှစ်ဖက်ညှိနှိုင်းလိုက်တာလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။

သေသွားတဲ့သူက ကသာခရိုင်ပအဖတာဝန်ခံ သူ့ရဲ့တူလေးပေါ့နော်။ အဲ့တာသူက ကြားထဲကနေ ပကဖနဲ့သေဆုံးတဲ့ မိသားစုဝင်တွေနဲ့ညှိနှိုင်းပြီးတော့ သိန်း ၁၅၀ လျှော်ကြေးပေးလိုက်တယ်တဲ့လို့ပြောပါတယ်။

ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈နာရီဝန်းကျင်တွင် အင်းတော်ပကဖ(ပြည်သူ့ကာကွယ်ရေး) အဖွဲ့ဟာ မော်တိတ်ကျေးရွာက ကိုဇော်ထွေးဆိုသူကို ဆိုင်ကယ်ပျောက်သံသယမှုနဲ့ လာခေါ်သွားတဲ့နေ့ ညသန်းခေါင်ယံ ၁ နာရီဝန်းကျင်မှာ‌ တော့ ကိုဇော်ထွေးသေဆုံးသွားပြီဖြစ်ကြောင်းနဲ့ အလောင်းလာထုတ်ဖို့ အကြောင်းကြားလာခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆိုင်ကယ်ပျောက်သံသယနဲ့ဖမ်းဆီးခံရပြီး ပကဖလက်ထဲမှာသေဆုံးသွားရတဲ့ ကိုဇော်ထွေးဆိုသူဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဦးခေါင်းဒဏ်ရာ၊ တစ်ကိုယ်လုံးအနှံ့ညိုမဲဒဏ်ရာများနဲ့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီအခြေနေနဲ့ပတ်သက်လို့ အမျိုးသားညီညွှတ်အစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ငွေပေး ကျေအေးတဲ့အခြေနေကိုတော့ မသိရသေးကြောင်းနဲ့ ကိုဇော်ထွေးသေဆုံးမှုနဲ့ပတ်သက်တဲ့တာဝန်ခံကိုစစ်ဆေးနေကြောင်း အကြောင်းပြန်ပါတယ်။

ငွေကြေးနဲ့ကျေအေးတယ်အထိတော့ကျနော်တို့မသိထားဘူး။ ကျနော်တို့သိထားတာကတော့ ပကဖ ဒုတာဝန်ခံကို ထိန်းသိမ်း ထားတယ်။နောက်ပြီးတော့ စစ်ဆေးမေးမြန်းနေတယ်လို့ဘဲသိထားတယ်။ ငွေကြေးနဲ့ကျေးအေးတယ်ဟုတ်မဟုတ် ကတော့ ကျနော်မသိသေးဘူး။ ပြန်မေးကြည့်ရအုံးမှာလို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

ကိုဇော်ထွေးသေဆုံးစဥ်မှာတော့ ဇနီးဖြစ်သူနဲ့ အသက် ၅ နှစ်၊ ၉ နှစ်အရွယ် သားဖြစ်သူတို့ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

သံသယရှိသူကိုဇော်ထွေး သေဆုံးခဲ့ရတဲ့ဒီအမှုနဲ့ပတ်သက်လို့ ဒေသခံတွေကတော့ ဟန်ပြမဟုတ်တဲ့ထိထိရောက်ရောက် အရေးယူမှုတွေလုပ်သင့်ကြောင်းနဲ့ မြေပြင်မှာရှိတဲ့တာဝန်ရှိသူတွေအနေနဲ့လည်း စည်းကမ်းပိုင်းပိုထိန်းညှိပေးဖို့လိုလားကြောင်း KNG ကို ပြောပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်ကိုင်းကချင်အစပ်မှာရှ်ိပြီး ၂၀၂ ခုနှစ် ဧပြီလမှာ အမှတ် () စစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပြီး NUG အစိုးရအောက် အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ ၇ လနီးပါးရှိလာပြီဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button